BREAKING
November 3, 2025

သတင်း

တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ

Dawei Watch

July 13, 2023

တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို‌တွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်‌ရေးတာဝန်ခံက ပြောသည်။ တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။ ၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် […]

ထားဝယ် ဇဟာရွာအနီးတွင် စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရ

Dawei Watch

July 13, 2023

ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီးကို DGRF က ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၂ရက်တွင် ထုတ်ပြန်ထားသည်။ ဇဟာရွာအခြေစိုက် အမြောက်တတပ် (၃၀၂) တပ်ရင်းက ရေး-ထားဝယ်ကားလမ်းအတိုင်း ထွက်လာသည့် စစ်ကောင်စီတပ်ကားကို Dawei Guerrilla Revolutionary Force-DGRF၊ တပ်ခွဲ ၂ (ထားဝယ်-ပကဖ) က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကျည်ဆန်ထိမှန်ခဲ့ပြီး ကားမှာ လမ်းဘေးထိုးဆင်းသွားကြောင်း ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်။ လက်နက်သွားကောက်ရန် ကားအနီးသို့ ချဉ်းကပ်စဉ် ‌အမြာက်တပ်ရင်းထဲက စစ်ကောင်စီတပ်သားများက လယ်ကွင်းကို ဖြတ်ပြီး စစ်ကူလာခြင်းနှင့် DGRF အဖွဲ့ဘက်က လက်နက်ချို့ယွင်းမှုဖြစ်သွားသဖြင့် ပြန်လည်ဆုတ်ခွာလာရကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက […]

ဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် တော်ဝင်ဥပဒေပြင်ဆင်ရေးနှင့် ပက်သက်၍ ငြင်းခုံနေ

Dawei Watch

July 13, 2023

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ရွေးကောက်နိုင်ရေး ကျင်းပနေသော လွှတ်တော်အတွင်း တော်ဝင်ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အနိုင်ရ Move Forward ပါတီနှင့် အတိုက်အခံပါတီများ၊ အထက်လွှတ်တော်အမတ်များ ငြင်းခုံမှုများ ဖြစ်ပေါ်နေကြကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ တော်ဝင်ဥပဒေပုဒ်မ ၁၁၂ သည် ဘုရင်နှင့် ဖိဖုရားများကို ဝေဖန်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သော ဥပဒေဖြစ်သည်။ Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူး Chaitawat Tulathon က ပြည်သူ ရာနှင့်ချီ တရားစွဲခံထားရသည့် တော်ဝင်ဥပဒေကို မပြင်ဆင်နိုင်ပါက နောင်တွင် ပြည်သူများအတွက် ချိန်ကိုက်ဗုံးတစ်ခု ဖြစ်လာမည်ဟု ပြောဆိုခဲ့သည်။ Democrat ပါတီ၏ လွှတ်တော်အမတ် Chaichana Dejdecho က “Move Forward ပါတီက […]

မောင်းမကန်နယ်မြေရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

July 13, 2023

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်း ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲကျော်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နံနက် ၃ နာရီခွဲကျော်မှ ၄ နာရီခွဲခါနီးအထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။ မောင်းမကန်နယ်မြေရဲစခန်းဘက်က ပစ်ခတ်သံများကြားရပြီးနောက် မောင်းမကန်ကမ်းခြေ ပင်လယ်ပြင်သို့ စစ်သင်္ဘောတစ်စီး ရောက်ရှိလာကြောင်း ကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ပစ်သံတွေ ကြားပြီးတာနဲ့ စစ်သ‌င်္ဘောရောက်လာတာပဲ။ ကျွန်တော်ထင်တာ ရဲစခန်းကိုလာပစ်လို့ပဲ ရောက်လာတာလားပေါ့လေ” ဟု ၎င်းက ဆိုသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ မောင်းမကန်နယ်မြေရဲစခန်းသည် မောင်းမကန်မှ ပန်းတင်အင်းရွာသွားသည့်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် […]

ဝန်ကြီးချုပ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့တွင် လုံခြုံရေးအတားအဆီးများချထား

Dawei Watch

July 13, 2023

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် Move Forward ပါတီခေါင်းဆောင် ပီထာကို ဝန်ကြီးချုပ်ဖြစ်မဖြစ် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းက မဲပေးရွေးချယ်နေကြပြီဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ပြည်သူအားလုံး စောင့်ကြည့်ပေးဖို့ ထိုင်းဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ယမန်နေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့၌ ဆန္ဒပြလှုံ့ဆော်ထားခဲ့ကြသည်။ Move Forward ပါတီကလည်း ဘန်ကောက်မြို့ကထောက်ခံသူများကို လွှတ်တော်ရှေ့သို့ လာရောက်လေ့လာ၍ မဲရလဒ်ကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားသည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း လွှတ်တော်ပတ်ဝန်းကျင်တွင် ဇူလိုင်လ ၁၂ ရက်မှ ၁၅ […]

လောင်းလုံး ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီးရှို့လိုက်ကြောင်း ဒေသခံအချို့ကပြောသည်။ စက်သုံးဆီဆိုင်တစ်ဆိုင်၊ ပျဉ်ထောင်အိမ်တစ်လုံးနှင့် အခြားအိမ်‌တစ်ဆောင် စုစုပေါင်းသုံးဆောင် မီးရှို့ခံထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမီးရှို့ခံရတဲ့အိမ်တွေက ရွာပြင်မှာရှိတဲ့အိမ်တွေပါတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ရွာသားအချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းပြီး သံသယရှိသူများကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ လူ‌ဦးရေမည်မျှ ဖမ်းဆီးခံထားရသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ရွာထဲတွင် လူအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း ဆက်လက်ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က နခံတောကျေးရွာရှိ တောင်ထိပ်တစ်နေရာသို့ရောက်လာပြီး တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နခံတောရွာနှင့် တဆက်တည်းရှိသည့် ခမောင်းတောင်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် […]

ယူကရိန်း၏ ရုရှားကျူးကျော်စစ်‌ ခုခံရေးလုပ်ငန်းစဉ်ကို အချိန်အကန့်အသတ်မရှိ ပံ့ပိုးသွားရန် နေတိုးသဘောတူ 

Dawei Watch

July 12, 2023

မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ (နေတိုး – NATO) ဝင် နိုင်ငံများက မည်မျှပင် အချိန်ယူရပါစေ ၊ ယူကရိန်း၏ ရုရှား ခုခံရေး ခရီးစဉ်တစ်လျှောက် ပံ့ပိုးကူညီမည်ဟု ကတိပြုထားကြောင်း ဇူလိုင် ၁၂ ရက်နေ့ က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ယန်စ် စတိုလ်တန်ဘာ့ဂ် က ကြေညာခဲ့သည်။ လစ်သူယေးနီးယား နိုင်ငံ ၊ မြို့တော် ဗေးလ်နီးယပ်စ် မှာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း နေတိုး အဖွဲ့၏ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ ဘိုလိုဒီမာ ဇယ်လန်စကီ တို့ တွေ့ဆုံခဲ့ကြသည်။ အပိုင်းသုံးပိုင်းပါဝင်သော ၊ ယူကရိန်းကို နေတိုးနှင့် ပိုမိုနီးကပ်စေမည့် အစီအစဉ် အရ “နေတိုး-ယူကရိန်းကောင်စီအသစ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ယူကရိန်းကို ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်လာရေး […]

MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူ UOB ဘဏ်ကပိတ်သိမ်းသွားမည်ဟုဆို

Dawei Watch

July 12, 2023

စင်္ကာပူအခြေစိုက် ဘဏ်တစ်ခု ဖြစ်သည့်  United Overseas Bank (UOB) သည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (Myanmar Airways International – MAI) နှင့် သက်ဆိုင်သည့် ဘဏ်အကောင့်များအားလုံးကို သြဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ MAI လေကြောင်းလိုင်း ဘက်မှ ပေါက်ကြားသည်ဟု ယူဆရသည့် စာရွက်စာတမ်းများအရ ၎င်းတို့၏ ဘဏ်စာရင်းများကို ပိတ်ခြင်းမပြုရန် MAI ၏ တောင်းဆိုမှုကို UOB ဘဏ်ဘက်က ပြန်လည်ငြင်းဆိုထားသည့် စာတစ်စောင် ကို တွေ့ရှိရကြောင်း Thai PBS World သတင်းဌာန က ဖော်ပြထားသည်။ UOB ဘဏ် အနေနှင့် MAI လေကြောင်းလိုင်းပိုင် ဘဏ်အကောင့် ၅ […]