BREAKING
November 3, 2025

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 15, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဆီးရီးယား IS ခေါင်းဆောင်တစ်ဦးကို အမေရိကန် လေကြောင်းက ရှင်းလင်း ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အစ္စလာမစ်နိုင်ငံတော် တည်ထောင်ရေး IS ခေါင်းဆောင်တစ်ဦးကို အမေရိကန် လေတပ်က ရှင်းလင်းလိုက်ပါတယ်။ ဒါကို အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် က ဇူလိုင်လ ၉ ရက်နေ့က ပြောကြားလိုက်တာပါ။ ဇူလိုင်လ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အူစမာ အယ် မူဟာဂျာ (Usamah al-Muhajir) သေဆုံးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒေသဝန်းကျင်မှာ IS အကြမ်းဖက်အဖွဲ့တွေ ရှုံးသွားဖို့ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်လို့ […]

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 14, 2023

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်) ဒေါင်းငူဈေးတွင် ဒူးရင်းသီးရောင်းသူ နှင့် ဝယ်သူအမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဈေးဘက်ထိုးထွက်နေတဲ့ ‌လုံးပတ် ၅ပေ အရှည်ပေ ၂၀ ရှိတဲ့ ညောင်ကိုင်းက ဈေးဘက်ကျိုးကျသွားတာ” ဟု ၎င်းက ဆိုသည်။ ညောင်ကိုင်းပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ “တစ်ယောက်ကတော့ အသက် လေးဆယ်ကျော်လောက်ရှိမယ်။ သူကတော့ ခြေထောက်ဒဏ်ရာရထားတယ်။ ကျန်တစ်ယောက်က ကျွန်တော်တို့မရောက်ခင် သုံးဘီးနဲ့ ဆေးရုံတင်သွားလို့ […]

လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးရှိ ကျေးရွာခြောက်ရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

Dawei Watch

July 14, 2023

လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်ရှိ အနည်းဆုံး ကျေးရွာခြောက်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၂ ရက် နံနက် ၉ နာရီခန့်က လောင်းလုံးမြို့နယ် နခံတောကျေးရွာ ရပ်ခံတောင်ဘုရားကုန်းပေါ် တပ်လာစွဲ သည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း (၃၀၂) ကလည်း ထိန်တွင်း၊ ခမောင်းတောင်ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ လက်နက်ကြီးကျည်များမှာ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ မဲအုံနှောက် ကျေးရွာများဘက်ကို ကျရောက် ပေါက်ကွဲမှုရှိနေကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲမှာ လူကို မရှိကြတော့ဘူး။ […]

မလွှဲတောင်ဂိတ်တွင် အမျိုးသမီးကြီးတစ်ဦးထံမှ စိတ်ကြွဆေးပြား အလုံးရေ နှစ်သောင်းခန့် ဖမ်းမိ

Dawei Watch

July 14, 2023

ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်ကိုလာသည့် ခရီးသည်တင်ယာဥ်တစ်စီးကို ရှာဖွေစစ်ဆေးစဥ် ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြရူးသွပ်ဆေးပြား အပြား ၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါး အလွဲသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ယနေ့(ဇူလိုင်လ ၁၄) သတင်းထုတ်ပြန်သည်။ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၂ ရက်က ဖမ်းဆီးမိခြင်းဖြစ်ပြီး ခရီးသည်တင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၇၁ နှစ်အရွယ် ဒေါ်ခင်လှသိန်း(ခ) ဒေါ်မတွတ်ထံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဒေါ်ခင်လှသိန်း ကို ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ ဇွန်လ ၂၃ ရက်ကလည်း မလွှဲတောင် စစ်ဆေးရေးဂိတ်တွင်ပင် အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း […]

ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောဆိုချက် သံသယရှိကြောင်း NLD ထုတ်ပြန်

Dawei Watch

July 14, 2023

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ၏ ပြောကြားချက်များအပေါ် သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် သံသယရှိကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံထားရသည့်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုချက်နှစ်ရပ်ဖြင့်လည်း ထောက်ပြထားသည်။ ပထမတစ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ ၎င်းအနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ ဒုတိယအချက်မှာ ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ် ဟူသော အချက်များနှင့် ကွဲလွဲနေကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် လွတ်လပ်စွာသဘောထားအမြင်ကို တင်ပြနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွတ်မြောက်ရေးအတွက် […]

ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ပြန်လွှတ်နေ

Dawei Watch

July 14, 2023

လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ယနေ့ နေ့ထက်ဝက်ဖြင့် ပြန်လွှတ်နေကြောင်း မြို့ခံအချို့က ပြောသည်။ နေ့လယ်ကျောင်းတက်ပြီး မကြာမီတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ ‌“(မွန်းလွဲ) ၁ နာရီကတည်းက အချို့မိဘတွေ ကျောင်းသွားကြိုနေကြပြီ။ ကျွန်မမှာ ကလေးနှစ်ယောက်က တစ်ယောက် တစ်ကျောင်းဆိုတော့ တစ်ယောက်ပဲကြိုရသေးတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ယနေ့ ‌မွန်းလွဲ ၂ နာရီအချိန်က ပြောဆိုသည်။ ပုဂ္ဂလိကကျောင်းအချို့လည်း အလားတူပြန်လွှတ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ ထားဝယ်မြို့အနီး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံ၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံများဖြင့် ဆူညံနေပြီးနောက် ယခုကဲ့ကျောင်းများကို နေ့ထက်ဝက်ဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

ထားဝယ်မြို့အနီး လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေ၊ ရွာအနီးကျရောက် ပေါက်ကွဲ

Dawei Watch

July 14, 2023

ထားဝယ်မြို့အနီးတွင် ယနေ့ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံစွာထွက်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။ လက်နက်ကြီးအချက်ရေ ဆယ်နှင့်ချီ ပစ်ခတ်သံများထွက်ပေါ်နေပြီး အဆိုပါလက်နက်ကြီးပစ်ခတ်သံကို ထားဝယ်မြို့ပေါ်က ကြားနေရခြင်းဖြစ်သည်။ အဆိုပါလက်နက်ကြီးသံတို့မှာ ထားဝယ်မြို့မှ ငါးမိုင်ခန့်အကွာ ဇဟာကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများ ရှိနေကြာင်း ‌ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ အိမ်ထဲကနေအိမ်ပြင်တောင် မထွက်ရဲဘူး” ဟု ဇဟာ‌ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။ အလား‌တူ လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာဖက်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “လက်နက်ကြီးတွေက ထိန်တွင်းရွာကိုကျော်ပြီး ခမောင်းတောင်ဘက်မှ သွားကျနေတာ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။ အနီးနားကျေးရွာက […]

ပုလောကုန်းရှိ စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းဝင်တိုက်

Dawei Watch

July 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ဇူလိုင်လ ၁၃ရက်က ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ဦးစီးပြီး ပြည်သူ့ကာကွယ်ရေးတပ်များပါဝင်သည့် ပူရိယက္ခညီနောင်စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချ နေထိုင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ပုလောကုန်း တံတားအား မိုင်းဆွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ပြီး သေဆုံးမှုကိုမူ အတိအကျ မပြုစုနိုင်သေးကြောင်း ဖော်ပြသည်။ တိုက်ပွဲပြီးနောက် ပူရိယက္ခညီနောင်စစ်ကြောင်းဘက်က […]