ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလတွင် ရိတ်သိမ်းပြီးစပါးများကို စစ်အာဏာရှင်တပ်မီးရှို့သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပိုအခက်ကြုံ

Dawei Watch

February 24, 2026

ပုလောမြို့နယ်၊ ပလမြို့ဝန်းကျင်တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ ဇန်နဝါရီလအစပိုင်းတွင် စစ်အာဏာရှင်တပ်က သင်္ကန်းတောရွာအနီးရှိ လယ်ကွင်းများတွင် ရိတ်သိမ်းပြီးသည့် စပါးကောက်လှိုင်းများကို မီးရှို့ခဲ့သဖြင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ပို၍ အခက်ကြုံလာကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ထောင်ဂဏန်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “အရင်နှစ်တွေက ဆန်အတွက် အဆင်ပြေသေးတယ်။ အခုက ကောက်လိုင်းတွေကို မီးရှို့‌တော့ ဆန်က ပိုလိုအပ်ပေါ့။ အမြဲ (မီး) ရှို့နေတယ်လေ” ဟု အထက်ပါ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပလမြို့ပေါ်နှင့် ပုလောမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။ စစ်ဘေးရှောင်များသည် […]

ထရမ့်က နိုင်ငံကိုလမ်းမှားသို့ ပို့ဆောင်နေကြောင်း အမေရိကန်အများစု ယူဆ

Dawei Watch

February 24, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း နိုင်ငံကို လမ်းမှားသို့ ဦးတည်ခေါ်ဆောင်နေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအများစုက ယူဆနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။ NPR သတင်းဌာနနှင့် PBS သတင်းဌာနတို့ ပါဝင်ပူးပေါင်းကောက်ယူသည့် လူထုသဘောထား စစ်တမ်းတစ်ခုက ယင်းသို့ ဖော်ပြခြင်း ဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားမည့် သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း မတိုင်မီတစ်ရက်အလိုတွင် ယင်းစစ်တမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါ စစ်တမ်းအရ သမ္မတထရမ့်သည် နိုင်ငံကို ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်ပြောင်းလဲနေစေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းက ခံစားနေကြရသည်။ ယင်းပမာဏသည် သမ္မတထရမ့်၏ ပထမသက်တမ်းမှ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။ နိုင်ငံ၏ အခြေအနေမှာ လွန်ခဲ့သည့် […]

လောင်းလုံးတွင် အသက်မပြည့်သေးသည့် ပြည်သူ့စစ်တစ်ဦး ဖမ်းမိ

Dawei Watch

February 24, 2026

ထားဝယ်မြို့ပေါ်မှ လောင်းလုံးမြို့နယ်ထဲသို့ ရောက်လာသည့် အသက်မပြည့်သေးသည့် ပြည်သူ့စစ်တစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ပြည်သူ့စစ်ဟု သံသယရှိသူ ငါးဦးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သက်သေမခိုင်လုံခြင်း၊ အသက်မပြည့်သေးသည့် ကလေးများဖြစ်နေခြင်းကြောင့် လေးဦးကိုမူ ပြန်လွှတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့က ဆိုသည်။ ကျန်တစ်ဦးမှာ သက်သေ အထောက်အထား ခိုင်လုံသဖြင့် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဆက်လက်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “သူတို့တတွေက စစ်တပ်နဲ့အတူတူ လက်ပွန်းတတီးနေကြတယ်။ ကင်းစောင့်နေတာတွေမှာ ပါနေကြတယ်။ ညဖက် ကင်းလှည့်ရာတွေမှာလည်း ပါနေကြတာပဲ” ဟု ၎င်းက ပြောသည်။ ထားဝယ်မြို့တွင် ငွေကြေးချို့တဲ့သူများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်မှ မြို့ပေါ်ပြောင်းသွားကြသူများအနက် ကျောင်းနေအရွယ် ကလေးများကိုပါ စစ်အာဏာရှင်တပ်က […]

ကွမ်းတံတွေး မထွေးရန် တားမြစ်ရာမှ အယုဒ္ဓယတွင် မြန်မာအချို့နှင့် ထိုင်းတစ်ဦးတို့ ခိုက်ရန်ဖြစ်

Dawei Watch

February 24, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာအလုပ်သမား လေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ ခိုက်ရန်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသား ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ထားရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၀ နာရီခွဲခန့်က အယုဒ္ဓယခရိုင်၊ ဘန်ပအင်းဒေသ၊ ဆင်ထိဝါရပ်ကွက် ဈေးအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မြန်မာအလုပ်သမားတို့သည် ကွမ်းတံတွေး ထွေးပြီး ဆေးလိပ်သောက်နေကြသည်ဆိုပြီး အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးက လာရောက်တားမြစ် သတိပေးပြောဆိုခဲ့ရာမှ အချင်းများကာ ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံသားသည် မှောက်လျက် သတိမရှိသည့် အနေအထားဖြစ်နေပြီး အနီးရှိပြည်သူများက အရေးပေါ်ကားကို ဖုန်းဆက် အကြောင်းကြားကာ ဥထိုင်းဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသားများကို လိုက်လံရှာဖွေရာ အသက် ၂၅ […]

မြောက်ကိုရီးယား အာဏာရပါတီခေါင်းဆောင်အဖြစ် ကင်ဂျုံအန်အား ထပ်မံရွေးချယ်

Dawei Watch

February 23, 2026

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသည့် အာဏာရအလုပ်သမားပါတီ၏ အမျိုးသားညီလာခံတွင် လက်ရှိထိပ်သီးခေါင်းဆောင် ကင်ဂျုံးအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။ အဆိုပါ အမျိုးသားညီလာခံတွင် မြောက်ကိုရီးယား အဏုမြူစီမံကိန်းတိုးတက်အောင်မြင်မှုများကို ထုတ်ဖော်ဝင့်ကြွားခဲ့သည်။ မြောက်ကိုရီးယား၏ သံတမန်ရေးရာမှသည် စစ်ရေးစီမံကိန်းများအထိ လုပ်ငန်းစဉ်အရပ်ရပ်ကို ချမှတ်ပေးမည့် အဆိုပါ ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ တနင်္ဂနွေနေ့က အဆိုပါ ညီလာခံကို ထောင်ချီသည့် ပါတီထိပ်ပိုင်းခေါင်းဆာင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ညီလာခံသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားသည့် မြောက်ကိုရီးယား၏ နိုင်ငံရေးလည်ပတ်ပုံကို တွေ့မြင်နိုင်ခဲ့သည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ကင်ဂျုံအန်၏ အာဏာစက်ကို ပြသရာနေရာတစ်ခုအဖြစ် အများက ရှုမြင်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ညီလာခံကိုယ်စားလှယ်များက ကင်ဂျုံအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့ကြပြီး စစ်ဘက်ဆိုင်ရာ […]

စစ်အာဏာရှင်တပ်က သရက်ချောင်းကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ခန့်ထွက်ပြေးနေရ

Dawei Watch

February 23, 2026

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ခန့် ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို၊ နောက်ထပ်စစ်ကြောင်းတစ်ခုမှာလည်း သရက်နှစ်ခွရွာတံတား စစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ဘက်သို့ ဦးတည်ကာ ဖေဖော်ဝါရီလ ၁၉ ရက်ခန့်မှစကာ စစ်ကြောင်းထိုးနေကြောင်း ၎င်းတို့က ဆိုသည်။ စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ်အတွင်းရှိ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်းနှင့် ညောင်ဇင်ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ “တိုက်ပွဲဖြစ်တာမရှိဘူး၊ စစ်တပ်ဘက်က တစ်ဖက်သတ်ပစ်ပြီး စစ်ကြောင်းထိုးနေတာ။ မနေ့ကဆိုရင် ဆူညံပွတ်လောရိုက်နေတာပဲ။ ညက သရက်နှစ်ခွမှာအိပ်တယ်၊ ဒီနေ့မနက် ညောင်ဇင်ဘက်ကို […]

ရေးတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

February 23, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ ၅၉၁ က ပစ်ခတ် သည့် လက်နက်ကြီးကျည် ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံအရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက လှည့်ကင်းထွက်သည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ခုနစ်ဦးကို ရေးဘီလူးအဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်ရာမှ မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ခမရ ၅၉၁ တပ်ရင်းနှင့် မီတာ ၁၀၀ ခန့်အကွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန် ခမရ ၅၉၁ ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ […]

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားများအပါအဝင် ကိုးဦးဒဏ်ရာရ

Dawei Watch

February 23, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင် မီးပွိုင့်တွင် ကားတိုက်မှုဖြစ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမားများ အပါအဝင် ကိုးဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် ဖတ်ထလူမြို့ထဲရှိ လမ်းဆုံမီးပွိုင့်နေရာတွင် ပစ်ကပ်ကားနှစ်စီးတိုက်မိပြီး တစ်စီးက ပက်လက်လှန်ကာ တိမ်းမှောက်ကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသား ငါဦးနှင့် ထိုင်းနိုင်ငံသား လေးဦးထိခိုက်ဒဏ်ရာရပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားငါးဦးသည် ဘန်ကောက်တွင် သွေးသွားစစ်ပြီးနောက် ဟတ်ယိုင်မြို့သို့ ထိုင်းကားသမား မောင်းနှင်သည့် ကားဖြင့် ပြန်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းသို့ပြန်လာစဉ် GPS က နေရာအမှားကို ညွှန်ပြထားသဖြင့် ဖတ်ထလူမြို့ထဲသို့ မှားယွင်းပြီး ရောက်ရှိခဲ့ကာ လမ်းဆုံမီးပွိုင့်သို့အရောက်တွင် နောက်ထပ် ပစ်ကပ်ကားတစ်စီးနှင့် တိုက်မိခဲ့သည်ဟု […]