မြန်မာနယ်စပ် ပကျော့ခရိုင်ကအာဇာနည်နေ့
Dawei Watch
July 19, 2024တနင်္သာရီတိုင်း၊ မောတောင်မြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံပရာကျော့ခရိုင်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်က ကျင်းပခဲ့သည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်း၊ မောတောင်မြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံပရာကျော့ခရိုင်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်က ကျင်းပခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုက အရှိန်မြင့်တက်နေပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြာင့် တစ်ပတ်အတွင်း လူပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကြတာပါ။ ဇူလိုင်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အတိုက်အခံပါတီဖြစ်တဲ့ Bangladesh Nationalist Party (BNP) ပါတီရဲ့ အတွင်းရေးမှူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒါကာမြို့တော်မှာ လူစုလူဝေးခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ အစိုးရအမှုထမ်းရာထူးတွေကို လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်မိသားစုတွေအတွက် ဦးစားပေးခွဲတန်း ချမှတ်မှုအပေါ် မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာခဲ့တာဖြစ်ပါတယ်။ အစိုးရအလုပ် ၅၆ ရာခိုင်နှုန်းလောက်ကို စစ်ပြန်မိသားစုတွေ အတွက်ဆိုပြီး သီးသန့်ချန်ထားပြီး ကျန်တဲ့နေရာတွေအတွက် သာမန်ပြည်သူ ၆ သိန်းလောက်က ဝင်ရောက် ယှဉ်ပြိုင်ကြိုးစားရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း အလားတူ […]
ကမ္ဘာတစ်ဝန်းတွင် ယနေ့ ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်နေသဖြင့် လေကြောင်းခရီးစဉ်များ၊ ဘဏ်လုပ်ငန်းများနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲကြုံနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာလုပ်ငန်း ပြဿနာပေါ်ပေါက်လာခြင်းကြောင့် အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် ဩစတေးလျနိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းများ အခက်အခဲကြုံနေကြခြင်းဖြစ်သည်။ Microsoft နှင့် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့တွင် နည်းပညာချို့ယွင်းကာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီး နည်းပညာချို့ယွင်းသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဆိုထားသည်။ နည်းပညာပြဿနာပေါ်ပေါက်လာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ လေယာဉ်အများစု မြေပြင်ဆင်းသက်ထားကြောင်း ထုတ်ပြန်ထားသည်။ စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း Check in ဝင်ရောက်သည့်နည်းစနစ် ပြတ်တောက်နေသဖြင့် လူအစားထိုးပြုလုပ်နေရပြီး အချိန် ကြန့်ကြာမှုရှိနေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် လေဆိပ်တွင် စောင့်ဆိုင်းနေသော ခရီးသည်လူတန်းရှည်ဖြစ်လာနေပြီး […]
ရေဖြူမြို့နယ်၊ ဇာဒီရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ယခု ဇူလိုင်လအတွင်း နေအိမ်ငါးလုံးကို ချိပ်ပိတ်လိုက်ကြောင်း ရွာသားများထံမှ သိရသည်။ ဇူလိုင်လ ၁၇ ရက်တွင် ဇာဒီရွာ သစ်လှတောရပ်ကွက်နှင့် ရွာမရပ်ကွက်တို့ရှိ နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းမတိုင်မီ ဇာဒီရွာအတွင်း စစ်ကောင်စီ စစ်ကြောင်းရှိနေစဥ်ကလည်း နေအိမ်လေးလုံးကို ချိပ်ပိတ်ခဲ့ပြီး အိမ်ရှင်များ၏ တောင်းဆိုချက်အရ နေအိမ်နှစ်လုံးကို ချိပ်ပိတ်ခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။ “ကြတ်ခြေခတ်ပုံစံ အနီရောင်စာပြားကပ်ပြီး ချိတ်ပိတ်တယ်။ ပြီးတော့ ဒီအိမ်တွေမှာ ဘယ်သူမှနေလို့ မရဘူးဆိုပြီး ပြောခဲ့တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ PDF တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည့်နေအိမ်များဖြစ်၍ လာရောက်ချိပ်ပိတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။ ဇူလိုင်လ ၈ရက်နှင့် […]
လောင်းလုံးမြို့နယ်အတွင်း အာဇာနည်နေ့ အခမ်းအနားကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီအပါအဝင် တော်လှန်ရေးအင်အားစုဝင်အချို့က ယနေ့ (ဇူလိုင်လ ၁၉ ရက်)တွင် ပြုလုပ်သည့် မြင်ကွင်း။
လောင်းလုံးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ပေါ် အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည့် ယနေ့ နံနက်ပိုင်းတွင် ညင်းမော်ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်နောက် (ရွာအနောက်ဘက် တောတန်း) ကနေ ပေါ်လာတာ ရွာတွေထဲမှာတော့ လူမရှိတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထို့နောက် စစ်ကောင်စီ စစ်ကြောင်းသည် နံနက် ၁၁ နာရီကျော်တွင် ညင်းမော်ကျေးရွာအုပ်စုရှိ ရင်းဘုတ်ရွာသို့ ရောက်ရှိလာချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အခုထိ ပစ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေရောပဲ။ ကျွန်မ မြင်နေတာ အိမ်နှစ်ဆောင်လောက်ရှိတယ် မီးခိုးတက်နေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ […]
၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်းတွင် ယနေ့ (ဇူလိုင်လ ၁၉ ရက်နေ့)ကျင်းပ ပြုလုပ်နေစဉ်။
စစ်ကောင်စီတပ်က ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမောက်ငယ်ရွာ အုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်က ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၂ တပ်ရင်းမှ အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်းက ခမောင်ငယ်ကျေးရွာအုပ်စုရှိ ရွာသစ်ရွာကိုရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ ဆောင်ခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “သူတို့(စကစ)က ရွာကိုဝင်လာပြီး ရွာထဲကနေအိမ်မှာရှိနေသူတွေကို နှင်လွှတ်ပြီးတော့ နေအိမ်တွေကို မီးရှို့တယ်ပေါ့နား(နော်)။ မီးရှို့ပြီးတော့ သူတို့ကပြန်ထွက်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။ ယင်းနေ့ နံနက် ၈နာရီခန့်တွင်လည်း […]