BREAKING
November 5, 2025

သတင်း

ထိုင်း ကန်ချနဘူရီတွင် ကားတိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

Dawei Watch

August 17, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို ပစ်ကပ်ကားက အနောက်က ဝင်တိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပြင်းထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းသည်ဟုဆိုသည်။  ၁၀ ဘီးတပ် သစ်တင်ကားကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကား၏ အရှေ့ပိုင်း လုံးဝပျက်စီးသွားသည့် အနေအထားဖြင့် ရပ်တန့်သွားကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကား အရှေ့ခန်းတွင် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အသက် ၆နှစ်အရွယ် ကလေးငယ်ကို ချီလျက်သေဆုံးနေပြီး ကလေးငယ်မှာလည်း သတိလစ်နေကြောင်း ရေးသားထားသည်။ ကားထဲတွင် ပိတ်မိနေသည့် မြန်မာကားသမားနှင့် ကျန်မြန်မာအလုပ်သမားတို့ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များက ဖြတ်စက်များအသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း ဆိုသည်။ […]

ဖမ်းဆီးခံရသည့် ဝကုန်းရွာသားရှစ်းဦး ပြန်လွတ်

Dawei Watch

August 16, 2023

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝကုန်းရွာသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ဟိန္ဒားရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ ရက် နံနက်က ၂၃ မိုင် ရေပူချောင်းအနီးတွင်တွေ့ရှိသည့် ဝကုန်းရွာသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါရွာသားများမှာ လက်လုပ်လက်စား သာမန်ပြည်သူများဖြစ်ကြောင်း ၎င်းဆို့က ပြောဆိုသည်။ ယင်းနောက်တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်တွင် အဆိုပါရွာသားခြောက်ဦးစလုံးကို ဝကုန်းရွာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ဇနီးသည်ကိုမူ ပြန်လွှတ် ပေးခဲ့ကာ ခင်ပွန်းဖြစ်သူကိုမူ အနီးဝန်းကျင်ရွာဖြစ်သည့် သင်္ကန်းတုံးရွာအထိ ဖမ်းခေါ်သွားပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက […]

အော်တစ်ဇင် ကလေးအမွှာနှစ်ဦးကို သတ်ခဲ့၍ ဖခင်ကို ထောင် ၁၄ နှစ်ချ

Dawei Watch

August 16, 2023

အော်တစ်ဇင်ရောဂါ ခံစားနေရသော အမွှာကလေးငယ်နှစ်ဦးကို သတ်ခဲ့မှုဖြင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် စင်ကာပူတရားရုံးက ဖခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့သည်။  Xavier Yap အမည်ရှိသော အသက် ၅၀ အရွယ် ဖခင်ဖြစ်သူက အော်တစ်ဇင်ရောဂါခံစားနေရသော သားနှစ်ဦးကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အဆုံးစီရင်သည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ သာမာန်ကလေးငယ်များနှင့်မတူညီဘဲ အာရုံကြောချို့ယွင်းမှု(အော်တစ်ဇင်)ရှိနေသော ကလေးငယ်များဖြစ်ကြသည်။ အမွှာကလေးငယ်နှစ်ဦးနှင့်အတူ ဖခင်ရော မိခင်ပါ အတူတကွ နေထိုင်ကြပြီး ကလေးငယ်များကိုပြုစုစောင့်ရှောက်ရန် အိမ်အကူတစ်ဦးကိုပါ ထပ်မံခေါ်ယူထားခဲ့သည်။ ကလေးငယ်နှစ်ဦး အော်တစ်ဇင်ရောဂါခံစားနေရသည်ကို ၎င်းတို့၏ အသက် ၂ နှစ်အရွယ်တွင် မိဘနှစ်ပါးက စတင် ရိပ်မိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များကို စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ်တွင် […]

ရေဖြူ ဧကနိရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ပစ်ခတ်ခံရ

Dawei Watch

August 16, 2023

ရေဖြူမြို့နယ် ဧကနိကျေးရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ဩဂုတ်လ ၁၅ရက်က ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဧကနိရွာအရှေ့ဘက် ဘုရားတောင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဧကနိအနောက်ကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်း ဦးကုသလ အပါအဝင် အသက် ၂၆ နှစ်အရွယ်ရှိ ကိုဇင်မောင်တို့ ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ဘုန်းကြီးရဲ့ လည်ပင်းမှာ တစ်ချက်၊ လက်မောင်းနှစ်ချက်ထိတယ်။ လူမှာက လက်ကတီးဆုံ (ချိုင်း) မှာ နှစ်ချက်နဲ့ နောက်တစ်ချက်က အာစောင် ထုတ်ချင်းပေါက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကုသလ တစ်ပါးတည်းသာ ဆေးကုသမှုခံယူ‌နေရပြီး ကိုဇင်မောင်မှာ စိတ်ရောဂါဝေဒနာခံစားနေရသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သယ်ဆောင်သွားရန် အခက်အခဲရှိသဖြင့် ဆေးကုသခွင့်မရသေးကြောင်း ဒေသခံတို့ထံမှ […]

ထားဝယ် သင်္ကန်းတုံးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

Dawei Watch

August 16, 2023

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား တစ်ရာခန့်ပါသည့် စစ်ကောင်စီတပ်သည် အရှေ့တောဒေသသို့ တောလမ်းနှင့် တောင်ကြောလမ်းများကနေ စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။ ဟိန္ဒားကျေးရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဝကုန်းရွာ ၂၃ မိုင် ရေပူချောင်းအနီး‌တွေ့သည့် လက်လုပ်လက်စား ရွာသားခြောက်ဦးကို ဖမ်းခေါ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယနေ့ နံနက်တွင် ဖမ်းဆီးထားသူများထဲက လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ရွာသားနှစ်ဦးကို စစ်ကြောင်းနှင့်အတူ သင်္ကန်းတုံးရွာအထိ ခေါ်ဆောင်သွားကြောင်း သင်္ကန်းတုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ […]

ပလမြို့ရဲစခန်းအနီး အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ခံရ

Dawei Watch

August 16, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ် မီးရှို့ခံရပြီး နောက်ထပ်ဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးမင်းဦး၏ နှစ်ထပ်တိုက်သည်လည်း မိုင်းဆွဲမီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “မျိုးမင်းဦးအိမ်မှာက လူမနေဘူး။ ကျော်သူရ အိမ်မှာက လူရှိတယ်။ ရေချိုးခန်းထဲ ဝင်ပုန်းနေလို့ ထိခိုက်မှု မရှိဘူးလို့ သိရတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဦးကျော်သူရသည် ပလမြို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဦးမျိုးမင်းဦးမှာ ယခင်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ခဲ့သူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်သည်ဟု သတင်းထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   “(ဦးမျိုးမင်းဦး) […]

တနင်္သာရီတွင် အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

Dawei Watch

August 16, 2023

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု သက္ကကျော်ရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံးကြောင်း ယင်းရွာနေသူတို့မှ သိရသည်။ အဆိုပါကလေးငယ်သည် ရေတွင်းတစ်ခုတွင် ရေသွားချိုးရာမှ အချိန်အကြာမြင့်သည်အထိ နေအိမ်သို့ ပြန်မရောက် လာသဖြင့် လိုက်ရှာရာမှ ရေတွင်းထဲ ပြုတ်ကျသေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ “ဆပ်ပြာခွက်က ရေတွင်းဘေးမှာ ရှိနေတယ်။ ရေတွေက ‌နောက်နေတော့ မသင်္ကာလို့ ဆင်းငုပ်ကြည့်မှ ကလေးအလောင်းကို ‌တွေ့ရတယ်ဗျ” ဟု သက္ကကျော်ရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ရေတွင်းသည် ကန်ဘောင်မရှိဘဲ မြေပြင်နှင့် တပြေးတည်းရှိနေပြီး အကာအရံများမရှိသဖြင့် ရေတွင်းထဲ ပြုတ်ကျခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ယခင်ကလည်း ယင်းရေတွင်းတွင်ပင် ကလေးငယ်တစ်ဦး […]

Pheu Thai ဝန်ကြီးချုပ်လောင်းကို ထောက်ခံမည်မဟုတ်ဟု Move Forward ပါတီဆုံးဖြတ်

Dawei Watch

August 16, 2023

လာမည့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီက တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin ကို ထောက်ခံမဲပေးသွားမည်မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် Move Forward ပါတီသတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ပါတီထောက်ခံသူများ၏ တုံ့ပြန်ချက်များအပေါ် အခြေခံ ထည့်သွင်းစဉ်းစားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးခြင်းက ၎င်းတို့ပါတီကို မဲပေးခဲ့သော ပြည်သူများကို သစ္စာဖောက်ရာရောက်နေကြောင်း Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့သည်။ Pheu Thai ပါတီက ဦးဆောင်မည့် အစိုးရအဖွဲ့အသစ်တွင်လည်း ချိတ်ဆက်ပါဝင်ရန် ဆန္ဒမရှိကြောင်း ၎င်းကဆိုခဲ့သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကတိအတိုင်း အစိုးရအဖွဲ့ကို ပြည်သူများ၏ ဆန္ဒနှင့်အညီသာ ဖွဲ့စည်းရန် ကြိုစားအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။ ဖီထာက ဒုတိယအကြိမ်ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် အမည်စာရင်းတင်သွင်းခွင့် ပိတ်ပင်ခံရပြီးနောက်ပိုင်း Pheu Thai ပါတီကလည်း ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အခြားစစ်တပ်ကျောထောက်နောက်ခံပါတီများနှင့်အတူ ညွန့်ပေါင်းအဖွဲ့အသစ်ကို […]