BREAKING
November 9, 2025

သတင်း

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး အကျဉ်းသားငါးဦးထွက်ပြေးလွတ်မြောက်

Dawei Watch

October 2, 2023

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး စက်တင်ဘာလ ၃၀ ရက်က အသတ်ခံရပြီး အကျဉ်းသားငါးဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယနေ့ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ အကျဉ်းထောင်သစ်ဆောက်လုပ်သည့်နေရာတွင် အလုပ်လုပ်ရန်အတွက် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားငါးဦး ထွက်သွားပြီးနောက် ထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဝန်ထမ်းနှစ်ယောက်ရဲ့ အလောင်းပြန်ရသွားပြီ။ အကျဉ်းထောင်မှာ အသုဘလုပ်နေတယ်။ အလုပ်လုပ်ဖို့ ခေါ်ဆောင် တယ်ဆိုတာက အခြားအမှုတွေလောက်ပဲ ခေါ်ဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မခေါ်ဆောင် တတ်ဘူး။ အဲဒီလို ပြင်ပကိုခေါ်ဆောင်တာတွေက လနည်းနည်းကျတဲ့ အကျဉ်းသားတွေကိုပဲ ခေါ်ဆောင်တတ်တယ်” ဟု ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ယနေ့ အောက်တိုဘာလ ၂ရက်တွင် အသုဘကျင်းပနေပြီး အကျဉ်းသားငါးဦး ထွက်ပြေးလွတ်မြောက်သည်မှာ မှန်ကန်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ […]

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ပြန်လွတ်

Dawei Watch

October 2, 2023

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး လွတ်ရက်စေ့ပြီး ယနေ့ အောက်တိုဘာလ ၂ရက် နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။ ပြန်လည်လွတ်မြောက်လာသူတို့မှာ ကိုအောင်ဝေယံကျော်၊ ကိုသုတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ဥက္ကာရှိုင်းအောင် (ခ) ပုတု၊ ကိုဝေယံဌေးတို့ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN က ထုတ်ပြန်ထားသည်။ လက်ရရှိထားသည့်စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၏အမည်များကိုသာ DPPN က ထုတ်ပြန်ထားပြီး နောက်ထပ် လေးဦး၏ အမည်ကိုမူ Dawei Watch က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတို့သည် လျှော့ရက်ဖြင့် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]

မြိတ်သို့ သယ်ဆောင်လာသည့် မူးယစ်ဆေးပြား ‌လေးသိန်းဖမ်းမိ

Dawei Watch

October 1, 2023

မြိတ်မြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးပြား လေးသိန်းအား ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ မူးယစ်ဆေးဝါးတို့အား စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈နာရီက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ လှည်းကူးမြို့နယ်၊ အမှတ်သုံး လမ်းဆုံတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် CROWN နှင့် BMW အမျိုးအစားမော်တော်ယာဉ်နှစ်စီးတို့ ရှေ့နောက်ဆက်တိုက် ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မော်တော်ယာဉ်တို့အား စစ်ဆေးရာ CROWN မော်တော်ယာဉ်မောင်းနင်လာသည့် အမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား လေးသိန်းနှင့် BMW မော်တော်ယာဉ်ပေါ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းမိခဲ့ကြောင်းဖော်ပြသည်။ ၎င်းတို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးတို့အား တောင်ကြီးမြို့မှ သယ်ဆောင်လာခြင်းဖြစ်ပြီး မြိတ်မြို့သို့ပို့ဆောင်မည်ဖြစ်ကြောင်း ဆက်လက် […]

ဝန်ထမ်းများကို ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်

Dawei Watch

September 30, 2023

နိုင်ငံ့ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများကို လစဉ်ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၃၀ ရက် တွင် ထုတ်ပြန်သည်။ နိုင်ငံတာဝန်ထမ်းဆောင်နေသူများ စားဝတ်နေရေးသက်သာ ချောင်လည်မှုရရှိစေရန်အတွက် ခံစားခွင့်ပြုခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော် ထောက်ပံ့ကြေးခေါင်းစဉ်ဖြင့် ပေးသည့် ငွေမှာ အချိန်ကာလတစ်ခုအထိသာ ပေးခြင်းဖြစ်သဖြင့် လစာတိုးပေးရန်သာ လိုလားကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “ထောက်ပံ့ကြေးဆိုတာကတော့ ဝမ်းမသာနိုင်ဘူး။ တစ်လပေးပြီးလည်း သူတို့မပေးချင်တဲ့အချိန် မပေးလို့ရတယ်။ ရှေ့မှာ ပေးခဲ့ဖူးတဲ့ ထောက်ပံ့ကြေးတွေလည်း ဒီလိုပဲ ခေါင်းစဉ်တပ်တာပဲ။ တစ်ခါမှ လစဉ်မရဖူးဘူး” ဟု ၎င်းက ပြောဆိုသည်။ ထို့ကြောင့် ထောက်ပံ့ကြေး ပေးခြင်းထက် လစာတိုးမြင့်ပေးခြင်းကိုသာ ဝန်ထမ်းအများစုက ပိုမိုလိုလားကြသည်ဟု လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအချို့က‌ ဆိုသည်။ အစိုးရဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများရှိ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 30, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေအိမ်အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ခံရ အာဏာသိမ်းကာလ ၂နှစ်ခွဲကျော်အတွင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ် အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရလိုက်ရပါတယ်။ လက်နက်ကိုင်ပဋိက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် မြို့နယ်ပေါင်း ၁၁၀ ကျော်မှာ မီးရှို့ခံခဲ့ရတာလို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ အဲဒီထဲက ၆၄ရာခိုင်နှုန်းကျော် အဆောက်အအုံ အလုံးရေအားဖြင့် ငါးသောင်းငါးထောင်ကျော်ဟာ ၂၀၂၂ ခုနှစ်ထဲမှာပဲ မီးရှို့ဖျက်ဆီးခံရတာလို့ ဖော်ပြပါတယ်။ အခုနှစ် စစ်အုပ်ချုပ်ရေးကြေညာအပြီးမှာ မီးရှို့မှုတွေ မြင့်တက်ခဲ့ပေမယ့် နှစ်လယ်ပိုင်းကစပြီး မီးရှို့မှုလည်း […]

နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်

Dawei Watch

September 30, 2023

တနင်္သာရီအခြေစိုက် နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “ရဲဘော်တွေ ကင်းလှည့်ထွက်ရာမှာ သူတို့(နဂါးနက်)က စပစ်ပြီး မိုင်းခွဲခဲ့တယ်”ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရဲဘော်ကပြောသည်။ နဂါးနက်အဖွဲ့က ည ၈ နာရီအချိန် တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းတံတားတွင် မိုင်းတစ်လုံး စတင်ဖောက်ခွဲခဲ့ပြီး အင်းရှည်ကုန်းကျေးရွာ ဆေးခန်းအနီးသို့လည်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကလည်းဆိုသည်။ နဂါးနက်အဖွဲ့၏ ပစ်ခတ်မှုနှင့် မိုင်းခွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ဒေသခံများ ထံမှသိရသည်။ “ညကရဲဘော်တွေ အပစ်ခံရတော့ ပကဖအဖွဲ့က ဝိုင်းလိုက်ကြတာ သူတို့(နဂါးနက်အဖွဲ့) သရဘွင်ကျောက်တောင်ဘက် ထွက်ပြေးသွားကြတယ်။ […]

ပုလောတွင် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှုသုံးကြိမ်ဖြစ် နှစ်ဖက်ထိခိုက်မှုရှိဟုဆို

Dawei Watch

September 30, 2023

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၂၈ရက် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၇ နာရီမှစပြီး ၆ မိုင်၊ နန်းပရုပ်နှင့် မြစ်ချဉ်စုကျေးရွာအနီးတို့တွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွာခြင်းဖြစ်ကြောင်း အမှတ် ၁ တပ်ရင်းက စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ ၆ မိုင်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်များနှင့် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ရှေ့ထွက်မိုင်းသုံးကာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ပုလောမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းအား တိုက်ခိုက်ရန်လာစဉ် နန်းပရုပ်ရွာအနီး ထပ်မံ တိုက်ပွဲ ဖြစ်ခဲ့ပြီး အင်အား ၇၀ ခန့်ရှိ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 29, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့သော အမေရိကန်စစ်သား နေရပ်ပြန်ရောက် မြောက်ကိုရီးယားကနေ အမေရိကန်စစ်သား Travis King ကို တရုတ်နယ်မြေကတဆင့် ထွက်ခွာဖို့ ခွင့်ပြုခဲ့ပြီး တောင်ကိုးရီးယား ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထရာ့ဗစ်ကင်းဟာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကနေ အမေရိကန်နိုင်ငံ ကို စက်တင်ဘာ ၂၈ ရက်နေ့က ပြန်ရောက်လာပြီလို့ ဆိုထားပါတယ်။ ဒါကို အမေရိကန်သမ္မတ အိမ်ဖြူတော်က တရုတ်အစိုးရ နဲ့ ဆွီဒင်အစိုးရတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျေးဇူးတင်စကား ပြောလိုက်တာပါ။ ဆွီဒင်တာဝန်ရှိသူတွေက အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယား နဲ့ တရုတ်နယ်စပ် ကို […]