BREAKING
November 10, 2025

သတင်း

ကျောက်နီမော်ရွာသားသုံးဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာတွင်ပြန်လွတ်

Dawei Watch

October 15, 2023

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၃ ရက်နေ့က ကျောက်နီမော်ရွာတွင် တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်သည့် ဒေါ်ရီစန်းနှင့် သားဖြစ်သူ ကိုသားကြီး၊ သားမက်ဖြစ်သူတို့၏ တယ်လီဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနောက် တစ်ရက်အကြာတွင် သုံးဦးစလုံး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းက ပြောဆိုသည်။ “အဲဒီနေ့က သူတိုဖက်ပိုင်း (အင်းနီတွင်း) က လူတွေ ပြေးနေတာ။ သူတို့က မပြေးဘဲနေပြီး ကျန်ခဲ့တော့ ဖုန်းတွေစစ်ပြီး ဖမ်းခံလိုက်ရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 14, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာလ ၉ ရက် ည ၁၁နာရီခွဲလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး လေယာဉ်သံ မကြားရတာကြောင့် စစ်ကောင်စီက ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၆ဝနီးပါးရှိပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေက စစ်ဘေးရှောင်တွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။ လိုင်ဇာနဲ့ ၂မိုင်လောက်ဝေးတဲ့ ဒီမုန်လိုင်ခက်ရွာမှာ […]

ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ရှစ်ဦးကို တာဝန်မှရပ်စဲ

Dawei Watch

October 14, 2023

ထားဝယ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defence Force – EDF) က ဘဏ္ဍာရေးမှူးအပါအဝင် ရဲဘော် ရှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တာဝန်ရပ်စဲခံရသည့် ရဲဘော် ရှစ်ဦးမှာ ဘဏ္ဍာရေးမှူး ရဲဘော်ယက္ခလေး၊ ရဲဘော် ဦးကြီး ၊ ရဲဘော်ခွေးပု၊ ရဲဘော်နောင်နောင်၊ ရဲဘော်ရဲဝင်း၊ ရဲဘော်စိုင်းစိုင်း၊ ရဲဘော် မလွှမ်းနှင့် ရဲဘော် မထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ရဲဘော်တွေအချင်းချင်း အခန့်မသင့်ဘဲ တပ်ဖွဲ့က ထွက်သွားတာ။ တပ်ဖွဲ့နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော် မျက်နှာစုံညီရှင်းပေးဖို့ ခေါ်သေးတယ်။ သူတို့ပြန်မလာတော့ဘူး အကြောင်းပြန်တယ်” လို့ ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရက္ခက […]

တနင်္သာရီ တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲဖြစ်

Dawei Watch

October 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ တမုတ်ချုံးရွာအနီးရှိ စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်းနှင့် မိမိတို့ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီဘက်မှ သေဆုံးသည့် အရေအတွက်မှာ သီးခြားအတည်ပြုနိုင်ခြင်း မရှိဘဲ မြိတ်ခရိုင် တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရသာ သိရှိရခြင်းဖြစ်သည်။ တိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၂)၊တပ်ခွဲ (၁)(၂)၊ တနင်္သာရီ(ပကဖ)များဖြစ်သည့် တောင်ပံနီ၊ ဘက်မလိုက် ပြောက်ကျား၊ တနင်္သာရီရိုးမနှင့် တနင်္သာရီတိုင်းစစ်ဌါန၊ စစ်ဆင်ရေးဌာန လက်ရုံးတပ်(Dragon Squad )တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း […]

ပုလော ကြဲရွာတွင် နေအိမ်များ မီးရှို့ခံရ

Dawei Watch

October 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာတွင် နေအိမ်များ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၃ ရက် ညနေ ၅ နာရီက ကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခံကြောင်း ဒေသခံများက ဆိုသည်။ “တပြားလုံး (တစ်စုလုံး) မီးခိုးတက်နေတယ်ဆိုတော့ တစ်ဆယ်ကျော်လောက် ရှိနိုင်တယ်။ လက်ရှိက ရွာထဲမဝင်ရဲကြသေးလို့ အတိအကျ မသိရသေးဘူး။ လောင်တဲ့ဖက်မှာ ဈေးဆိုင်တွေလည်းရှိတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်အင်အား ခုနစ်ဆယ်ဝန်းကျင်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်အထိ ကျေးရွာအတွင်းရှိ နေသေးကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ရွာသားများမှာ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ ပုန်းအောင်းနေကြရကြောင်း ဒေသခံများက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 14, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အစ္စရေး-ဟားမတ်စ်အရေးကြောင့် ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှု များလာနိုင် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခပြင်းထန်လာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာတဝန်းမှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ များပြားလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု Salt Lacke City မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုပါ ကြုံတွေ့ခဲ့ကြရတာပါ။ စိန့်လူးဝစ်မှာလည်း ကုန်ကားပေါ်က ဂျူးဆန့်ကျင်ရေးစာတမ်းတွေ ရေးသားခဲ့တဲ့အတွက် ရဲတွေက အရေးယူဆောင်ရွက်ခဲ့ရပါသေးတယ်။ ဗြိတိန်နိုင်ငံမှာတော့ ပဋိပက္ခတွေစတင်ပြီး ၄ ရက်ထဲမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ၃၀၀ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့တယ်လို့ Community Security Trust အဖွဲ့က ထောက်ပြခဲ့ပါတယ်။ […]

ထားဝယ်တွင် သက်သတ်လွတ် စတုဒိသာကျွေးပွဲ ၉ ရက်ဆက်တိုက်ကျင်းပမည်

Dawei Watch

October 13, 2023

ထားဝယ်တွင် သက်သတ်လွတ် စတုဒိသာကျွေးပွဲကို အောက်တိုဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ ၉ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှသိရသည်။ ထားဝယ်မြို့ ကျွန်းမွှေး ၁ လမ်း ၊သံပရာကန် အနီးရှိ အမှတ် က/၇၄၃ နေအိမ်အနီးတွင် အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး မနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ တစ်ကြိမ် ၊ညနေ ၄ နာရီမှ ၅ နာရီခွဲအထိတစ်ကြိမ် တစ်ရက်နှစ်ကြိမ် သက်သတ်လွတ်ထမင်း နှင့် စားစရာများကို ကျွေးမွေးသွားမည်ဟု ဦးဆောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။ “အဓိက ကပ်ဘေးတွေကနေ လွတ်မြောက်ပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ ခုနှစ်ရက်သားသမီးများ မေတ္တာပွားနိုင်ရန်အတွက်ရယ်၊ နောက်ပြီး အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေ ကိုလည်း အလှူပေးသလိုမျိုးဖြစ်‌အောင်၊ သီတင်းကျွတ်ကာလမှာ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၇ဦး ဖမ်းဆီးခံရ

Dawei Watch

October 13, 2023

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ည ၉ နာရီခွဲခန့်တွင် စန်ခရာဘူရီ နော့လူဒေသ၌ ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် ပစ်ကပ်ကားတစ်စီးသည် ကားအနောက်ကို ကင်းဗက်ပိုင်းဖြင့် ဖုံး၍ သာမာန်အလေးချိန်ထက် ပိုပြီး တင်ဆောင်လာကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ပစ်ကပ်ကားသည် ပြန်ကွေ့၍ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ရာ လမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါပစ်ကပ်ကားကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကားသမားသည် ညအမှောင်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။ ကားထဲနှင့် အနောက်က ကင်းဗက်ပိုင်းအောက်တွင် ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာအလုပ်သမား […]