ရေဖြူတွင် စစ်ကောင်စီတပ်က ယာဉ်များနှင့် လုပ်ငန်းများကို ဝင်စစ်ပြီး ဒဏ်ကြေးဟုဆိုကာ ငွေတောင်း
Dawei Watch
October 11, 2023စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ဇီးကျရွာသို့ ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ယာဉ်များကို စစ်ဆေး၍ ဒဏ်ကြေးဟုဆိုကာ ငွေတောင်းခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မနေ့(အောက်တိုဘာ ၁၀) မနက်ပိုင်းက ဇီးကျရွာရှိ လူနေအိမ်များကိုဝင်ရောက် စစ်ဆေးမေးမြန်းပြီး လိုင်စင်သက်တမ်းလွန်နေသည့် မော်တော်ဆိုင်ကယ်၊သစ်စက်၊ အိမ်သုံးမီးသွေးဖုတ်လုပ်ငန်းလုပ်သူများကို ဒဏ်ကြေးတောင်းသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မနက်စောစော မူးရူးပြီး လာကြတာ၊ ဆိုင်ကယ်တွေကို အိမ်အထဲထိဝင်စစ်တယ်၊ စိတ်ကောင်းရှိတဲ့ စစ်သားတွေ နဲ့တွေ့တဲ့အိမ်ဆိုရင်လည်း ဘာမှမပြောဘူး”ဟု ၎င်းကပြောသည်။ ဇီးကျရွာဒေသခံများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ကျော် ဒဏ်ကြေးပေးလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိပ်ကပ်ထဲ ထည့်ထားတဲ့ ကိုးထောင်တောင် မချန်ဘူး ပေးလိုက်ရတာ “ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယင်းကဲသို့စစ်ဆေးပြီးနောက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သေနတ် ပစ်ဖောက်ပြီး […]


