ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ဆင်ထိုးကြီးရွာတိုက်ပွဲတွင် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၀ ကျော်ဖမ်းခေါ်ခံရ

Dawei Watch

August 2, 2024

ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲတွင် အရပ်သားနှစ်ဦးသေဆုံးပြီး ဒေသခံ ၁၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် ပလောက်အခြေစိုက် စစ်ကောင်စီ ခလရ(၂၈၀) ကလည်း ဆင်ထိုးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်သဖြင့် အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းစိုး ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဆင်ထိုးရွာက စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ကျော်မင်းစိုးက လက်နက်ကြီးထိတာလို့ ပြောတယ်။ ဒန့်သလွန်ပင်ကို လက်နက်ကြီးထိပြီး အစက သူ့ကိုယ်ကို လာစင်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။ ညနေ […]

တနင်္သာရီ ပဝရွာအုပ်စုရေကြီးမှု အခြေအနေ

Dawei Watch

August 2, 2024

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတွင် ရေကြီးရေလျှံနေသည့် အခြေအနေအား ယနေ့ ဩဂုတ်လ ၂ ရက် နံနက်‌ပိုင်းက တွေ့မြင်ရသည့် မြင်ကွင်းများ ဖြစ်သည်။ စံချိန်တင် မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ မနေ့က စတင်ကာ ပြန်ကျလာပြီး လက်ရှိတွင် ၂၇ ပေ ဝန်းကျင်ရှိနေသည်။ ဇူလိုင်လ ၃၁ ရက်ကမူ မြစ်ရေမှာ ၃၁ ပေကျော်အထိ မြင့်တက်ခဲ့သည်။ လက်ရှိတွင် ရေပြန်ကျနေပြီဆိုသော်လည်း တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက်တွင်ရှိနေဆဲဖြစ်သည်။

ရန်ကုန်-ထားဝယ် ကားလမ်းရှိ တံတားတစ်စင်းထပ်မံမိုင်းခွဲခံရပြီး ကားရာချီပိတ်မိ

Dawei Watch

August 2, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ တံတားငယ် တစ်စင်းသည် ယနေ့ နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကားသမားတို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အလျား ၇၀ ပေ၊ အနံ ၁၂ ပေရှိ တံတား မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။ တံတားမိုင်းခွဲဖျက်စီးခံရသည့်အတွက် နှစ်ဖက်ကားအစီးရေ ရာနှင့်ချီပြီး ပိတ်ဆို့နေကြောင်း ကားသမားတို့က ဆိုသည်။ “တံတားက ကားလုံးဝ သွားလာလို့မရတော့ဘူး။ အခုက နှစ်ဖက်စလုံးက ကားတွေ ပိတ်ဆို့နေတယ်။ တချို့ကလည်း ရွာလမ်းကနေ သွားဖို့ ကြိုးစားနေကြတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။ လက်ရှိတွင် ကားငယ်အချို့ ကမာစိုင်ရွာပတ်လမ်းမှတစ်ဆင့် […]

သရက်ချောင်းမြို့နယ် ရန်တောင်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ စီးလာသည့် ကားပစ်ခတ်ခံရ

Dawei Watch

August 1, 2024

စစ်ကောင်စီတပ်ဖွဲ့စီးလာသည့် ကားသုံးစီးကို ယနေ့(ဩဂုတ် ၁) မနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သရက်ချောင်းမြို့နယ် ရန်တောင်ရွာအနီးတွင် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့ကနေ ထားဝယ်မြို့ဘက်ကို မောင်းနှင်လာသည့် ပရိုဘောက်ကားနှင့် ဟွန်ဒါဖစ်ကားသုံးစီးကို ရန်တောင်နှင့် သင်းကျွန်းရွာကြားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကားရှေ့တစ်စီးမှာတော့ ပြည်သူတွေပါတယ်၊ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းခေါ်လာတဲ့ပြည်သူတွေပါတယ်၊ အနောက်က တစ်စီးကိုပဲပစ်လိုက်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ မနက်ပိုင်း ထမင်းချက်နေစဉ် သေနတ်သံအတွဲလိုက် ပစ်ခတ်သံကိုကြားရကြောင်း၊ ပစ်ခတ်ခံရသည့် ကားမှာ ကားမှန်ကြေမွသွားပြီး လူထိခိုက်မှု ရှိမရှိကိုမူ မသိရကြောင်း ရန်တောင်ကျေးရွာက အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။

မလွှဲတောင်အနီး အလယ်စခန်းရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Dawei Watch

August 1, 2024

ရေဖြူမြို့နယ်၊ လော့သိုင်းအုပ်စု ၊ အလယ်စခန်းရွာတွင် ဇူလိုင်လ ၂၉ ရက် ညပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံကသိရသည်။ သေဆုံးသူသည် အသက် ၄၁ နှစ်အရွယ် ဦးမျိုးကျော်ကျော် ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ရွာအတွင်း ပြဿနာဖြစ်ပါက ဖြေရှင်းပေးလေ့ရှိသဖြင့် ရပ်ရွာလူကြီးကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများကဆိုသည်။ “သူက ရွာလူကြီးပေါ့ ၊ ရပ်ရွာထဲမှာပြဿနာဖြစ်ရင် ရှင်းပေးတယ် ။ စစ်ကောင်စီဘက်က အစည်းအဝေးတွေ သွားတာမျိုးတော့ မတွေ့ရဘူး ။ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အဆင်ပြေတဲ့ ဆက်ဆံရေးရှိတဲ့သူပါ ၊ အခုကဘယ်လိုဖြစ်သွားလဲမသိဘူး ” ဟု ရွာသားတစ်ဦးကပြောသည်။ ယင်းအမျိုးသား၏ ဈာပန ကို ဇူလိုင်လ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ၎င်းကိုမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကိုမူ […]

ရေကြီးနေသဖြင့် တနင်္သာရီတွင် လျှပ်စစ်မီးအချိန်ပိုင်းသာ ပေးနိုင်မည်

Dawei Watch

August 1, 2024

တနင်္သာရီမြို့နယ်တွင် မြစ်ရေတက်၍ စက်သုံးဆီ သယ်ယူရခက်ခဲခြင်းကြောင့် မြို့နယ်တွင်း လျှပ်စစ်ဖြန့်ဝေမှုကို ရေကြီးနေစဉ်ကာလအတွင်း အချိန်ပိုင်းဖြင့်သာပေးနိုင်မည်ဟု ဖိုးသီချိုလျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီက ဇူလိုင်လ ၃၁ ရက်တွင်ကြေညာသည်။ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ တစ်ချိန် နှင့် ညနေ ၅ နာရီမှ ‌ည ၉ နာရီ တစ်ချိန် ဟူ၍ နှစ်ချိန်ခွဲကာ လျှပ်စစ်ဖြန့်ဝေပေးမည်ဟု ယင်းကုမ္ပဏီထံကသိရသည်။ ” ရေကြီးစဉ်ကာလပါပဲ ၊ ဆီသယ်မရလို့ပါ ။ ဆီသယ်ရတာနဲ့ ၂၄ နာရီပြန်ပေးမှာပါ ။ အခုလည်း ရေကြီးနေပေမယ့် မီးရအောင်လုပ်ပေးထားတယ် ။ အဓိက ဖုန်းအားသွင်းရအောင် ၊ ရုံးလုပ်ငန်းတွေ အဆက်သွယ်မပြတ်ကြအောင်ပေါ့ “ ဟု ယင်းကုမ္ပဏီ မှ တာဝန်ရှိသူကပြောသည်။ […]

တနင်္သာရီ ပြည့်အေးရွာက ရေနစ်ပျောက်ဆုံးနေသူ အလောင်းပြန်တွေ့

Dawei Watch

August 1, 2024

တနင်္သာရီမြို့နယ်၊ တကူတိုယ်နယ် ၊ပြည့်အေးရွာတွင် ဇူလိုင်လ ၃၀ ရက်က ရေနစ်ပျောက်ဆုံးသွားသည့် ရွာသား၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁ ရက်နံနက်တွင် ပြန်တွေ့ရကြောင်း ဒေသခံများထံကသိရသည်။ ရေနစ်သေဆုံးသူသည် ပြည့်အေးရွာသား အသက် ၃၅ နှစ်အရွယ် ကိုမိုးကျော် ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ၎င်း၏နေအိမ် ခေါင်းရင်းဘက်တွင် ပြန်တွေ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ” ပျောက်တာကနေ ပြန်ပေါ်တဲ့နေ့အထိ ၃ ရက်ကြာသွားပေါ့ ။ သူ့အိမ်နားမှာပဲပြန်ပေါ်လာတယ် ။ သူ့အိမ်ဆို မြုပ်နေတုန်း ခေါင်းမိုးလေးပဲပေါ်နေတယ်” ဟု တကူရွာသားတစ်ဦးကပြောသည်။ ကိုမိုးကျော်၏ ဈာပန ကို ယနေ့ နေ့လယ်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ဇူလိုင် ၂၉ ရက်က ရေနစ်ပျောက်ဆုံးခဲ့သည့် ကိုဇော်ထွေး၏ ရုပ်အလောင်းကိုလည်း ဇူလိုင်လ ၃၀ […]

မြိတ်-ဘုတ်ပြင်းကားလမ်းတွင် ရေကြီးမှုကြောင့် ကားအစီးရေ ၈၀ ခန့်ပိတ်မိပြီး အစားအသောက်အခက်ကြုံ

Dawei Watch

August 1, 2024

မြိတ် – ဘုတ်ပြင်း ကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင် ဇူလိုင်လ ၂၈ ရက်စပြီး ယနေ့ ဩဂုတ်လ ၁ ရက်အထိ ရေကြီးရေလျှံမှုကြောင့် ကားလမ်းမရေကျော်နေ၍ ကားအစီးရေ ရှစ်ဆယ်ခန့်ပိတ်မိနေကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။ လယ်တောင်ယာရွာရှိ ဘုရားတောင်ကုန်းမြင့်ပိုင်းမှအပ ကျန်နေရာများအားလုံး ရေမြုပ်နေပြီး ဒေသခံ ၅ဝ၀ ‌ခန့်လည်း ရေလွတ်သည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ရွာသားများက ဆိုသည်။ ရေဘေးသင့်သူများနှင့် ပိတ်မိနေသသည့် ကားသမား၊ ခရီးသည်များသည် အစားအသောက် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဆန်က သယ်မရလို့ မာမားခေါက်ဆွဲပဲစားနေရတယ်။ လာလှူတဲ့သူက နည်းတယ်။ မရှိသလောက်ပဲ။ ကားသမားတွေဆို တစ်ပတ်လောက်ရှိတော့မယ် ပိတ်မိနေတာ။ ရှိတာဝယ်စားပြီးနေနေကြရတယ်။ ဒီမှာက ဈေးလည်းကြီးတယ်၊ မာမားတစ်ထုပ် တစ်ထောင်။ ကြက်ဥတစ်လုံး […]