ပုလောကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး
Dawei Watch
October 5, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောအရှေ့ဖျား ကျေးရွာများဖြစ်သည့် နန်းတောင်၊ဂျင့်ဂါ၊ မှော်မိ၊ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဒူးရင်းပင်ရှောင်၊ ပုလောကုန်းနှင့် မိကျောင်းသိုက် ကျေးရွာအုပ်စုများဘက်သို့ မနေ့ (အောက်တိုဘာ ၄) ကစတင် စစ်ကြောင်း ထိုးလာကြောင်း ဒေသခံများ ကပြောသည်။ “ဂျင့်ဂါမှော်မိဖက် အင်အားတစ်ရာနဲ့ ပုလောကုန်း၊မိကျောင်းသိုက်ဖက်ကိုလည်း အင်အားတစ်ရာကျော် စစ်ကြောင်းနှစ်ကြောင်းထိုးလာတယ်။ ရွာသားတွေတော့ အကုန်ရှောင်ပြေးကုန်ကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကြောင်းထိုးလာစဥ် မှော်မိနှင့်ဂျင့်ဂါရွာ၌ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး မိုင်းပေါက်ကွဲသံများ ကြားရသည်ဟု ဒေသခံများ ကဆိုသည်။ ထိတွေ့မှုများဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံ အမျိုးသား နောက်တစ်ဦး ကပြောသည်။ “မိုင်းကတော့ တော်တော်ကွဲပြီး ရှေ့ကိုသိပ်မတိုးနိုင်ဘူးလို့ ကြားရတယ်။ လက်နက်ကြီးပစ်တာလည်း […]


