ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းသို့ နွားများ တရားမဝင်သယ်ဆောင်လာသော မြန်မာငါးဦး ဖမ်းဆီးခံရ

Dawei Watch

July 15, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် နွားအကောင် ၂၀ ကို တရားမဝင် သယ်ဆောင်လာသော မြန်မာနိုင်ငံသား ငါးဦး ယနေ့ ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကရင်ပြည်နယ်နှင့် ထိစပ်နေသော တာခ့်ခရိုင် ထာ့ဆောင်ယမ်ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် စမ်းချောင်းထဲတွင် နွားများသယ်ဆောင်လာသော မသင်္ကာစရာ လူအုပ်စုကို တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ဆိုသည်။ အာဏာပိုင်များ လာရောက်စစ်ဆေးချိန် လူအုပ်စုမှာ ထွက်ပြေးခဲ့ကြသဖြင့် နောက်က လိုက်လံဖမ်းဆီးရာမှ မြန်မာအမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် အသက် ၂၀ မှ ၅၀ အရွယ်များ ဖြစ်ကြပြီး အားလုံးသည် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း […]

လောင်းလုံးတွင် ကျေးရွာအချို့ ကို လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း တပ်ဖြန့်ဝင်

Dawei Watch

July 15, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်စစ်ကြောင်းဝင်ရောက်ကာ တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများကပြောသည်။ ထားဝယ်မြို့ဘက်မှ ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး အင်းဇောက်၊ သဗျာ စသည့် ကျေးရွာများအနီး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် သဗျာရွာသားအမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အရှေ့သဗျာရွာမှာ တစ်လုံးကျတယ်။ အိမ်ကြားထဲကျသွားတာ ဒဏ်ရာရသူရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။ ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အင်းဇောက်၊ သဗျာရွာတို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းတို့ ရောက်ရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ထားဝယ်ဘက်မှလာသည့် စစ်ကောင်စီတပ် […]

ဖူးခက်တွင် ထိုင်းအမျိုးသမီး၏ ရင်သားကို ကိုင်ခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 14, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်နောက်က ထိုင်လိုက်လာသော ထိုင်းအမျိုးသမီးတစ်ဦး၏ ရင်သားကို ထိကိုင်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၃ နှစ်အရွယ် အောင်ကိုဖြိုးဆိုသူ ဖြစ်သည်။ ဖူးခက်မြို့ရှိ Super Cheap ဈေးဝယ်စတိုးအနီးတွင် ပြီးခဲ့သော ဇူလိုင်လ ၉ ရက် ည ၉ နာရီခွဲခန့်က ထိုင်းအမျိုးသမီးသည် သူငယ်ချင်းမောင်းလာသော ဆိုင်ကယ်နောက်က ထိုင်လိုက်လာစဉ် ယင်းဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက ရင်သားကို ထိကိုင်ခဲ့ကြောင်း ဆိုသည်။ ထို့နောက် သူငယ်ချင်းဖြစ်သူကို ဆိုင်ကယ် နှေးနှေးမောင်းရန်ပြောပြီး ကျူးလွန်သူကို ဖြေရှင်းပေးရန် အော်ဟစ်ခဲ့ရာ မြန်မာအမျိုးသားက ဆိုင်ကယ်ကို ပြန်လှည့်လာပြီး ရန်ပြုရန် ပြုလုပ်ခဲ့သေးကြောင်း သတင်းများတွင် […]

KNLA ခေါင်းဆောင်များလိုက်ပါလာသည့်ကားကို ကော်သူးလေတပ်ဖွဲ့ပစ်ခတ်

Dawei Watch

July 14, 2024

KNU (ကရင်အမျိုးသား အစည်းအရုံး) တပ်မဟာ ၄ နှင့် KNLA(ကရင်အမျိုးသား လွတ်မြောက်ရေးတပ်) ခေါင်းဆောင်များ လိုက်ပါလာသည့်ကားကို ကော်သူးလေတပ်(KTLA) က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကော်သူးလေတပ်က ထားဝယ်-ထီးခီး လမ်းပိုင်း ရင်ကွဲတောင်တွင် စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ ၄ နှင့် KTLA နှစ်ဖက်တပ်ဖွဲ့ဘက်က ၆ ဦးဒဏ်ရာရသွားကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။ ဇူလိုင်လ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ထီးခီးဘက်ကိုပြန်လာသည့် KNU တပ်မဟာ ၄ နှင့် KNLA တပ်ရင်း ၇၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်များ […]

စစ်ကြောင်းဝင်လာ၍ လောင်းလုံး၊ ပန်းဒလဲရွာသားများ ထွက်ပြေးတိမ်းရှောင်

Dawei Watch

July 14, 2024

စစ်ကောင်စီ၊ စစ်ကြောင်းရုတ်တရက် ဝင်ရောက်လာသည့်အတွက် လောင်းလုံးမြို့နယ် ပန်းဒလဲရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ (ဇူလိုင် ၁၄) နေ့လယ် ၁၂ နာရီအချိန်တွင် ပန်းဒလဲရွာအနောက်ဘက်မှနေ၍ စစ်ကောင်စီစစ်ကြောင်း ရောက်လာသည့်အတွက် ရွာသားများထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “တောထဲကနေ ရုတ်တရက်ထွက်လာတယ်။ အခုရွာသားတွေ တိမ်းရှောင် နေကြရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းမှာ ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ပန်းဒလဲ ကျောင်းကြီးအနီးတွင်ရှိသည့် နေအိမ်များကို ဝင်ရောက် စစ်ဆေးနေကြောင်း၊ ဖမ်းဆီးခံထားရသည့် ဒေသခံများလည်းရှိကြောင်း ဒေသခံများထံမှသိရသည်။ နယ်မြေလုံခြုံရေးအရှိန်မြင့် ဆောင်ရွက်မည်ဟု ဇွန်လ ၃၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းထုတ်ပြန်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်မှ လောင်းလုံးမြိနယ်ရှိ ကျေးရွာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိလာသလို […]

သမ္မတလောင်း ဒေါ်နယ်ထရမ့်သေနတ်ဖြင် ပစ်ခတ်ခံရ၍ ဒဏ်ရာအနည်းငယ်ရ

Dawei Watch

July 14, 2024

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရှိ ဘတ်တလာမြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်ရန်ကြိုးစားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိသွားသည်။ လက်ရှိဖြစ်စဉ်အရ ဒေါ်နယ်ထရမ့်ကို လုပ်ကြံလိုသော အုပ်စုတစ်ခုရှိနေသည်ဟု ယူဆရဖွယ်ရှိနေပြီး ကျည်ဆန်မှာ ဒေါ်နယ်ထရမ့်၏နားရွက်ကို ရှပ်ထိသွားခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြနေကြသည်။ သေနတ်သမားက သေနတ်ပစ်လိုက်အပြီးတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရပြီး နောက်ဆုံးရရှိသော သတင်းများအရ ထရမ့်မှာ ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။ အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သေနတ်နှင့်ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်လိုက်ပြီး သတင်းအတည်ပြုချက်တွေများမှာလည်း ကွဲပြားမှုများရှိနေသည်ကို မြင်တွေ့ကြရသည်။ အချို့သောသတင်းရင်းမြစ်များက သေနတ်သမားနှင့် မဲဆွယ်စည်းရုံးရေးအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦး အသက်ဆုံးရှုံးကာ လုံခြုံရေးတာဝန်ယူထားသူ နှစ်ဦးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရေးသားနေပြီး အချို့သောသတင်းဌာနများကမူ သမ္မတဟောင်း ဒေါ်နယ်ထရမ့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 13, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အထိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ဖို့ တရုတ်ပြော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့ဖို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာသမ္မတဟောင်းဦးသိန်းစိန်နဲ့ ပေကျင်းမှာ တွေ့ဆုံချိန် အခုလို ဖျောင်းဖျပေးဖို့ ပြောဆိုလိုက်တာလို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လကုန်ပိုင်းက တရုတ်ကို သွားရောက်ခဲ့ပြီး ဇူလိုင်လ ၆ရက်နေ့မှာတော့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ […]

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

July 13, 2024

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင် ၁၃)နေ့လယ်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ Mi2 ရဟတ်ယာဉ်တစ်စီး၊ K8W တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၂ လုံးခန့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပဝကျေးရွာအုပ်စုကို လှည့်ပတ်ပစ်ခတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက် မော်တုံးအခြေစိုက် အမြောက်တပ် ၃၀၆ တပ်ရင်းကလည်း ပဝကျေးရွာအုပ်စုဘက်ကို ၁၂၀ မမလက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။ “၅ မိုင်ရွာတိုက်ပွဲနဲ့တော့ ဆက်စပ်မှုမရှိပါဘူး၊ ကျန်တော်ထင်တာ ဇူလိုင် ၇ ရက်နေ့က သင်တန်းဆင်းပွဲလုပ်တယ်တော့ ပဝဖက်မှာလို့ထင်ပြီး လာလုပ်တာဖြစ်နိုင်ခြေရှိပါတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ […]