ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ကိုးအင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

October 29, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၉ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကိုးအင်းရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရွာမှာက ကထိန်လုပ်တဲ့နေ့ဆိုတော့ ဘုန်းကြီးကျောင်းမှာ လူတွေတော့ နည်းနည်းစုနေတယ်။ ဘုန်းကြီးကျောင်း အနောက်ဘက်ကုန်း ရော်ဘာခြံထဲကို ကြဲထားခဲ့တယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွာအနီးအနားတွင် ခြောက်ကြိမ်ပတ်ပြီး ဗုံးတစ်လုံးကြဲချခဲ့သလို စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။ “တစ်ခါမှ အဲဒီလို အကြာကြီး လာဝဲတာ မကြုံဖူးဘူး။ ဘယ်ကို ကြဲချမယ်မှန်း မသိ ကြောက်လိုက်တာ အသံတွေပါ […]

ရွေးကောက်ပွဲ ၂ တွင် တနင်္သာရီတိုင်းက သုံးမြို့နယ်ပါဝင်၊ မဲဆန္ဒနယ်အချို့တွင် ကြံ့ခိုင်ရေးက အလိုအ​လျောက်အနိုင်ရ

Dawei Watch

October 29, 2025

စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ မြို့နယ် တစ်ရာစာရင်းကို အောက်တိုဘာလ ၂၈ ရက်က ကြေညာရာတွင် တနင်္သာရီတိုင်းမှ ရေဖြူ ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်လာသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင်မူ ထားဝယ် ၊ မြိတ် ၊ ဘုတ်ပြင်း ၊ ကော့သောင်း လေးမြို့နယ်ပါဝင်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းတွင် မဲဆန္ဒနယ် ဆယ်မြို့နယ်ရှိရာ ကျန်မြို့နယ်ဖြစ်သည့် ပုလော၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပရန် မကြေညာသေးသော်လည်း ယင်းမြို့နယ်များတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို […]

ကော့ဖငန်း၌ နိုင်ငံခြားသားဖွင့်ထားသော တည်းခိုခန်းတွင် လုပ်ကိုင်သည့် မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ

Dawei Watch

October 29, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် နိုင်ငံခြားသား ဖွင့်လှစ်ထားသော တည်းခိုခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီးနောက် ယင်းတည်းခိုခန်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကော့ဖငန်းကျွန်း လှေဆိပ်အနီးရှိ The 10 Club Hostel ကို နိုင်ငံခြားသားများက ဖွင့်လှစ်ထားကြောင်း တိုင်ကြားချက်ရရှိသဖြင့် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တည်းခိုခန်းသည် အနီးက ပြည်သူများကို စိတ်အနှောက်အယှက်ပေးနေပြီး အရက်နှင့် ပက်သက်သောပွဲများ ပြုလုပ်၍ စပိန်နိုင်ငံသားများကိုသာ ဝန်ဆောင်မှုပေးနေသည်ဟု တိုင်ကြားချက်ရရှိခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် နိုင်ငံခြားသားများက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသားတစ်ဦး အမည်ခံပေးပြီး နိုင်ငံခြားသားများက စီးပွားရေးလုပ်ကိုင်နေကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တည်းခိုခန်းတွင် […]

စစ်အာဏာရှင်တပ်နဲ့ TNLA အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မှ TNLA ပြန်ဆုတ်မည်

Dawei Watch

October 29, 2025

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်အာဏာရှင်တပ်နှင့် တအာင်းတပ် (TNLA) တို့ အပစ်အခတ်ရပ်စဲလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ TNLA က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အာဏာရှင်တပ်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အောက်တိုဘာလ ၂၇ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၉ရက်မှစတင်၍ နှစ်ဖက်ရောက်ရှိနေသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ […]

ထားဝယ်တွင် ဝဥ ဈေးကျ

Dawei Watch

October 29, 2025

ထားဝယ်ခရိုင်ဒေသထွက် ဝဥအစိုသည် ယမန်နှစ် ပေါက်စျေးထက် ဈေးကျနေကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်အချို့နှင့် ဝဥစိုက်တောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စက်ရုံပေါက်စျေးမှာ ဝဥအစို တစ်ပိဿာလျှင် ကျပ် ၄၀၀၀ စျေး ရှိသော်လည်း ယခုနှစ်တွင် ၃၆၅၀ ကျပ်ခန့်သာရှိကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်အရှေ့တောဒေသ၊ ဝကုန်းကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးကမူ ပြီးခဲ့သည့်သီတင်းပတ်က ဝဥ အဝယ်တော်ကို တစ်ပိဿာလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ပိဿာနှစ်ရာ ရောင်းချခဲ့ကြောင်း ပြောဆိုသည်။ “စစ်ကြောင်းထိုးပြီးလို့ အခြေအနေ နည်းနည်းအေးတော့ ဝဥလိုက်တူးတာ အချိန်နှစ်ရာပဲရတယ်။ အပင်တွေ သေကုန်လို့ ဥရှာမတွေ့တော့ဘူး။ မနှစ်က တစ်ပိဿာ လေးထောင်နီးပါးအထိ တက်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိ အောက်တိုဘာလ ၂၉ ရက် […]

လေးမိုင်ရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့ပြီး ရွာသားတစ်ဦးကိုပစ်သတ်

Dawei Watch

October 29, 2025

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ဖျက်ဆီးပြီး ရွာသို့ ပြန်လာသည့် ရွာသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ် အောက်တိုဘာလ ၂၇ ရက်တွင် လေးမိုင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး ရွာတွင် စစ်အာဏာရှင်တပ်က ဆက်လက် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၈ရက်တွင် မွန်းလွဲ ၂နာရီမှ ညနေ ၅နာရီအထိ လေးမိုင်ရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ယင်းသို့ တိုက်ပွဲမဖြစ်မီ နံနက်အစောပိုင်းတွင် ရွာသားတစ်ဦး ရွာသို့ ပြန်ဝင်စဉ် ‌တံတားထိပ်၌ စစ်အာဏာရှင် တပ်သားများနှင့် တိုးသဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပစ်သတ်ခံရသူမှာ လေးမိုင်ရွာသား အသက် ၃၀ […]

ထားဝယ်မြို့ပေါ် မီးလောင်ပြီး နေအိမ်နှစ်ဆောင်ပျက်စီး

Dawei Watch

October 29, 2025

ထားဝယ်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ် နှစ်ဆောင် ပျက်စီးကြောင်း မြို့ခံများနှင့် ပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ထားဝယ်မြို့၊ ရေလမ်း၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်တွင် နှစ်ထပ်ပျဉ်ထောင်အိမ် အ‌ပေါ်ထပ်တွင် ဝါယာရှော့ ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အဲဒီအိမ်မှာက သီဟိုဋ္ဌ်စေ့ ခြစ်တယ်။ မီးပျက်ပြီး မီးပြန်လာတာနဲ့ အိမ်အပေါ်ထပ်အခန်းကနေ လျှစ်စစ်ရှော့ဖြစ်ပြီး မီးစလောင်တာ” ဟု ၎င်းက ပြောဆိုသည်။ မီးလောင်မှုကြောင့် ခြံဝင်းတစ်ခုတည်းအတွင်းရှိသော နှစ်ထပ်ပျဉ်ထောင်အိမ်တစ်ဆောင်နှင့် တစ်ထပ်ပျဉ်ထောင်အိမ် တစ်ဆောင်တို့ မီးလောင်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။ “အိမ်အပေါ်ထပ်မှာ ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ မီးလောင် […]

ကော့သောင်းမြို့ခံ အသက် ၁၂၁ နှစ်အရွယ်အဘွား မြန်မာ့အသက်ကြီးဆုံးအဖြစ် ရွေးချယ်ခံရ

Dawei Watch

October 29, 2025

ကော့သောင်းမြို့ခံ အသက် ၁၂၁နှစ်အရွယ် အဘွားတစ်ဦးအား ယခု ၂၀၂၅ခုနှစ်အတွက် မြန်မာ့အသက်အကြီးဆုံး အဘွားအဖြစ် ရွေးချယ်ဂုဏ်ပြုခံရကြောင်း မြို့ခံများထံမှ သိရသည်။ ရွေးချယ်ဂုဏ်ပြုခံရသည့်အဘွားသည် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းတွင်နေထိုင်သည့် အဘွား ဒေါ်ပန်းနွယ်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဘွားနှင့်အတူ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ အသက် ၁၂၁ နှစ်အရွယ် အဘိုး ဦးသိန်းအောင်လည်း ပူးတွဲကာ ယခုနှစ် အသက်အကြီးဆုံးအဖိုးအဖြစ် ရွေးချယ်ခံရကြောင်း ဖော်ပြသည်။ ရွေးချယ်ခံရသူတစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီကို အောက်တိုဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။ အာဏာ မသိမ်းမီကတည်းက လူမှုဝန်ထမ်းဦးစီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဖြစ် သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန် […]