ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်ရှိ စျေးဝယ်စင်တာတစ်ခုတွင် မြန်မာတစ်ဦးအသတ်ခံရ

Dawei Watch

July 22, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကပီနယ်မြေရှိ စျေးဝယ်စင်တာတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၂၁ ရက် ည ၆ နာရီခန့်က အသတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သေဆုံးသူသည် အသက် ၃၄ နှစ်အရွယ် ခွန်ရှင်းမွန်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး Happy Land ရှောပင်းစင်တာ၏ ဆိုင်ကယ်ရပ်နားသောနေရာတွင် ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားသည် လည်ပင်းနှင့် ရင်အုံတွင် ဓားဒဏ်ရာနှစ်ချက်ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ဓားဖြင့် အထိုးခံရပြီးနောက် မြန်မာနိုင်ငံသားက အနီးရှိ လုံခြုံရေးကို အကူအညီတောင်းခံပြီး ကယ်ဆယ်ရေးအဖွဲ့ များ လာရောက်ပြီး မိနစ် ၄၀ခန့် အသက်ကယ်နည်း CPR ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွားကြောင်း ဖော်ပြသည်။ သေဆုံးသူသည် သူငယ်ချင်းဖြစ်သူနှင့်အတူ အပြင်ထွက်လာစဉ် ဆိုင်ကယ်တစ်စီးရှေ့ ပိတ်၍ လမ်းလျှောက်မိရာမှ ဆိုင်ကယ်စီးလာသည့် ထိုင်းနိုင်ငံသားနှင့် […]

ပုလောဒေသကာကွယ်ရေးတပ်ခွဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

Dawei Watch

July 22, 2024

ပုလောမြို့နယ်အတွင်းလှုပ်ရှားနေသည့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး ယခုဇူလိုင်လအတွင်း သေဆုံးကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်တိုးကြီးသည် ဇူလိုင်လ ၁၀ရက်က စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတိုက်ပွဲတွင် သေဆုံးသွားကြောင်း အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ကိုဂျိမ်းက ပြောသည်။ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးကို ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် PK မှာ လုပ်ငန်းတာဝန်တစ်ခုထမ်းဆောင်နေစဉ် ဇူလိုင်လ ၁၅ […]

မြန်မာပြည်က ဖိနှိပ်ခံလူတန်းစားအရေးနှင့် တောင်သူလယ်သမားအရေး တက်ကြွစွာပါဝင်ခဲ့သူ ပါမောက္ခ ဂျိမ်းစကော့ ကွယ်လွန်

Dawei Watch

July 22, 2024

နိုင်ငံရေးသိပ္ပံနှင့် မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ (James Scott) သည် မြန်မာနိုင်ငံ၏ အာဇာနည်နေ့နှင့် တိုက်ဆိုင်စွာပင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၎င်း၏နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ပါမောက္ခ ဂျိမ်းစကော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို ၎င်း၏သားဖြစ်သူ အာရွန်စကော့(Aaron Scott) က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဂျိမ်းစကော့မှာ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဥ်အခိုက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ဟုဆိုသည်။ ပါမောက္ခ ဂျိမ်းစကော့သည် မြန်မာနိုင်ငံ အပါအဝင် အ‌ရှေ့တောင်အာရှတစ်ခွင်၌ တောင်သူလယ်သမားများ၊ အဖိနှိပ်ခံလူတန်းစားများ၊ အာဏာမဲ့ လူမှုအသိုက်အဝန်းများ၊ အောက်ခြေလူထု နိုင်ငံရေးနှင့် မင်းမဲ့ဝါဒဆိုင်ရာ ဘာသာရပ်များကို နှစ်ပေါင်းများစွာ မြေပြင်သုတေသန အများအပြား ဆောင်ရွက်ခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။ ပါမောက္ခ ဂျိမ်းစကော့သည် “ရွှေရိုး” (Shwe Yoe) ဟူသော […]

တရုတ်နိုင်ငံတွင် တိုက်ခိုက်သည့် ဆိုင်ကလုန်းမုန်တိုင်း နှစ်ခုကြောင့် ရေကြီးရေလျှံပြီး လူသေဆုံးမှုများ

Dawei Watch

July 22, 2024

တရုတ်နိုင်ငံကို အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းနှစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် ပြည်နယ်များစွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး တံတားကြီးတစ်စင်းလည်း ကျိုးကျသွားခဲ့ကာ တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုများနှင့် လူပျောက်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့က စတင်သည့် မုန်တိုင်းဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူသေဆုံးမှုနှင့် လူအများအပြား ပျောက်ဆုံးမှုများရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အင်အားအလုံးအရင်းဖြင့် ဆောင်ရွက်ရန် တပ်လှန့်နှိုးဆော်နေရပြီလည်းဖြစ်သည်။ ဟီနန်စီရင်စုခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လူ တစ်သိန်းကျော်ခန့် အိုးပစ်အိမ်ပစ် နေရပ်ပစ်ခွာကာ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့နေကြရပြီဖြစ်ပြီး စီချွမ်စီရင်စုခရိုင်တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ယောက်နှင့် အထက် သေဆုံးကာ လူ ၃၀ ဝန်းကျင်ခန့် ပျောက်ဆုံးနေပြီဖြစ်သည်။ ရေကြီးရေလျှံမှုဖြစ်စဉ်များသည် တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ ဆိုးဆိုးရွားရွားဖြစ်ပွားနေပြီး […]

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်

Dawei Watch

July 22, 2024

လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအဖြစ် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်သော ကာမလာ ဟဲရစ် (Kamala Harris) ကို အစားထိုးရန် ဂျိုးဘိုင်ဒင်က ထောက်ခံပြောဆိုခဲ့သည်။ အကယ်၍ ကာမလာ ဟဲရစ် (Kamala Harris) သာ သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်က တင်မြောက်လိုက်ပါက အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးသမ္မတလောင်း ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း အိုဘားမားအပါအဝင် ပါတီဝင်များက နိုင်ခြေနည်းနေသဖြင့် လာမည့်ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို ဝင်ရောက်မယှဉ်ပြိုင်ရန် ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က နုတ်ထွက်လိုက်ခြင်းဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ ဒီမိုကရက်တစ်ပါတီဘက်က အသက် ၈၁ နှစ်အရွယ် […]

ကူးတို့ဂိုဏ်းဝင် သံဃာတော်များ ဝါဆိုဝါကပ်ပြုသည့်မြင်ကွင်းများ

Dawei Watch

July 21, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာ၊ ဇေယျသီတာရုံကျောင်းတိုက်က ဂဏဝိမုတ်ကူးတို့ဂိုဏ်းဝင်သံဃာတော်များ ဝါဆိုလပြည့်ကျော်တစ်ရက် ဇူလိုင်၂၁ ရက် ညတွင် ဝါဆိုဝါကပ်ပြုကြပြီး ရွာသူရွာသားများက ဝါဆိုပန်းကပ်ကြသည်။ ထားဝယ်ဒေသတွင် နှစ်စဉ် ဝါဆိုလပြည့်ကျော်တစ်ရက်၌ တောစဉ်တောင်စဉ်တစ်လျှောက် ဝါဆိုပန်းခူး၍ ဘုရားပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် ဝါဆိုပန်းကပ်သည့် ဓလေ့ကို ပြုလုပ်လေ့ရှိကြသည်။ ကိုဗစ်မတိုင်မီကာလများတွင် ရပ်ရွာအလိုက် မိသားစုအလိုက် ရှင်ကိုးရှင်စာရင်းဝင်ဘုရားများနှင့် ရပ်ရွာအလိုက်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းကပ်၍ဘုရားဖူးခြင်းပြုလုပ်လေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ တိုက်ပွဲများအပြင် လမ်းပိုင်းများတွင် စစ်ဆေးရေးဂိတ်များ များပြားခြင်းတို့ကြောင့် ဝါဆိုပန်းကပ်ဘုရားဖူးထွက်သူ နည်းပါးကြောင်း ထားဝယ်ဒေသခံတို့က ဆိုသည်။ ရပ်ရွာနယ်မြေ မအေးချမ်းသည့် ဒေသများရှိ ဘုန်းကြီးကျောင်းများက သံဃာတော်များသည်လည်း မြို့ပေါ်ရှိ ကျောင်းများတွင် ရှောင်တိမ်း၍ ဝါဆိုဝါကပ်တော်မူရကြောင်း မြို့ပေါ်ကျောင်းတစ်ကျောင်းတွင် ခေတ္တဝါဆိုသီတင်းသုံးနေသည့် ရေဖြူမြို့နယ်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

ထိုင်းတောင်ပိုင်းက ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စေတီအုတ်မြစ်ချပွဲ

Dawei Watch

July 21, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဒေါင်းစပ်မြို့ရှိ ဘုန်းကြီးမဲကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စေတီတော်အုတ်မြစ်ချပွဲကို ယနေ့​ (ဇူလိုင် ၂၁) တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်ကို ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများပါဝင်ဆင်နွှဲခဲ့ကြသည်။

မြိတ်တွင် ရေကစားရာမှ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

Dawei Watch

July 21, 2024

မြိတ်မြို့နယ်၊ ရေမြစ်ကြီးကျေးရွာ ဝါးတော တောရကျောင်းရှိ စမ်းချောင်း‌ငယ်တွင် ရေကစားနေသည့် အသက် ၅ နှစ်အရွယ် မထက်ရတနာဆိုသူ ရေနစ်သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။ သေဆုံးသူကလေးငယ်မှာ အစ်မဖြစ်သူနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့က ချောင်းစပ်တွင် ရေကစားရာမှာ ခြေချော်ကြပြီး ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးသူ အမျိုးသားတစ်ဦးကပြောသည်။ ” ပထမ သူ့အစ်မကို ဆယ်တယ်။ သူမျောပါသွားတယ်ဆိုတာ မသိဘူး။ သူက ပေါ်မလာတော့ဘူး။ ကမ်းပေါ်က မိန်းမကြီးတစ်ယောက်က ဟိုမှာ မိန်းကလေး တစ်ယောက်မျော‌ နေတယ် ဆိုပြီးလို့အော်မှ သိတယ်” ဟု ၎င်းကပြောသည်။ ရေနစ်သူကို မြိတ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပြီး ကယ်တင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ချောင်းတွင် ဇူလိုင်လ […]