တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
July 13, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အထိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ဖို့ တရုတ်ပြော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့ဖို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာသမ္မတဟောင်းဦးသိန်းစိန်နဲ့ ပေကျင်းမှာ တွေ့ဆုံချိန် အခုလို ဖျောင်းဖျပေးဖို့ ပြောဆိုလိုက်တာလို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လကုန်ပိုင်းက တရုတ်ကို သွားရောက်ခဲ့ပြီး ဇူလိုင်လ ၆ရက်နေ့မှာတော့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ […]


