မဇော၊ခုံမော်ရွာနေ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ
Dawei Watch
September 26, 2023မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်ကျေးရွာနေ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့ (စက်တင်ဘာ ၂၅) ညဦးအချိန်က ခုံမော်ရွာနေ စစ်ကောင်စီခန့် အသက် ၅၀ ဝန်းကျင်ရှိ ရာအိမ်မှူး ဦးအေးပိုမှာ သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများ ကပြောသည်။ “ညတွင်းချင်းပဲ မြိတ်ကိုသယ်သွားတယ်။ ခရူပင်ဘုန်းကြီးကျောင်းမှာ အလောင်းထားတယ်”ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။ ရာအိမ်မှူး ဦးအေးပို ကိုမည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးသဖြင့် အတည်မပြုနိုင်ပေ။ မဇောကျေးရွာ အုပ်စုအနီးတွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်တင်ဘာ ၂၃ ရက်နေ့က မဇောကျေးရွာအုပ်စု ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း တုံးဗျောကျေးရွာအုပ်စု လသာရွာအနီးတွင် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း […]


