BREAKING
November 9, 2025

သတင်း

ဘန်ကောက်ရှိ MBK ဈေးဝယ်စင်တာတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

Dawei Watch

September 14, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာတစ်ခုကို ထိုင်းလဝကရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သဖြင့် တရားမဝင် လုပ်ကိုင်နေသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြို့လယ်နာမည်ကြီး ပထူဝမ်ဒေသရှိ MBK ရှောပင်းစင်တာတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များက ယမန်နေ့ (စက်တင်ဘာ ၁၃) တွင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရှောပင်းစင်တာများတွင် အလုပ်ရှင်မှ ငှားရမ်းထားသော အလုပ်သမားများသာ ဈေးရောင်းပိုင်ခွင့်ရှိပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ရောင်းချခြင်း၊ စာရွက်စာတမ်းမပြည့်စုံဘဲ ရောင်းချခွင့်များ မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ကိုဇော်က ဆိုသည်။ “ဈေးရောင်းရင် အလုပ်ရှင် အလုပ်သမား သဘောတူငှားရမ်းထားရင်တော့ ရောင်းလို့ရတယ်။ […]

ပုလော ပိတပ်ကျေးရွာက ဖမ်းဆီးခံရသည့် အမျိုးသားကိုးဦး ပြန်မလွတ်သေး

Dawei Watch

September 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဒေသခံအမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ တိုက်ပွဲပြီးနောက် ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားကိုးဦးမှာမူ ယနေ့ စက်တင်ဘာလ ၁၄ရက်အထိ ရွာသို့ ပြန်မရောက်လာသေးကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အမျိုးသားတွေ မလွှတ်လာကြသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သာမန်အရပ်သားများဖြစ်ကြပြီး အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ […]

ရေးတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံငါးဦး ဒဏ်ရာရ

Dawei Watch

September 13, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေအိမ်ဈေးဆိုင်ပေါ်တွင် လက်နက်ကြီးကျည် တစ်လုံး၊ ရွာဈေးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကလာတဲ့ လက်နက်လည်းတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ တိုက်ပွဲကတော့ မရှိဘူး။ လက်နက်ကြီးပဲ ကျလာတာ။ နေအိမ်တွေပေါ်ကျတော့ လူတွေ ထိကုန်တယ်လေ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ထိတာတော့ မရှိဘူး” ဟု ကျောင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

ကျိုက်ထိုတော်လှန်ရေးအဖွဲ့ဝင်နေအိမ်များ ဆက်တိုက်ချိပ်ပိတ်ခံရ

Dawei Watch

September 13, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းမှု ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်ကြီးရှိ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့ဝင် ဦးစံရ၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က လာရောက်ချိပ်ပိတ် ကြောင်း ဒေသခံတို့ထံမှ သိရသည်။   “PDF တွေ၊ တော်လှန်ရေးမှာပါတဲ့လူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဒီတလော ဆက်တိုက်ချိပ်ပိတ်လာတာ တွေ့ရတယ်။ အဓိက အဲဒီလူတွေကို အကြမ်းဖက်တိုက်ဖျက်မှုဥပဒေပုဒ်မတွေတပ်ပြီးတော့ သူတို့ပိုင်ဆိုင်မှုတွေကို လိုက်သိမ်းဆည်းနေတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ KRF တပ်ဖွဲ့ဝင် […]

ထားဝယ်တွင် စိတ်ဝေဒနာရှင်လူငယ်က ရေတွင်းထဲပစ်ချသဖြင့် KG ကျောင်းသူသေဆုံး

Dawei Watch

September 13, 2023

ထားဝယ်မြို့နယ် သဗြေချောင်းရွာတွင် စိတ်ဝေဒနာခံစားနေရသည့်လူငယ်တစ်ဦးက ရေတွင်းထဲပစ်ချခဲ့သဖြင့် အသက် ၆နှစ်အရွယ် KG ကျောင်းသူကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူကလေးငယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ညနေပိုင်းရောက်ချိန်အထိ အိမ်သို့ပြန်မလာသဖြင့် လိုက်လံရှာဖွေကြရာ အသက် ၂၀ကျော်အရွယ် ကိုလှိုင်ဇင်စိုးဆိုသူ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလူငယ်ကို စစ်ဆေးမေးမြန်းရာ ၎င်းပစ်ချထားခဲ့သည်ဆိုသည့် သဗြေချောင်းရွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၁ အနီးက ရေတွင်းထဲ၌ ရုပ်အလောင်းကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရေတွင်းမှာ တွေ့တယ်။ အလောင်းကတော့ မနက်မှ (ထားဝယ်) ဆေးရုံ ပို့လိုက်တာလို့သိရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသည့် ကျောင်းသူကလေးငယ်၏ မိဘနှစ်ပါးမှာ ကွဲကွာထားကြသဖြင့် ကလေးငယ်မှာ အဘိုးအဘွားဖြစ်သူတို့နှင့် ၄၀၁ […]

ဘန်လောရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

Dawei Watch

September 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရသဖြင့် အိုးအိမ်ထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ဘန်လောလမ်းဆုံမှာ (လက်နက်ကြီးကျည်တွေ) လာကျနေတယ်။ ရွာသားတွေတော့ ပြေးကုန်ကြပြီ။ အထိအခိုက်တော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ တနင်္သာရီမြို့၊ လေသာတောင်ပေါ်မှ ဘန်လောရွာဖက်သို့ လက်နက်ကြီး အနည်းဆုံး ငါးလုံး ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာ ၁၂ ရက်နေ့ကဆိုလျှင် […]

ကလိန်အောင်တွင် အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

Dawei Watch

September 12, 2023

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့နယ်ခွဲ ၊ ကျောက်ရှပ်ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက အရန်မီးသတ်တပ်ခွဲမှူး အသက် ၅ဝ ဝန်းကျင်အရွယ်ရှိ ဦးတင်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများကပြောသည်။ဥယျာဥ်ခြံမှ လမ်းလျှောက်ပြီး ပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ညာဘက်လက်တွင်ဒဏ်ရာ ၂ ချက်ရခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ “မနေ့ညကတော့ ကလိန်အောင်ဆေးရုံတင်သွားတယ်။ ဒီမနက်တော့ ထားဝယ်က စစ်တပ်ဆေးရုံကိုပို့လိုက်ပြီ။ မစိုးရိမ်ရပါဘူး။ လက်ဖျံမှာ ဒဏ်ရာရသွားတာလောက်ပဲ “ ဟု ကျောက်ရှပ်ရွာသားတစ်ဦးကပြောသည်။ ဦးတင်ဦး ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ စက်တင်ဘာလ ၁၂ ရက်ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်ရှပ်ရွာသား ဦးသိန်းစိုးကို Spring Dhamma PDF အဖွဲ့က စစ်ကောင်စီနှင့်ဆက်သွယ်သည့် အထောက်အထားများ တွေ့ရှိရသဖြင့် ပစ်သတ်ခဲ့ကြောင်း ဩဂုတ်လ […]

ကမ်းနီးငါးခိုးဆွဲသည့် ကမ်းဝေးလှေများကို ပုလောကာကွယ်ရေးတပ် ပထမဆုံးအကြိမ်ဖမ်းဆီး

Dawei Watch

September 12, 2023

ပုလောမြို့နယ်အတွင်း ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများကို ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဦးဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။ ပြည်သူများ၏ တိုင်ကြားချက်အရ စက်တင်ဘာလ ၇ရက်က ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်း ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးရာတွင် ငါးဖမ်းလှေအား ယူဆောင်ခြင်းမပြုဘဲ တာဝန်ရှိသည့် လှေဦးစီး ပဲ့နှင်းခုနစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ “လှေကတော့ မသိမ်းဆည်းပါဘူး။ ပဲ့နင်း ၇ ယောက်ကိုပဲ ဖမ်းတာပါ။ သူတို့ကိုတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်အထိ ‌အရေးယူဖို့တော့ ရှိပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက […]