အဓမ္မခိုင်းခံရသော မြန်မာလုပ်သား ၁၄ ဦး နစ်နာကြေး ဘတ် ၄ သိန်းရရှိ
Dawei Watch
September 1, 2023ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကြံစိုက်ခင်းတွင် လုပ်အားခမရရှိဘဲ သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် နစ်နာကြေးငွေ ဘတ် ၄ သိန်း ရရှိခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။ ပထုံဌာနီခရိုင်ရှိ လူကုန်ကူးခံရသူများ ထိန်းသိမ်းရေးစခန်းတာဝန်ခံနှင့် မြန်မာအလုပ်သမား ၁၄ ဦးသည် ကန်ချနဘူရီခရိုင်ရှိ အမှတ် ၇ အလုပ်သမားတရားရုံးတွင် အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုအတွက် နစ်နာကြေးရရှိရန် သွားရောက်ဖြေရှင်းခဲ့ကြသည်။ ယခင်က အလုပ်သမားစီစစ်ရေးဌာန၏ အမိန့်ချမှတ်ထားသည့် နစ်နာကြေးငွေ ဘတ် ၅ သိန်းခွဲခန့်တွင် ၇၃ ရာခိုင်နှုန်းပေးချေရန် အလုပ်ရှင်နှင့် အလုပ်သမားများဘက်က သဘောတူညီမှုရရှိခဲ့သဖြင့် ဘတ် ၄ သိန်း နစ်နာကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အလုပ်သမား တစ်ဦးချင်းအလိုက် ခံစားခွင့်ရရှိမည့် […]


