ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် စစ်ကောင်စီစခန်းများ နှစ်ရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

August 1, 2024

ပုလောမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် စခန်းကုန်းနှင့် ပလမြို့ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တော်လှန်ရေးတပ်များနှင့်ဒေသခံ အချို့ထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်က ပုလောမြို့နယ် တိုတောင်တာဝါတိုင်စခန်းကုန်းနှင့် ပလမြို့ ရဲစခန်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တာဝန်ခံက ဆိုသည်။ “လက်လုပ်ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ အပြန်အလှန်ပစ်ခတ်မှု မဖြစ်ခဲ့ပေမယ့် စကစဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာမျိုး ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့် ဗုံးမချမီ ပလရွာအတွင်း သေနတ်ပစ်ခတ်သံထွက်လာသည့်အတွက် စစ်ကောင်စီတပ်က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားများ အထိုင်ချ စခန်းကို ပြေးသွားခဲ့ကြောင်း အဆိုပါ ပကဖ တာဝန်ခံက ပြောဆိုသည်။ ဒရုန်းဖြင့် […]

မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေ အနည်းငယ်ပြန်ကျ

Dawei Watch

August 1, 2024

ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁ရက် နံနက်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်ကျလာကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ရက် နံနက်က ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးရေလျှံခဲ့သည်။ အဆိုပါစံချိန်မှာ ၁၉၉၄နောက်ပိုင်း အမြင့်ဆုံးအထိ မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ၁ ပေခန့်ပြန်ကျလာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် အန္တရာယ်ရေအမှတ်အထက် ငါးပေကျော်တွင် ရှိနေဆဲဖြစ်သည်။ မြစ်ရေအနည်းငယ် ပြန်ကျသဖြင့် ဩဂုတ်လ ၁ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၂၉ ပေ ၁၁ လက်မသာ ရှိတော့ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် တကူ၊ ညောင်ပင်ကွင်း၊ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာအုပ်စုတွင် ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားအဖြစ်များလာ

Dawei Watch

August 1, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားရောဂါအဖြစ်များနေကြောင်း ရေဘေးသင့် ‌ပြည်သူများ၊ ကျန်းမာရေးနှင့် ကူညီကယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။ အူရောင်ငန်းဖျားနှင့် ဆက်စပ်ရောဂါများမှာ ကလေးအရွယ်မှစပြီး လူကြီးပိုင်းအထိ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသည့် ဒေသခံအမျိုးသားက ပြောသည်။ ယခုလက်ရှိတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး၏ စာရင်းအရ ၁၅ဦးအထိဖြစ်ပွားနေပြီး မြေပြင်တွင် ယင်းထက်ပိုများ နေနိုင်ကြောင်း ၎င်းက ဆိုသည်။ “အူရောင်ငန်းဖျားက ရေမတက်ခင်က တစ်ယောက် နှစ်ယောက်စဖြစ်ပေမယ့် အခုပိုဆိုးလာတယ်။ အခုဆိုရင် ၁၅ ယောက် လောက်ဖြစ်နေတယ်၊အရွယ်စုံပဲ။ လက်ရှိ ဆေးရုံပို့ပေးထားရတာ တစ်ယောက်ရှိတယ်။ မသက်သာသေးဘူး” ဟု ၎င်းက ပြောသည်။ အူရောင်ငန်းဖျားရောဂါ လက္ခာပြသူများကို စစ်ဆေးချိန်တွင် ရောဂါဖြစ်ပွားနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။ အူရောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငန်းဖျား၊ […]

ထိုင်းတွင် ရက် ၅၀ အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၆၅၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

August 1, 2024

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၅၀ အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား တစ်သိန်း လေးသောင်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ ၆၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေပြီး ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရက် ၅၀ အတွင်း မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁ သိန်း လေးသောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၁၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သော အလုပ်သမား […]

ထားဝယ်အရှေ့တော မိုင်းပေါက်မှုတွင် ဒဏ်ရာရသည့်ကလေး အရေးပေါ်ကုသနေရ

Dawei Watch

August 1, 2024

ထားဝယ်အရှေ့တောဒေသ ကထောင်းနီကျေးရွာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာမှ ကလေးတစ်ဦးသေဆုံးပြီး၊ နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသဖြင့် အရေးပေါ်ဆေးကုသ နေရသည်။ ကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတက်သည့်နေ့မှ ယနေ့ ၄ ရက်ကြာသည်အထိ အရေးပေါ်ခန်းတွင် အထူးကြပ်မတ် ကုသနေရဆဲဖြစ်ကြောင်း ဆွေးမျိုးတော်စပ်သူများက ပြောဆိုသည်။ အသက် ၃ နှစ်အရွယ် နော်ဝါးအယ်ဝါး၊ မောင်းဘုန်းမြတ်ကျော်နှင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းတို့ ကလေးသုံးဦးသည် ဇူလိုင်လ ၂၈ ရက်က အိမ်အနီးရှိ စပါးစက်‌အဟောင်းတွင် ဆော့ကစားနေချိန် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရသူနှစ်ဦးကိုမူ ထားဝယ်မြို့ရှိ အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ […]

KNU သစ်တောဌာနဝန်ထမ်းဟောင်းကို KNLA အရာရှိနှစ်ဦးက သတ်ဖြတ်

Dawei Watch

August 1, 2024

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၄ သစ်တောဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်း ဖထီးကဘောကို ဖမ်းဆီးစစ်ဆေးနေစဉ် KNLA တပ်ရင်း ၁၀ မှ အရာရှိနှစ်ဦးက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့နှင့် KNLA စစ်ရေး သတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်များအရ သိရသည်။ အသက် ၅၀ ခန့်ရှိ ဖထီးကဘောမှာ ထားဝယ်-ထီးခီးလမ်း ရင်ကွဲတောင်ခြေတွင် နေထိုင်ပြီး ဇူလိုင်နောက်ဆုံးအပတ် (ပြီးခဲ့သည့်လေးရက်) ခန့်က အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ ရင်ကွဲတောင်ခြေတွင် KNLA တပ်အရာရှိများလိုက်ပါလာသည့်ကားတန်း ဇူလိုင်လ ၁၃၊ ၁၄ ရက်တို့တွင် ပစ်ခတ်ခံရပြီးနောက် ဖထီးကဘောသည် ကော်သူးလေတပ် KTLA ထံ သတင်းပေးဒလန်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် KNLA တပ်က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတင်းပေးဆိုပြီး သူ့ကိုလာဖမ်းသွားတယ်။ […]

အခွန်ပိုရရန်လုပ်ဆောင်မည်ဟု ပြည်သူများကျပ်တည်းနေချိန် တနင်္သာရီတိုင်းစစ်ကောင်စီဝန်ကြီးချုပ်ပြော

Dawei Watch

August 1, 2024

တနင်္သာရီတိုင်းအတွင်း အခွန်ငွေပိုမိုရရှိရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုသည်။ ဇူလိုင်လ ၂၄ ရက်‌က မြိတ်မြို့ ပုလဲရတနာခန်းမတွင်ပြုလုပ်သည့် အခွန်ကောက်ခံမှုအထောက်အ‌ကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အခွန်ငွေ ပမာဏကို တိုးမြှင့်ကောက်ခံမည်မဟုတ်ဘဲ အခွန်နယ်ပယ်ချဲ့ထွင် ကောက်ခံသွားမည်ဖြစ်ပြီး အခွန်ထမ်း အရေအတွက် ပိုများလာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးမြတ်ကိုက ပြောသည်။ အခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်း ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပြီး ပြည့်ပြည့်ဝဝ အခွန်ဆောင်ရန်လိုကြောင်း ၎င်းက ဆိုသည်။  ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပြည်သူများကျပ်တည်းနေသည့်အချိန် အခွန်အခများ လျှော့ချပေးရမည့်အစား ပိုရရန် လုပ်ဆောင်လာခြင်းမှာ ဖိနှိပ်မှုတစ်မျိုးပင်ဖြစ်ကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “အခွန်အကောက်တော့ ဥပဒေအရလို့ပြောတယ်။ သူတို့လူတွေ ငွေညှစ်နေတာ ဒီအတိုင်း လွှတ်ထားတာကရော ဥပဒေပဲလား” ဟု ‌‌၎င်းက မေးခွန်းထုတ်သည်။ […]

မြိတ်မြို့တွင် စွန့်ပစ်ထားသည့်ကလေးအလောင်းတွေ့

Dawei Watch

August 1, 2024

မြိတ်မြို့၊ ကလွင်သင်္ချိုင်းအနီးတွင် စွန့်ပစ်ခံထားရသည့် အသက်တစ်နှစ်ကျော်အရွယ် မိန်းကလေး အလောင်းတစ်လောင်းတွေ့ရှိကြောင်း ဝဋံသကနာရေးကူညီမှုအသင်း (မြိတ်) ထံက သိရသည်။ ဇူလိုင်လ ၃၁ ရက် ညနေ ၄နာရီကျော်က ကလွင်ရပ်ကျေးရွာအုပ်စု၊ ကလွင်ရပ်၊ သင်္ချိုင်း‌ရှေ့ရှိ ရေမြောင်းအတွင်း မှောက်လျက်သေဆုံးနေသည့်ကလေးအလောင်းကို ဆော့ကစားနေသည့် ကလေးများက တွေ့ရှိခြင်းဖြစ်ကြောင်း ဝဋံသက နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။ “ကလေးက အဝတ်အစားမရှိဘူး။ သေလောက်တဲ့ ပြင်ပဒဏ်ရာမျိုးလည်း မတွေ့ရဘူး။ လက်မှာ အရေပြားနည်းနည်း ပွန်းပဲ့တာမျိုးလောက်ပဲ ရှိတယ်။ သူ့ရဲ့ စအိုတစ်ဝိုက်မှာတော့ ဝါနေတယ်။ သင်္ချိုင်းရှေ့ ရေမြောင်းထဲမှာ လာပစ်ထားတယ်” ဟု ၎င်းက ဆိုသည်။ ကလေးအလောင်းကို ဝဋံသကနာရေးကူညီမှုအသင်းက ‌သယ်ယူပြီး မြိတ်မြို့ ကုတင် ၁၀၀ ဆေးရုံကြီးရင်ခွဲရုံသို့ ဇူလိုင်လ ၃၁ ရက်နေ့က […]