ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ဇင်ရွာက လယ်သမားတစ်ဦးသေဆုံး

Dawei Watch

July 21, 2024

မြိတ်-ထားဝယ်ကားလမ်းပေါ် ရွှေဂူတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် သရက်ချောင်း မြို့နယ်၊ ညောင်ဇင်ရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ရွာသားများထံမှ သိရသည်။ ဇူလိုင်လ ၂၀ ရက်ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။ သေဆုံးသူသည် အသက် ၆၀ ဝန်းကျင်အရွယ် လယ်သမား ဦးမျိုးလွင်ဆိုသူဖြစ်ပြီး ညောင်ဇင် အထက ကျောင်းအနီးရှိ ၎င်း၏ လယ်ကွင်း၌ ရှိနေစဉ် လက်နက်ကြီးကျည်စ ရင်ဘတ်တွင်ထိမှန်ကာ နေရာတွင်ပင်သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ “ရွှေဂူတံတားကနေ တိုက်ပွဲလည်းမရှိဘဲနဲ့ ပစ်လိုက်တာ” ဟု ဦးမျိုးလွင်၏ ဆွေမျိုးတော်စပ်သူတစ်ဦး‌က ပြောသည်။ လက်နက်ကြီး မပစ်ခတ်မီ ဇူလိုင်လ ၂ဝ ရက် မနက်ပိုင်းကတည်းက ညောင်ဇင်ရွာကို စစ်ကောင်စီတပ်သားများ ရောက်ရှိနေ ကာ လမ်းသွားလမ်းလာယာဉ်များနှင့် […]

မြိတ် လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရား ဝါဆိုလပြည့်မြင်ကွင်း

Dawei Watch

July 20, 2024

မြိတ်မြို့ရှိ လေးကျွန်းဆီမီးသိမ်တော်ကြီးဘုရားတွင် ယနေ့(ဇူလိုင် ၂၀ ရက်)​ဝါဆိုလပြည့် ညနေပိုင်းမြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 20, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်းမှာ ပထမဆုံးသိမ်းယူတဲ့မြို့နယ်ဖြစ်လာတဲ့ စဥ့်ကူး စဥ့်ကူးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူတဲ့ မန္တလေးတိုင်းထဲက ပထမဆုံးမြို့နယ်ဖြစ်လာပါတယ်။ စဥ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ စဥ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်တာကြောင့် မြို့ဧရိယာနဲ့ လူနေအိမ် အများအပြားဟာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ စဥ့်ကူးမြို့ဟာ မန္တလေးမြို့နဲ့ မိုင် […]

စဉ့်ကူးမြို့နယ်ကို MDY-PDF သိမ်းပိုက်၊ မန္တလေးတိုင်းတွင် ပထမဆုံးသိမ်းယူသည့် မြို့ဖြစ်လာ

Dawei Watch

July 20, 2024

စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကိုသိမ်းယူကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မန္တလေးတိုင်းတွင် ပထမဆုံး သိမ်းယူနိုင်သည့် မြို့နယ်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၂၀ရက်တွင် ကြေညာသည်။ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် စဉ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့မှာ မန္တလေးမြို့နှင့် မိုင် ၅၀ ကျော်အကွာတွင် တည်ရှိသည်။ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်တို့က […]

တော်လှန်ရေးအဖွဲ့များဦးဆောင်ပြုလုပ်သည့် သရက်ချောင်းမြို့နယ်က အာဇာနည်နေ့ အခမ်းအနား

Dawei Watch

July 19, 2024

၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဒေါင်းညီနောင်စစ်ကြောင်း)တို့ ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်ရှိ လွတ်မြောက်နယ်‌မြေတစ်နေရာတွင် ယနေ့နံနက်က ကျင်းပခဲ့သည်။  

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 19, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ အိုင်တီနည်းပညာ ချို့ယွင်းမှုကြောင့် ကမ္ဘာတဝန်း လေယာဉ်၊ ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်ကြုံ ကမ္ဘာတစ်ဝန်း ဇူလိုင်လ ၁၉ ရက်နေ့က ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်ခဲ့လို့ လေကြောင်းခရီးစဉ်တွေ ဘဏ်လုပ်ငန်းတွေနဲ့ အခြားဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်အခဲကြုံတွေ့ခဲ့ကြပါတယ်။ အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနဲ ဩစတေးလျနိုင်ငံတွေက လေကြောင်းလိုင်းတွေ ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းတွေ အဓိက အခက်ကြုံခဲ့ကြတာပါ။ Microsoft နဲ့ ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့ရဲ့ နည်းပညာတွေ ချို့ယွင်းခဲ့ကြတာဖြစ်ပြီး အကြောင်းအရင်းကို ရှာဖွေဖြေရှင်းဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ နည်းပညာပြဿနာပေါ်ပေါက်လာခဲ့လို့ အမေရိကန်ပြည်ထောင်စုက လေယာဉ်အများစု မြေပြင်ဆင်းသက်ခဲ့ရပါတယ်။ စင်ကာပူက […]

KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်ဖွဲ့က ဖမ်းဆီး

Dawei Watch

July 19, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့က ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးထားကြောင်း KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်ရင်း ၂၇ က တပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝကုန်းရွာလမ်းပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်။ ဘာမှပွတ်တိုက်မှုပြဿနာ မဖြစ်စေချင်ဘူးလေ။ တယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိရှိသွားတာ သူတို့ဖမ်းထားတယ်။ အခုဖမ်းတဲ့အဖွဲ့တွေက ကျွန်တော်တို့နဲ့ လာမပူးပေါင်းဘူး။ ပူးပေါင်းတဲ့ အဖွဲ့တွေက ကျွန်တော်တို့နဲ့ ဘာပြဿနာမှ မရှိဘူး။ တချို့ KTLA က အရာရှိတွေလည်း ကျွန်တော်တို့နဲ့ […]

မြန်မာနယ်စပ် ပကျော့ခရိုင်ကအာဇာနည်နေ့

Dawei Watch

July 19, 2024

တနင်္သာရီတိုင်း၊ မောတောင်မြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံပရာကျော့ခရိုင်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်က ကျင်းပခဲ့သည်။