မြိတ်နှင့် ပုလောတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပမည်မဟုတ်
Dawei Watch
October 24, 2023Dawei Watch၊ အောက်တိုဘာ ၂၄ မြိတ်မြို့နယ်နှင့် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်တို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီက ယခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ ပုလောမြို့တွင် ကိုဗစ်စဖြစ်သည့် ၂၀၂၀ ခုနှစ်မှစပြီး ယခုနှစ်အထိ လေးနှစ်ဆက်တိုက် ပွဲတော်မကျင်းပဖြစ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ “ဒီနှစ်လည်း မကျင်းပနိုင်သေးပါဘူး၊ မြို့ထဲမှာတောင် ညညဆို ကြောက်နေရတဲ့ အခြေအနေဆိုတော့လေ” ဟု ပုလောမြို့နယ်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပုလောမြို့အပါအဝင် ပုလောက်မြို့၊ ပလမြို့တို့တွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်နေပြီး၊ ညဘက်အချိန်တို့တွင်လည်း ပစ်ခတ်အသံများကြားနေရသဖြင့် စိုးရိမ်ကြောက်လန့်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ ပုလော၊ ပလောက်၊ ပလမြို့တို့သည် မြိတ်-ထားဝယ် […]


