ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂျပန်က ခြေစမ်းပွဲ ၃ ပွဲကို ၂ ပွဲနိုင်၊ ၁ ပွဲသရေ ကစားပြပြီး ရှုံးပွဲလုံးဝမရှိခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

Dawei Watch

October 27, 2025

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကတော့ မြန်မာပရိသတ်တွေကို အမြဲလိုလိုပဲ မျက်နှာပန်းလှပစေခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ဂျပန်နိုင်ငံဆီကို သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဂျပန်ခရီးစဉ်ထဲမှာ ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲ့ဒီခြေစမ်းပွဲ ၃ ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ပထမဆုံးခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက IGK ကူနွိုက်ချ်အသင်းကို တစ်ဂိုးစီ သရေကစားခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နှင်းပွင့်အေးက ဂိုးသွင်းယူပေးခဲ့ပါတယ်။ အောက်တိုဘာလ ၂၃ ရက်နဲ့ အောက်တိုဘာလ ၂၅ ရက်တွေမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက အိုဆာကာတက္ကသိုလ်၊ ကန်ဆိုင်းတက္ကသိုလ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်ပွဲလုံးကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက တစ်ဂိုး […]

“တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့မန်ယူကို မြင်တွေ့ရလိမ့်မယ်”လို့ နည်းပြ အေမိုရင် ပြော

Dawei Watch

October 27, 2025

မန်ယူနည်းပြ အေမိုရင်က သူ့အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ကောင်းလာတာကို မြင်တွေ့ရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရလိုက်ပေမယ့် လိုချင်တဲ့အနေအထားတစ်ရပ်ဆီကို ရောက်လာဖို့ကတော့ အချိန်တစ်ခု စောင့်ရဦးမှာကို ပရိသတ်တွေ သဘောပေါက်နားလည်ရလိမ့်မယ်လို့လည်း နည်းပြ အေမိုရင်က အသိပေးသွားခဲ့ပါတယ်။ “အသင်းက နိုင်ပွဲတွေ ဆက်တိုက်ရရှိလာတာကို ကျွန်တော်နဲ့ အသင်းသားတွေ၊ အသင်းတာဝန်ရှိသူတွေ ကျေနပ်အားရသလို အသင်းပရိသတ်တွေလည်း ပျော်ရွှင်နေပါလိမ့်မယ်။ ဒါပေမဲ့ အသင်းဟာ ပြီးပြည့်စုံတဲ့အဆင့်တစ်ခုဆီကိုရောက်ဖို့ လိုအပ်ချက်တချို့ ရှိနေဆဲပါပဲ။ တစ်ပွဲချင်းအလိုက် အာရုံစူးစိုက်သွားဖို့ကိုပဲ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ တစ်ပွဲထက်တစ်ပွဲ ပိုပြီး အားရစရာကောင်းလာတဲ့ မန်ယူကို မြင်တွေ့ကြရပါလိမ့်မယ်”လို့ နည်းပြ အေမိုရင်က ပြောသွားခဲ့ပါတယ်။ မန်ယူဟာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရလိုက်ပြီးတဲ့နောက် အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းဆီ […]

အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ပြီ

Dawei Watch

October 26, 2025

အာရှ၏ အသက်အငယ်ဆုံးနိုင်ငံဖြစ်သည့် အရှေ့တီမောသည် ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်သို့ တရားဝင်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယနေ့ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တီမော၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို တရားဝင်အတည်ပြုလိုက်ခြင်း ဖြစ်သည်။ အရှေ့တီမောအလံကို စင်မြင့်ပေါ်သို့ တင်လိုက်ချိန်၌ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးခန့်ကတည်းက ချမှတ်ထားသည့် မျှော်မှန်းချက်တစ်ရပ်ကို အရှေ့တီမောခေါင်းဆောင်များ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။ အရှေ့တီမောသည် လူဦးရေ ၁ ဒသမ ၄ သန်းသာ ရှိပြီး အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။ အာဆီယံအဖွဲ့ထဲ […]

လောင်းလုံးမောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်း‌ကျေးရွာအကြား ပစ်ခတ်မှုဖြစ်

Dawei Watch

October 26, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်းကျေးရွာကြားတွင် ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၆ နာရီခွဲခန့်က မောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်းကျေးရွာကြားရှိ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” လက်နက်ကြီးတွေရောပဲ သေနတ်ငယ်သံတွေကလည်း ညံပါနေတယ်။ အခုထိသေနတ်သံ မစဲသေးဘူး ပစ်ကြတုန်း” ဟု ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အချိန်တွင် ၎င်းဒေသခံ Dawei Watch သို့ ပြောသည်။ စစ်အာဏာရှင်တပ်နှင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဆိုခြင်းကိုမူ မသိရသေးပေ။ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် အောက်တိုဘာလ ဒုတိယပတ်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ တိုက်ပွဲဖြစ်ပွား နေသည့် ရေဖြူမြို့နယ်နှင့် […]

ခဲလုပ်ကွက်များကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာ

Dawei Watch

October 25, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက စီးဆင်းလာသည့် နောက်ကျိနေသည့် ရေကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အတွင်း ခဲလုပ်ကွက် ပိုမိုများပြားလာပြီး တနင်္သာရီမြစ်အတွင်းသို့ နောက်ကျိနေသည့် ရေစီးဆင်းမှုကြောင့် ရေများ နောက်ကျိလာကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ၅ နှစ်ခန့် (အာဏာမသိမ်းမီ) က တနင်္သာမြစ်အတွင်း ဖမ်းပါက တစ်ညလျှင် ပုစွန်နှစ်ပိဿာဝန်းကျင် ဖမ်းမိလေ့ ရှိပြီး လက်ရှိတွင် ငါးဆယ်ကျပ်သားခန့်သာ ဖမ်းဆီးရရှိတော့ကြောင်း ရေပေါ်ရွာနေ တံငါသည်တစ်ဦးက ဆိုသည်။ ထို့ကြောင့် ဖမ်းဆီးရမိထားသည့် ပုစွန်အရှင်များကို မြှုံးအတွင်းထည့်သွင်းကာ စုဆောင်းထားပြီး ပမာဏများလာချိန်မှသာ ရောင်းချတော့ကြောင်း ၎င်းက ပြောဆိုသည်။ “အရင်က တစ်ညခပ် (ဖမ်း) ပြီး မိုးလင်းဆို ရောင်းလို့ရတယ်။ အခုက သုံးလေးညခပ်မှ […]

ကန်ချနဘူရီတွင် ကားမှောက်၍ တရားမဝင် ဝင်လာသော မြန်မာ ၃ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

Dawei Watch

October 25, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယနေ့ နံနက်က ကားမှောက်မှုဖြစ်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စန်ခရာဘူရီ-ကန်ချနဘူရီ အဝေးပြေးလမ်းမပေါ်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားက လမ်းဘေးထိုးဆင်းသွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးနေပြီး ၃၅ ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရကြောင်း သတင်းအချို့တွင် ဖော်ပြထားသလို သတင်းအချို့ကမူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးဟုသာဖော်ပြထားသဖြင့် တိတိကျကျမသိရပေ။ ကားပေါ်လိုက်ပါလာသူအားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ […]

ထိုင်းဘုရင့်မယ်တော် သီရိခေတ် နတ်ရွာစံ၊ ရက် ၉၀အတွင်း ပြည်သူများ ဝမ်းနည်းခြင်းဝတ်စုံကိုသာ ဝတ်ဆင်ရန်ပန်ကြား

Dawei Watch

October 25, 2025

ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်သည်။ မိဖုရားကြီး နတ်ရွာစံချိန်တွင် သက်တော် ၉၃နှစ်ရှိပြီဖြစ်သည်။ မိဖုရားကြီးသည် ၂၀၁၉ခုနှစ်မှစ၍ ဆေးရုံတက်ရောက် ကုသနေရသူဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်မှစ၍ သွေးအဆိပ်တက်ရောဂါ ပိုမိုပြင်းထန်လာပြီးနောက် အောက်တိုဘာလ ၂၄ရက်တွင် နတ်ရွာစံကြောင်း ဖော်ပြသည်။ မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကို‌ ဖော်ညွှန်း၍ ရက် ၉၀ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထားသည်။ အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် […]

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

October 25, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွာရေးဇုန်ဧရိယာအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၁၈ ရက်က ရေဖြူဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထိတွေ့ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ဖောက်လုပ်ထားသည့် လမ်းမကြီးပေါ်တွင် ယနေ့ ၂၅ရက် နံနက် ၇နာရီခွဲမှ ၈နာရီဝန်းကျင်အထိ နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းကတော့ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပဲ။ အဲဒီနားတစ်ဝိုက်ပဲ ပတ်သွားနေတာ။ အခုမနက်ပစ်ကြတာ နာရီဝက်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် နဘုလယ်ဒေသက […]