မြိတ်တွင် ရေကြီးပြီး စာသင်ကျောင်းအချို့ပိတ်
Dawei Watch
September 28, 2023မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး လမ်းမပေါ်တို့တွင် ရေကြီးရေလျှံနေသောကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရကြောင်း မြို့ခံတို့က ပြောသည်။ စက်တင်ဘာလ ၂၇ ရက် ညဘက်မှ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေကြောင်း မြို့ခံတို့က ဆိုသည်။ “မိုးကောင်းပြီး ကျောင်းထဲ ရေဝင်နေလို့ ကျောင်းတစ်ရက် ပိတ်ထားတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ မြစ်ငယ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ မြေညီထပ်ရှိ စာသင်ခန်းများတွင် ရေများ ဝင်ရောက်နေကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်းမကြီးတစ်လျှောက် ရေများနစ်မြုပ်နေပြီး ယင်းရပ်ကွက်ရှိ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းရှိ ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ခြင်း မရှိကြောင်း ကျောင်းသားမိအချို့က ပြောသည်။ “လမ်းပေါ်မှာ ရေတွေမြုပ်နေတာ ဆိုင်ကယ်မောင်းလို့ကို မရတော့ ကျောင်းမပို့နိုင်တာပါ” ကျောင်းသားတစ်ဦး၏ မိခင်က ပြောဆိုသည်။ ထို့အပြင် […]


