ထိုင်းတွင် မြန်မာနှစ်ဦး တူးမြောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံး
Dawei Watch
February 23, 2026ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် မြန်မာနိုင်ငံသား လူငယ်နှစ်ဦးမှာ ရေသွယ်တူးမြောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာအလုပ်သမားနှစ်ဦးသည် အလုပ်ပြီး၍ ပြန်လာစဉ် အပန်းဖြေရန်အတွက် နခွန်စီထမရတ်ခရိုင်၊ စီချွန်းဒေသရှိ တူးမြောင်းအတွင်း ရေဆင်းကူးခဲ့ကြခြင်းဖြစ်သည်။ ရေကူးနေစဉ် မြန်မာလုပ်သားတစ်ဦးမှာ ရေနက်ပိုင်းသို့ ရောက်ရှိသွားပြီး ရေနစ်နေသဖြင့် သူငယ်ချင်းဖြစ်သူက ရေထဲခုန်ချ၍ ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်ပါ ရေအနက်ပိုင်းသို့ ရောက်ရှိကာ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြသည်။ ဒေသခံများက ကယ်ဆယ်ရေးအဖွဲ့များကို အကြောင်းကြားကာ ရှာဖွေခဲ့ရာ နှစ်နာရီခန့်အကြာ ည ၉ နာရီခန့်တွင် မြန်မာနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူများမှာ အသက် ၂၀ နှင့် ၂၁ နှစ်အရွယ်ရှိ […]


