အချင်းများရန်ဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားက မြန်မာလုပ်သားကို သေနတ်ဖြင့်ပစ်ခတ်
Dawei Watch
August 1, 2023ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် အလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်းလုက်ကားဒေသတွင် လမ်းတစ်နေရာတွင် ဇူလိုင်လ ၃၁ ရက် ညပိုင်း၌ အချင်းများရန်ဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ မျက်မြင်သက်သေတစ်ဦးက ပစ်ခတ်သံကြားသဖြင့် လှည့်ကြည့်ရာ မြန်မာအလုပ်သမားမှာ သစ်သားခုံအနီး လဲကျနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ပြောဆိုထားသည်။ ရဲတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိချိန်တွင် အသက် ၂၉ နှစ်အရွယ် ကိုကျော်ရဲအောင်အမည်ရှိ မြန်မာအလုပ်သမားမှာ ဘယ်ဘက်နားထင်အနီးတွင် သေနတ်ဒဏ်ရာရရှိထားပြီး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ ဒဏ်ရာရရှိထားသော မြန်အလုပ်သမားကို ကယ်ဆယ်ရေးအဖွဲ့များက ပထုံဌာနီဆေးရုံသို့ ချက်ချင်းပို့ဆောင် ပေးခဲ့ကြောင်း ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကမ္ဘောဒီးယား အလုပ်သမားမှာ […]


