BREAKING
November 10, 2025

သတင်း

ပုလောငါးဖမ်းလှေငယ်များ အကန့်အသတ်ဖြင့် ငါးပြန်ဖမ်းခွင့်ပြု

Dawei Watch

October 20, 2023

တစ်လကျော်ကြာ ငါးဖမ်းခွင့် ပိတ်ခံထားရသည့် ပုလောမြို့နယ်တွင် ငါးဖမ်းလှေငယ်များကို နေရာအကန့်အသတ်ဖြင့် ပြန်ဖမ်းခွင့်ပြုလိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရန် စစ်ကောင်စီရေတပ်မှ နှုတ်မိန့်ဖြင့်ပိတ်ပင်ခဲ့ပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၈ ရက်ကစတင်ပြီး ပြန်လည်ဖမ်းဆီးခွင့် ပြုပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ရေလုပ်သားတွေ အားလုံးက ရာအိမ်မှူးတွေကတစ်ဆင့် ဝိုင်းပြီး တင်ပြတောင်းဆိုတော့ တမြန်နေ့ကခွင့်ပြုချက်ရတယ်။ လက်ရှိတော်တော်များများက ပြန်ထွက်ဖမ်းနေကြပြီ။ မထွက်ရသေးတဲ့ လှေတွေလည်းရှိနေကြတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ပြန်လည်ဖမ်းဆီးခွင့်ပြုရာတွင် ရေတပ်စစ်သင်္ဘောများ ရပ်နားထားသည့် နေရာအနီးသို့ လာရောက်ဖမ်းဆီးခွင့် မပြုကြောင်း ဒေသခံများကဆိုသည်။ “လုံးဇယာကျွန်းဘက်ကိုတော့ လာခွင့်မပေးဘူး။ အဲဒီဘက်မှာ ရေတပ်သင်္ဘောတွေ စောင့်နေကြတယ်”ဟု ဒေသခံနောက်တစ်ဦး ကလည်းပြောဆိုသည်။ လုံးဇယာကျွန်း၏ အရှေ့ဖက်တွင် လက္ကူး၊ကဒဲကျေးရွာအုပ်စုရှိပြီး ကဒဲချောင်းအတွင်းရှိ […]

သေဆုံးသွားသော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁ သန်းကျော်ရရှိ

Dawei Watch

October 20, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေရင်း လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေးငွေ ဘတ် ၁ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သေဆုံးသူသည် ကိုဇော်လင်းထက်အမည်ရှိသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဇာတိဖြစ်ကြောင်း သိရသည်။ ၎င်းသည် ချွန်ဘူရီခရိုင်ရှိ Evergrowing Resources Recycling (Thailand) Co., Ltd တွင် အလုပ်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်အတွင်း ဖော့်လစ်ကားတိမ်းမှောက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ကျန်ရစ်သူမိသားစုဝင်များ နစ်နာကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ခင်ပြုံးအတွက် နစ်နာကြေးငွေ ဘတ် ၁၀၁၇၂၄၄ ကို ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ မိခင်ဖြစ်သူအတွက် ချာချင်ဆောင် လူမှုဖူလုံရေးရုံးက […]

မြိတ်မြို့၊တိုးချဲ့ဈေးတွင် ခါးပိုက်နှိုက်မှုများလာ

Dawei Watch

October 20, 2023

မြိတ်မြို့၊တိုးချဲ့ဈေးခေါ် အောင်မင်္ဂလာဈေးတွင် ခါးပိုက်နှိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဈေးသူဈေးသားများနှင့် မြို့ခံများထံမှသိရသည်။ ယင်းဈေးတွင် ယခင်က ခါးပိုက်နှိုက်မှုအနည်းအကျဥ်းသာ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုလပိုင်းအတွင်း ခါးပိုက်နှိုက်ခံရသူဦးရေ ပိုမိုများပြားလာကြောင်း ဈေးရောင်းဝယ်သူများ ကပြောသည်။ ခါးပိုက်နှိုက်ခံရမှုများလာသဖြင့် ယင်းဈေးအတွင်း ခါးပိုက်နှိုက်သတိထားရန် အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနေသည်ကို မနေ့(အောက်တိုဘာ ၁၉)ညနေက မြင်တွေ့ခဲ့ရကြောင်း ဈေးဝယ်သွားသည့် အမျိုးသမီးတစ်ဦး ကပြောသည်။ “ပိုက်ဆံအိတ်တွေကို အနောက်ဘက်မှာ မထားနဲ့ အရှေ့ဘက်မှာ ထားကြပါ။ ချိုင်းကြားမှာ သေချာ ညှပ်ထားကြပါ”ဆိုပြီး လိုက်အော်နေတယ်”ဟု ၎င်းကပြောသည်။ အောက်တိုဘာ ၁၈ ညနေကလည်း ဈေးလာဝယ်သူ အမျိုးသမီးတစ်ဦး၏ သားရေလွယ်အိတ် ဓါးဖြင့်အခွဲခံရပြီး ငွေကျပ်ငါးသိန်းကျော်အပါအဝင် ရွှေနားကပ်တစ်ရံနှင့် မှတ်ပုံတင်များ နှိုက်ယူခံရသည်ဟု ဈေးရောင်းချသူများ ကပြောသည်။ “ပင်လယ်ရွာကနေ ဂဏန်းလာရောင်းပြီး လိုအပ်တဲ့ အခြောက်အခြမ်းတွေ ဝယ်နေတုန်း ဓါးနဲ့အိတ်ခွဲပြီး […]

ထားဝယ်မြို့က မမဘုရားပွဲ

Dawei Watch

October 19, 2023

ပွင့်လင်းရာသီအစ ထားဝယ်မြို့ရဲ့ ပထမဆုံးပွဲတော်ဖြစ်တဲ့ မမဘုရားပွဲကို ရှမ္မလည်ဆွဲလမ်းဆုံက စရီးမားရီယမ္မားဘုရားကျောင်းမှာ ကျင်းပနေပါပြီ။ အောက်တိုဘာလ ၁၅ ရက်ကနေ အောက်တိုဘာလ ၂၃ ရက်အထိ ၉ ရက်တိတိကျင်းပမှာဖြစ်ပါတယ်။ မနက် ၆ နာရီကနေ ည ၈ နာရီအထိပဲ အချိန်အကန့်အသတ်နဲ့ ကျင်းပနေတာလည်းဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမတိုင်ခင်ကတော့ မမဘုရားပွဲကို အခုလိုအချိန်ကန့်သတ် ကျင်းပတာမျိုးမဟုတ်ပါဘူး။ ဒါ့အပြင် ဘုရားကျောင်းပူဇော်ပွဲပြီးရင် မြို့လုံးကျွတ်လှည့်လှည့်လေ့ရှိပါတယ်။ ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပဋိပက္ခတွေကြောင့် မြို့ထဲလှည့်တဲ့အစီအစဉ်ကို ထည့်သွင်းမကျင်းပတော့တာ ဒီကနေ့အထိပါပဲ။ အခုကျင်းပနေတဲ့ မမဘုရားပွဲမှာ ဘုရားလာဖူးသူတွေ၊ ဈေးလာဝယ်သူတွေနဲ့ ညနေ ၆ နာရီနောက်ပိုင်း အတော်သင့်စည်ကား‌နေတာကို တွေ့ရပါတယ်။ ထားဝယ်မြို့ရဲ့ အထင်ကရပွဲတော်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ မမဘုရားပွဲငါးရက်မြောက်နေ့ ည‌နေ ၅ နာရီကနေ […]

ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၁၇ရက်ကြာအထိ သတင်းမရ

Dawei Watch

October 19, 2023

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်း ရေးမြို့နယ်အပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ကားနှင့်အတူ ဖမ်းဆီးခံရပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ၎င်းယာဉ်မောင်း၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာဇာတိ ဦးကြူဝင်းသိန်းဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂ ရက် တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် ရေးမြို့နယ်အထွက် ခမရ ၅၆၈ တပ်ရင်းအလွန်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးပြောသည်။ အဆိုပါအဖမ်းခံရသည့် ယာဉ်မောင်း၏ Probox ကားတွင် လိုက်ပါလာသည့်ခရီးသည် သုံးဦး၏ ပြန်လည် ပြောပြချက်အရ အဖမ်းခံရသည်ကို သိရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၉နာရီတွင် Probox ကားအား လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက တား၍ […]

ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာ၍ ဒေသခံများစစ်ဘေးရှောင်

Dawei Watch

October 19, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၉) မနက်ပိုင်းက ထပ်မံရောက်ရှိလာသဖြင့် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ရေဖြူမြို့၏အနောက်ဖက် ကင်းတံတားနှင့် လောင်းလုံးမြို့ ပန်းတင်အင်းရွာများဘက် ဝင်ရောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကလက်နက်ကြီး နှစ်ချက်လောက်ကြားရတယ်။ ကင်းတံဝာားဘက်၊ လောင်းလုံးကလာတဲ့ စစ်ကြောင်းကလည်း မူးဒူးဘက်ရောက်နေတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ဧကနိ၊ဝက်ချောင်း၊ခမောင်းချောင်း၊ ရငဲ၊ဝါးဇွမ်းတော၊ရလိုင်၊ ပု‌ ဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ “ရွာပြန်လာတာ လေးရက်ပဲရှိသေးတယ်။ အခု ပြန် ပြေးနေရပြန်ပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့က ဝက်ချောင်းရွာတံတားအနီး ပစ်သတ်ခံရပြီးနောက် ငါးရက်အကြာ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းအမျိုးသားမီးမှာ စက်တင်ဘာ […]

ထားဝယ်ဒေသက မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးခိုင်းသည့်ငွေကျပ် ၁ဝသိန်းလိမ်လည်ခံရ

Dawei Watch

October 19, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက မိဘဘိုးဘွားများထံ စပရိုက်လက်ဆောင် ပေးခိုင်းသည့် ငွေကျပ် ၁၀ သိန်း အလိမ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သားသမီးမြေးများစုပေါင်းကာ မိဘဘိုးဘွားများကို စပရိုက် လက်ဆောင်ပေးရန် KK Gifts Shop& Group Service- Dawei-(KK) အမည်ဖြင့် Facebook စာမျက်နှာကို အလုပ်အပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း အောက်တိုဘာလ ၁၁ရက်က လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၁၈ ရက်တွင် မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးရမည့်နေ့ဖြစ်ပြီး အောက်တိုဘာလ ၁၇ရက်က အထက်ပါ Page မက်ဆင်ဂျာမှ ဆက်သွယ်ရာ အဆက်အသွယ်ရသေးကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။ အောက်တိုဘာလ ၁၈ရက် နံနက်တွင်မူ အဆိုပါ Page […]

မြိတ်တွင် နေအိမ်ဖောက်ထွင်းမှု ဆက်တိုက်ဖြစ်

Dawei Watch

October 18, 2023

မြိတ်မြို့တွင် ယခုလအတွင်း ညအချိန် နေအိမ်ဖောက်ထွင်းမှုဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။ နေအိမ်တို့အား ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများအပြင် ဆိုင်ကယ်တို့အား ခိုးယူခံနေရကြောင်း ၎င်းတို့က ဆိုသည်။ အောက်တိုဘာလ ၁၅ ရက် နံနက် ၁ နာရီခွဲက ဘုရားကိုင်ရပ်ကွက် နတ်မော်ကျောင်းလမ်းရှိ နေအိမ်တစ်ဆောင်တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ‌ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “လူတွေက အပေါ်ထပ်မှာ နေကြတာ။ အောက်ထပ်က ဆိုင်ကယ်အခိုးခံလိုက်ရတာပါ။ လိုင်စင်စာအုပ်တွေပါ ပါသွားတယ်” ဟု ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ခြေတိုင်ရှည်နေအိမ်၏ အောက်ထပ်တွင် သော့ခေတ်ထားသည့် ၂၀၁၆ ခုနှစ်ထုတ် ကလစ် အဖြူရောင်ဆိုင်ကယ် အခိုးရခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ယနေ့ အောက်တိုဘာလ ၁၈ ရက်‌ နံနက် ၁နာရီခွဲက ပါရမီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ဖောက်ထွင်းခံရပြီး […]