ရာသီဖွင့်ပွဲစဉ်ကို အာဆင်နယ် အနိုင်ရလဒ်နှင့် အစပြု၊ နော်တင်ဟမ်ဖောရက်စ်ကို နှစ်ဂိုး တစ်ဂိုးဖြင့်ကပ်နိုင်
Dawei Watch
August 12, 2023ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း အမ်းမရိတ်စ်၌ ကစားခဲ့ရသော အာဆင်နယ်အသင်းသည် နော်တင်ဟမ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ကပ်နိုင်ကာ ရာသီဖွင့်၌ ရမှတ် ၃ မှတ် ရယူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ အာဆင်နယ်သည် ကစားကွက်အသာစီးဖြင့် နော်တင်ဟမ်ကို ဖိအားပေးနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းသည့်အတွက် ယခုကဲ့သို့ ကပ်နိုင်ရုံရလဒ်မျှဖြင့်သာ ကျေနပ်လိုက်ရခြင်းဖြစ်သည်။ နော်တင်ဟမ်ဖောရက်စ်သည် အာဆင်နယ်ကို ကစားကွက်ချင်း ယှဉ်နိုင်စွမ်း လုံးဝမရှိခဲ့ဘဲ ခံစစ်နှင့် တန်ပြန်တိုက်စစ်တို့ကိုသာ အားပြုသွားခဲ့ရပြီး အာဆင်နယ်မှာ ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကတည်းကပင် နှစ်ဂိုး ဂိုးမရှိဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့သည်ကို မြင်တွေ့ကြရသည်။ အာဆင်နယ်အတွက် အဆိုပါ ဦးဆောင်ဂိုး ၂ ဂိုးကို နကီးတီးယား(၂၆ မိနစ်)နှင့် ဆာကာ(၃၂ မိနစ်)တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ဒုတိယပိုင်း ၄၅ […]


