ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းနိုင်ငံသားထံမှ ဘတ်သုံးသန်းကျော် လိမ်လည်သည်ဟုဆိုကာ မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွှေအရောင်းအဝယ်ကိစ္စနှင့်ပက်သက်၍ ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဘတ် သုံးသန်းကျော် လိမ်လည်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ မြန်မာသုံးဦးသည် ရွှေအရောင်းအဝယ် လုပ်မည်ဆိုပြီး ထိုင်းနိုင်ငံသားတစ်ဦးထံမှ ငွေလိမ်ကာထွက်ပြေး သွားပြီးနောက် ထိုင်းသို့ ထပ်မံပြန်ဝင်လာချိန် ဘန်ကောက်မြို့ရှိ ဖရာထိုင်းနယ်မြေတွင် ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်လ ၁၆ ရက်က ပြုလုပ်သော ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဘန်ကောက်ရှိ တရုတ်တန်းဒေသ ရာဝလတ်တွင် ဖွင့်ထားသော ရွှေဆိုင်တစ်ဆိုင်က ရွှေအမြောက်အများထည့်ထားသော မီးခံသေတ္တာကို ရောင်းချရန်ကြေညာရာ မြန်မာနိုင်ငံသားများက ရွှေများဝယ်ပြီး ပြန်ရောင်းလိုသဖြင့် ငွေကြေးထုတ်ပေးရန် ထိုင်းနိုင်ငံသားတစ်ဦးထံ ချဉ်းကပ်ခဲ့ကြောင်း ဆိုသည်။ ရွှေကို ပြန်ရောင်းပြီးလျှင် ထုတ်ပေးထားသည့် ငွေကြေးအပြင် အမြတ်ငွေများပါပေးမည်ဟု မြန်မာများက အာမခံခဲ့သဖြင့် ဘတ်သုံးသန်းကျော်ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်နိုင်ငံသားကပြောဆိုကြောင်း […]

ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်းသေဆုံးမှု FBI ကိုခေါ်ယူထားဟုဆို

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အပါအဝင် ရဲတပ်ဖွဲ့များက အမှုကို ဖြေရှင်းနိုင်ရန် အပူတပြင်း ကြိုးစားနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး လူဖီနီနေရာအနီး၏ ဟိုတယ်တစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၆) ညပိုင်းက သေဆုံးနေသော အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားများသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရန် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) ကိုလည်း ခေါ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားများ သေဆုံးမှုအတွက် ဝန်ကြီးချုပ် ဆေ့ထာထဝီဆင်က ဗီယက်နမ်သံအမတ်နှင့် ညတွင်းချင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ထို့နောက် ဝန်ကြီးချုပ်က […]

ရန်ကုန်-ထားဝယ် ကားလမ်းတွင် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ၊ ကားများပိတ်မိ

Dawei Watch

July 17, 2024

ရန်ကုန် – ထားဝယ်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကရင်လေးဆိပ်တံတား ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီ ဝန်းကျင်တွင်မိုင်းခွဲခံရပြီး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်လေးဆိပ်ကျေးရွာအနီးရှိ အရှည် ၁၀ ပေခန့်၊ အကျယ် ၅၄ ပေခန့်ရှိသည့် ကရင်လေးဆိပ်တံတား မိုင်းခွဲခံရခြင်း ဖြစ်ပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ညပိုင်းပေါက်ကွဲသံကြားပြီး မနက်မှ တံတားကျိုးနေတာသိရတာပါ” ဟု ဒေသ လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တံတားပြိုကျသွားသဖြင့် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ခရီးသွားနှင့် ဒေသခံတို့ထံမှ သိရသည်။ “တံတားက တံတားအသေးတစ်စင်းပဲဆိုပေမယ့် ပြိုကျသွားတော့ ကားတွေ သွားလာလို့မရတော့ဘူး။ ကားအသေးတွေ ကတော့ ရွာဘက်က သွားဖို့ လုပ်နေပေမယ့် ဟိုဘက် […]

ထားဝယ် နှင့် မြိတ်တွင် အိမ်သုံးဂတ်စ် ပြတ်လပ်

Dawei Watch

July 16, 2024

မြိတ်နှင့် ထားဝယ်မြို့များတွင် ဂတ်စ်ဖြည့်ဆိုင်များတွင် အိမ်သုံးဂတ်စ်များ ပြတ်လပ်နေကြောင်း လုပ်ငန်းရှင်များ နှင့် မြို့ခံများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ဂတ်စ်သယ်ယူမှုများ ရပ်နားသွားသဖြင့် ထားဝယ် နှင့် မြိတ် မြို့များအတွက် အိမ်သုံးဂတ်စ်ကို ရန်ကုန်မှ တင်သွင်းနေရသည်။ ထိုသို့ တင်သွင်းရာတွင် ခွဲတမ်းဖြင့်ယူရသဖြင့် မလုံလောက်မှုဖြစ်သည်ဟု ဂတ်စ်ကုန်သည်များကဆိုသည်။ လက်ကား ရောင်းချသူများမှာ ခွဲတမ်း အလုံအလောက်မရသဖြင့် လက်လီသမားများမှာ ဆိုင်ပိတ်ထားရကြောင်း ထားဝယ်မြို့မှ အိမ်သုံး ဂတ်စ်အိုးဖြည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ “ခွဲတမ်းက အခုလအတွက်ဆိုလုံးဝမရသေးဘူး။ ခွဲတမ်းကို ကားအစီးရေနဲ့ ပေးတယ်။ အခုလအတွက် တစ်စီးစာတောင်မရသေးဘူး။ ထားဝယ်မှာကျန်နေတာက လက်ကျန်ဂတ်စ်ပေါ့။ ၁၅ ကီလို လာဖြည့်ရင် ၃ ကီလို၊ ၄ ကီလိုဖြည့်ပေးလိုက်နဲ့မျှသုံးနေကြတယ်။ အချို့ဆိုလုံးဝမရဘူး” ဟု ထားဝယ်ဒေသခံ ဂတ်စ်ကုန်သည် […]

စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ဝင်နေသောကြောင့် လောင်းလုံးဒေသခံများစိုးရိမ်

Dawei Watch

July 16, 2024

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင်လည်း အင်အား ထပ်ဖြည့်လာ ဝင်ရောက်သောကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်နှင့် လောင်းလုံးမြို့နယ်ကြားရှိ ကျေးရွာများကို ယနေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်ဘက်က မြေတင်ကား တစ်စင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အပြည့်လိုက်ပါလာသော စစ်ကြောင်း ထပ်မံရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။ လောင်းလုံးမြို့နယ်က ကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ ရက်မှစတင်ကာ လောင်းလုံး-ထားဝယ်လမ်းပိုင်း၏ အနောက်ဘက် တောတန်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဇူလိုင်လ ၁၅ ရက်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် စစ်ကြောင်း ထပ်တိုးဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် ရွာဟောင်းဝရွာ၊ သဗျာရွာတို့တွင် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားကြောင်း […]

ထိုင်းတွင် တစ်လကျော်အတွင်း လုပ်ငန်းခွင်ထဲမှ မြန်မာရှစ်သောင်းကျော် စစ်ဆေးခံရပြီး ၄၇၀ ကျော် အဖမ်းခံရ

Dawei Watch

July 16, 2024

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၃၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာနိုင်ငံသား ရှစ်သောင်းကျော်အပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ပြီး မြန်မာ ၄၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော် စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကြောင့် နောက်ထပ် ၃ လခန့် ဆက်လက်စစ်ဆေး သွားဦးမည်ဖြစ်သည်။ ဘန်ကောက်မြို့ရှိ စက်ရုံများ၊ ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးစက်ရုံများ၊ ဥဒွန်းဌာနီရှိ စားသောက်ဆိုင်များ၊ ချာချင်ဆောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း […]

သံဖြူဇရပ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

Dawei Watch

July 16, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခမ်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က သံဖြူဇရပ်-ရေးကားလမ်း၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခမ်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စခမ်းကြီးကျေးရွာအနီးအရောက်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦးသည် အခင်းဖြစ်ရပ်နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အဲဒီနေရာမှာ ကင်းစောင့်နေတဲ့ စစ်သားတွေရှိတယ်။ သူတို့ကနေ အဲဒီဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ပစ်ထည့် လိုက်တာ။ နှစ်ဦးစလုံး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းတို့ကို ညပိုင်းတွင်မှသာ ဒေသခံတို့က သွားရောက်ယူဆောင်ခဲ့ကြောင်း […]

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မော်တုံးရွာက အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

July 15, 2024

တနင်္သာရီမြို့နယ် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မော်တုန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီအမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဇူလိုင်လ ၁၅ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် လက်နက်ကြီး ခုနစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းလက်နက်ကြီးကျည်များမှာ မော်တုန်းကျေးရွာအုပ်စုအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ပြောဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရှေ့မော်တုန်းကျေးရွာအုပ်စု ကမ်းရိုးတန်း- ၂ ရွာတွင် နေထိုင်သည့် အသက် ၄၂ အရွယ် ဒေါ်မီးငယ် ကျည်စ ထိမှန်ပြီးသေဆုံးသွားကြောင်း မော်တုန်းရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အသိနာရေးအိမ်ကိုအသွား အန္ဒာပြင်(ရွာ)က သူ့အဖေအိမ်ထဲ ဝင်နားနေတဲ့အချိန်မှာ လက်နက်ကြီးက ကျသွားတာမျိုးပါ” ဟု ၎င်းက […]