BREAKING
November 9, 2025

သတင်း

စစ်ကောင်စီ ဖမ်းထားသည့် ခမောင်းချောင်းဒေသခံ သားအဖ အလောင်းသာပြန်တွေ့

Dawei Watch

October 6, 2023

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရေဖြူမြိုနယ် ခမောင်းချောင်းရွာက သားအဖ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၄ ရက်နေ့တွင် ဦးသန်း၏ရုပ်အလောင်းကို ခမောင်းချောင်းရွာအနီး တောင်ကြောတွင်တွေ့ရပြီး၊ ၎င်း၏သားဖြစ်သူ ကိုသားငယ်၏ ရုပ်အလောင်းကို စီးနှင်းခံရသည့် PDF စခန်းတစ်ခုအနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြန်တွေ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ” သားဖနှစ်ယောက် အလောင်းတွေက တစ်နေရာစီမှာ တွေ့ရတယ် “ဟု ၎င်းကပြောသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အထူးပွားရေးဇုန်‌ဒေသဖြစ်သည့် ခမောင်းချောင်း ရွာကို ဝင်ရောက်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ၁ဝ ဦးမှာ ခမောင်းချောင်းရွာအနီး ဥယျာဉ်ခြံတစ်တစ်ခုတွင် စစ်ဘေးရှောင်ရင်း ဦးသန်းတို့သားအဖနှစ်ဦးနှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက် […]

မြိတ်တွင် ဘောတံတား ညစောင့်အမျိုးသား ပစ်သတ်ခံရ

Dawei Watch

October 6, 2023

မြိတ်မြို့၊ အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားတွင် မနေ့ (အောက်တိုဘာ ၅) ည ၁၁ နာရီအချိန်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ အဆိုပါ ဘောတံတားတွင် ညစောင့်အဖြစ် လုပ်ကိုင်နေသည့် အသက် ၄၀ နှစ်ခန့်ရှိ ကိုဝတုတ်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။ “ညနက်နေပြီဆိုတော့ သေနတ်သံတွေ ဘာတွေတော့ မကြားရဘူး၊ မနက်လင်းမှ သေနတ်ပစ်သတ်ခံရတာလို့ သိရတယ်။ သူက အနေအေးတဲ့သူပါ၊ ကြားရတာ စိတ်တောင်မကောင်းဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ညစောင့်အမျိုးသားကို ပျူစောထီးအဖွဲ့က လာရောက်ပစ်ခတ်ပြီး အလောင်းအား သယ်ယူသွားခြင်းဖြစ်ကြောင်း တံတားရှိ အလုပ်သမားအချို့က ဆိုသည်။ “တံတားကလူတွေက ဒီလိုပဲ ပြောဆိုသံတွေ […]

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

Dawei Watch

October 6, 2023

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ၊ ရေဝိုင်းကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအုပ်စု ၊ ပခပ်အင်းရွာတို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။ “ ကျသွားတဲ့တစ်ယောက်က အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရတယ်။ ပခပ်အင်းမှာကျသွားတာပါ “ ကျဆုံးသွားသည့် ရဲဘော်နှင့်နီးစပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထားဝယ် ပကဖ အဖွဲ့တစ်ခုဖြစ်သည့် DGRF အဖွဲ့မှ ရဲဘော်တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ DGRF အဖွဲ့ […]

KNU တပ်မဟာ-၄ က ကော်သူးလေတပ်၏ စခန်းငယ်တစ်ခုကို သိမ်းပိုက်

Dawei Watch

October 6, 2023

ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်အနီးက ကော်သူးလေအာမီ-KTLA တပ်စခန်းငယ်တစ်ခုကို KNU တပ်မဟာ-၄ ၏ KNLA တပ်ရင်းက အောက်တိုဘာ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ အတည်ပြုချက်အရ သိရသည်။ ယင်းစခန်းမှာ ကော်သူးလေအာမီ၏ ယာယီကင်းစခန်းတစ်ခုသာဖြစ်ပြီး ကော်သူးလေအာမီတပ်ဖွဲ့ဝင် အနည်းငယ်သာ နေထိုင်သည့်နေရာလည်းဖြစ်ကြောင်း ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။ အဆိုပါစခန်းတွင် ကော်သူးလေတပ်ဖွဲ့ဝင်များ အမြဲတမ်းနေထိုင်ခြင်းမရှိသလို ထားဝယ်ဒေသက တော်လှန်ရေးခရီးသွားရဲဘော်များ ခရီးတစ်ထောက်လာနားသည့် စခန်းလည်းဖြစ်သည်ဟု ကိုချမ်းက ပြောသည်။ “ဘာကြောင့်မပစ်ခတ်တာလဲဆိုတော့ ကျွန်တော်တို့က သူတို့လာနေတာသိတဲ့အတွက် ရှောင်ပြီးနေကြပါတယ်။ ခရီးသွားတဲ့စခန်းပေါ့။ ကျွန်တော်တို့အဖွဲ့ကလူတွေရော ဒေသခံ Local PDF တွေရော‌ရှိတယ်။ လက်နက်တွေ အီကွစ်မန့်(အသုံးအဆောင်)တွေ၊ ရိက္ခာတွေလာစုတဲ့ နေရာဖြစ်တဲ့အတွက် သူတို့တွေမှာလည်း လက်နက်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မရှိတဲ့အတွက် မလိုလားအပ်တဲ့ […]

တနင်္သာရီ ထုံခါအကျဥ်းစခန်းအနီး တိုက်ပွဲဖြစ်

Dawei Watch

October 5, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။ ယနေ့ (အောက်တိုဘာ ၅) နံနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ပြီး ၁ နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်သံများလည်း ကြားရကြောင်း ဒေသခံများကပြောသည်။ “ကော်သူးလေအဖွဲ့က အကျဥ်းစခန်းကိုဝင်ပစ်တယ်။ ဟိုဖက်(စစ်ကောင်စီဖက်)မှာ အထိအခိုက်ရှိတယ် ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ထုံခါရွာအနီး ဆင်ဖြူရှင်(၄) ရဲဘက် အကျဥ်းစခန်းကို ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄)နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KTLA-tcjf-Tanintharyi တပ်ဖွဲ့က ယနေ့ညနေတွင် ထုတ်ပြန်ထားသည်။ တစ်နာရီနီးပါးအကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သေဆုံးဒဏ်ရာရမှု အရေအတွက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းအပြင် အကျဥ်းစခန်းရှိ ကင်းတဲသုံးလုံးလည်း […]

ဖမ်းဆီးခံ ကျောက်နီမော်ရွာသားလေးဦးအနက် နှစ်ဦးပြန်လွတ်

Dawei Watch

October 5, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ဒေသ PDF အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည့် ဒေသခံလေးဦးအနက် နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်ပြီးနောက် ဒေသခံရွာသား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ယင်းအနက် အမျိုးသားတစ်ဦးမှာ အောက်တိုဘာလ ၄ရက်နေ့ကပင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသမီး တစ်ဦးမှာ ယနေ့ အောက်တိုဘာလ ၅ရက် နံနက်ပိုင်းက ပြန်လွတ်မြောက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာပြန်ရောက်နေပါပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုဂျွန်ဂို (ခေါ်) ပျူဂန်ဆိုသူနှင့် ကိုကျော်စိုးဆိုသူ နှစ်ဦးကိုမူ PDF က ဆက်လက်ဖမ်းဆီးထားသည်ဟု သိရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးကို မည်သည့် အကြောင်းအရင်းကြောင့် […]

စစ်ကောင်စီက သရက်ချောင်းကို စစ်ကြောင်းထိုးနေပြီး ဒေသခံ ၉ ဦးဖမ်းထား

Dawei Watch

October 5, 2023

စစ်ကောင်စီတပ်က သရက်ချောင်းအောက်ပိုင်းကို စစ်ကြောင်းထိုးနေပြီး ကမြိုင်ရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။  ခြေလျင်စစ်ကြောင်းဖြင့် ယနေ့ (အောက်တိုဘာ ၅) မနက်ပိုင်းတွင် ရငဲရွာ၊ ကမြိုင်ရွာနှင့် ဝဲရစ်ရွာများသို့ ဝင်ရောက်လာပြီး လူမရှိသည့်နေအိမ်များကိုလည်း ရိုက်ဖွင့်သွားသည်ဟု ၎င်းတို့ကဆိုသည်။ “အရင်ကလို ပစ်ခတ်ပြီးဝင်လာတာတော့မဟုတ်ဘူး ။ သေနတ်တော့ပစ်ပြီးမလာဘူး“ ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသူများကို ခေါ်ဆောင်ကာ အထိုင်ချတပ်စွဲထားသည့် ရငဲရွာ မြွေတောင်သို့ ပြန်ထွက်သွားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကြောင်းထွက်ခွာသွားပြီးနောက် လက်နက်ကြီးပစ်ခတ်သံ တစ်ချက်ကြားရပြီး နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ စက်တင်ဘာလ ၂၉ ရက်ကလည်း သရက်ချောင်းမြို့နယ် ၊ ကနက်သီရီရွာကို အင်အား ၄၀ ကျော်ရှိ စစ်ကောင်စီတပ်က ကား၃ စီးဖြင့်ရောက်လာပြီး ၅ […]

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းပေးမည်

Dawei Watch

October 5, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းကို ထိုင်းတရားရေးဝန်ကြီးဌာနက ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်း Siam Paragon ရှောပင်းစင်တာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသော တရုတ်အမျိုးသမီးနှင့် မြန်မာအမျိုးသမီးကို နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက Sakolphat Kijdamrongsak ကပြောကြားခဲ့သည်။ သေဆုံးသွားသော မြန်မာအမျိုးသမီးသည် အသက် ၃၁ နှစ်အရွယ် မမိုးမြင့်အမည်ရှိသူဖြစ်ပြီး မွန်ပြည်နယ် သထုံမြို့ဇာတိဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။ နစ်နာကြေးပေးမည့်ကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိကို မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။  “အဲဒါတော့ ကျွန်တော်တို့ မသိသေးပါဘူးနော်။ နာရေးကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာလည်း သူ့ရဲ့တူရှိတယ်လေ။ […]