BREAKING
November 10, 2025

သတင်း

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

Dawei Watch

October 18, 2023

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ထားဝယ်တက္ကသိုလ် ၊ ဒဿနိကဗေဒဘာသာရပ်အထူးပြု ၊ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို အောက်တိုဘာ ၁၆ တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ကိုလင်းထက်ဖြိုးကို ဇူလိုင်လ ၂၆ ရက် က ထားဝယ်မြို့ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၅ဝ(ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုပြီးနောက် ၂ လ ကျော်အကြာတွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ “ အမိန့်က အပြီးသတ်အမိန့်ပါပဲ။ နောက်ထပ်အမှုထပ်မရှိတော့ဘူး“ ဟု ကိုလင်းထက်ဖြိုး၏ မိတ်ဆွေတစ်ဦးကပြောသည်။ ကိုလင်းထက်ဖြိုး သည် ထားဝယ်ဒေသခံ […]

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

Dawei Watch

October 18, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က ယနေ့ (အောက်တိုဘာ ၁၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အသက် ၅၂ အရွယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းသည် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ်  ပစ်ခတ်ခံရခြင်းဖြစ်သည်။   ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့်အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားခဲ့သည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “သူက (ဦးဇော်နိုင်လင်း) လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန်။ ထိုင်နေတာကတော့ သူတစ်ယောက်တည်းပဲ အဲချိန်မှာ ဟိုက (သေနတ်သမား) ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်။ သုံးချက်လောက် ပစ်ထည့်ပြီး ပြန်ထွက်သွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။   သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရပြီးနောက် ရေးမြို့ပေါ်အနှံ့နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သလို အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက်မှ ဦးအောင်သူ (ခ) ဦးစည်သူဆိုသူ ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။ ယင်းပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေးမြို့ရှိ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သေးသည်။ ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။ ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိသူကို ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သပိတ်မျှောပွဲ နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူနည်း

Dawei Watch

October 18, 2023

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူမရှိသလောက် ဖြစ်လာသည်ဟု သပိတ်အိုးရောင်းသူအချို့က ပြောသည်။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်း ကာလများတွင် ပွဲလမ်းသဘင်များမရှိသဖြင့် သပိတ်ရောင်းအားမှာ လေးနှစ်ဆက်တိုက် ကျနေသည်ဟု အိုးလုပ်ငန်းလုပ်သူအချို့က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်နှစ်လျှင် သပိတ်အိုးအလုံးရေ နှစ်သောင်းနီးပါးခန့် ထုတ်လုပ်ရောင်းချခဲ့ရသော်လည်း ကိုဗစ်ကာလတွင် သုံးပုံနှစ်ပုံခန့် လျော့ကျခဲ့သည်ဟု ၎င်းတို့ထံမှသိရသည်။ အာဏာစသိမ်းသည့်နှစ်က အလုံးရေ ခြောက်ထောင်ခန့် ရောင်းခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် သီတင်းကျွတ်ကာလနီးသည်အထိ အလုံးရေ ၁၀၀၀ ကျော်သာ ရောင်းရသေးသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ “အခုက အခြေနေဆိုးလာတယ်မဟုတ်လား၊ ရွာတွေမှာ လူရှိလား၊ နခံတောလိုနေရာမှာတောင် ပြေးနေကြရသေးတာ၊ ကနက်သီရိရွာတွေဘက်ဆိုလည်း လူမရှိကြဘူး၊ ပြေးနေကြရတာ၊ တစ်နှစ်ထက်တစ်နှစ် […]

ဂါဇာဆေးရုံတိုက်ခိုက်ခံရပြီး လူငါးရာခန့်သေဆုံး၊ သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံပွဲကို ဂျော်ဒန်ဖျက်သိမ်း

Dawei Watch

October 18, 2023

ဂါဇာအလယ်ပိုင်းရှိ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသောဆေးရုံကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ငါးရာခန့်သေဆုံးကြောင်း ဟားမတ်စ်အာဏာပိုင်များက ပြောသည်။ ဂါဇာအလယ်ပိုင်းရှိ Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရချိန်တွင် ဆေးရုံ၌ ဒဏ်ရာရလူနာများသာမက မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ပါလက်စတိုင်းများ ခိုလှုံနေခဲ့ကြသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါက ၂၀၀၈ နောက်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးမှု အများဆုံးဖြစ်လာနိုင်မည်ဖြစ်သည်။ ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး စစ်ကို ရပ်တန့်ရေးကလွဲ၍ အခြားပြောဆိုရန် မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းနောက် ဂျော်ဒန်သို့ ထပ်မံသွားရောက်ကာ ဂျော်ဒန်ဘုရင်၊ အီဂျစ်သမ္မတနှင့် ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။ […]

မြိတ်တွင် ယနေ့နံနက် ယာဉ်တိုက်မှုနှစ်ခုဖြစ်ပြီး အမျိုးသားသုံးဦးသေဆုံး

Dawei Watch

October 18, 2023

မြိတ်မြို့တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားပြီး အမျိုးသားသုံးဦး သေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ မြိတ်မြို့ ရွှေပေးလမ်းမကြီး (မြိတ်-ကျွဲကူးကားလမ်းမပေါ်) တွင် နံနက် ၈နာရီက ဘေးတွဲဆိုင်ကယ်က သုံးဘီးနှင့် ဆိုင်ကယ်တစ်စီးတို့အား ဝင်တိုက်ခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ “ဘေးတွဲက အရှိန်နဲ့မောင်းလာပြီး‌တော့ တစ်ဖက်ယာဉ်ကြောက သုံးဘီးနှင့် ဆိုင်ကယ်ကို ဝင်တိုက်သွားတာ” ဟု နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ တိုက်မိပြီး ဘေးတွဲဆိုင်ကယ်တွင် လိုက်ပါလာသည့် အမျိုးသားသုံးဦးအနက် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း ၎င်းက ဆိုသည်။ “နောက်တစ်ယောက်က ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။ ဘေးတွဲဆိုင်ကယ်မောင်းသူအပါအဝင် ထိခိုက်ဒဏ်ရာရသူတို့အား မြိတ်ဆေးရုံကြီးသို့ […]

မြိတ်တွင်ဘုရားဖူးများထံမှ စစ်ကောင်စီတပ် ငွေတောင်း

Dawei Watch

October 17, 2023

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းအနီးရှိ ပေါ်တော်မူဘုရားသို့ ဘုရားဖူးလာသူများထံမှ စစ်ကောင်စီတပ်က ငွေကြေး တောင်းယူနေကြောင်း မြို့ခံအချို့၏ ပြောဆိုချက်အရ သိရသည်။ ပေါ်တော်မူဘုရားရင်ပြင်ပေါ်ရှိ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားဖူးလာသူများထံမှ ငွေများတောင်းယူနေခြင်းဖြစ်ကြောင်း ပေါ်တော်မူဘုရားအနီးနေသူအချို့က ပြောသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးရန် ဆိုင်ကယ်ဖြင့်လာစဉ် ဟန့်တားစစ်ဆေးကာ ငွေငါးသောင်းကျပ်တောင်းကြောင်း ကိုယ်တိုင်ကြုံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မော်တော်ပီကယ်လည်း မဟုတ်ဘူး။ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတယ်။ ဆိုင်ကယ်လိုင်စင်စာအုပ်တွေ အစုံပါတာတောင် လက်မခံဘူး။ ဘုရားပေါ်တက်လာလို့ ငွေပဲပေးပါလို့ တောင်းကြတာ” ဟု ၎င်းက ပြောသည်။ ငွေနှစ်သောင်းကျပ်သာပါရှိသဖြင့် ယင်းငွေကို ပေးခဲ့ရသည်ဟု သိရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ ထို့အပြင် ဘုရားရင်ပြင်ပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသူများထံမှလည်း ဓာတ်ပုံမရိုက်ရသည့်နေရာတွင် ဓာတ်ပုံရိုက်သည်ဟုဆိုကာ […]

ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်ဒဏ် ၃၂နှစ်ထပ်ချခံရ၊ ထောင်ဒဏ် ၄၄ နှစ်အထိဖြစ်လာ

Dawei Watch

October 17, 2023

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ထားဝယ်ခရိုင် တရားရုံးက ထောင်ဒဏ် ၃၂နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၄၄နှစ်အထိ ရှိလာကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။ ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူမှာ မယဉ်ယဉ်ချိုဖြစ်ပြီး ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ များထဲတွင် အမြင့်ဆုံးထောင်ဒဏ်ချခံထားရသူဖြစ်ကြောင်း DPPN အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး ယင်းအနက် တော်လှန်ရေးအဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဆိုကာ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကို ယခုနှစ် မေလတွင် ချမှတ်ခံရကြောင်း DPPN ထံမှ သိရသည်။ ကျန်ရှိသော အမှု ၄ မှုအတွက် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ထောင်ဒဏ် ၃၂ နှစ် […]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနက်ဖြန် အစ္စရေးသွားမည်

Dawei Watch

October 17, 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များကို တွေ့ဆုံရန်အတွက် မနက်ဖြန် (အောက်တိုဘာ ၁၈) တွင် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ဂါဇာဒေသတွင် လူသားချင်းစာနာမှုအခြေအနေများ သေရေးရှင်ရေး ပြင်းထန်လာချိန်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်တွင် အမေရိကန်က အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသရန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်က ကြေညာခဲ့သည်။ ထိုကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အရာရှိများနှင့် ၇ နာရီကျော်အကြာ စကားပြောဆိုပြီးနောက် သမ္မတဂျိုးဘိုင်ဒင်၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “အစ္စရေးအတွက်ရော ဒေသအတွက်ရော ကမ္ဘာကြီးအတွက်ရော အကျပ်အတည်းတွေ ရှိနေချိန်မှာ သူဒီကိုလာမယ်” ဟု ဘလင်ကန်က ပြောကြားခဲ့သည်။ နောက် ဂျော်ဒန်နိုင်ငံသို့ သွားကာ ဘုရင် Abdullah II ၊ […]