ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားကြောင်း တအာင်းတပ်ပြော

Dawei Watch

August 1, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားပြီး ဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၃၇ မြောက်နေ့ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်သည့် စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ (၂၁)၊ ခြေလျင်တပ်ရင်း ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းတို့အား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အထက်ပါ ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတို့တွင် စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး ၅၉ လုံး လာရောက်ကြဲချခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချိုမြို့နယ်ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဇူလိုင်လ ၁၁ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ တစ်ကျော့ပြန်တိုက်ပွဲ ၃၆ ရက်အတွင်း […]

မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားကြောင်း MDY-PDF ပြော

Dawei Watch

July 31, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံ သိမ်းယူရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ MDY-PDF ဇူလိုင်လ ၁၆ရက်က မတ္တရာမြို့နယ် စစ်ရေးသတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်စခန်း ၂၈ ခု သိမ်းယူထားသည်ဟု ဖော်ပြခဲ့သဖြင့် ယင်းနောက်ပိုင်းတွင် အထက်ပါ စခန်း ခုနစ်ကို ထပ်မံသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ […]

ပုလောကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်ကို KNDO မိုင်းခွဲဖျက်ဆီး

Dawei Watch

July 31, 2024

ပုလောမြို့နယ်၊ ပုလောကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ခွဲ (၅) က ဇူလိုင်လ ၃၀ ရက်တွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်အပတ်က ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များ စခန်းစွန့်ခွာပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီး၏ နေအိမ်ကို ယင်းသို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ယင်းအပြင် ပျူစောထီးတို့၏ နေအိမ် ရှစ်လုံးကိုလည်း ချိပ်ပိတ်ကာ နေအိမ်ထဲရှိ ပစ္စည်းနှင့် ရိက္ခာတို့ကို ဒေသခံများအား ဝေငှပေးလိုက်ကြောင်းKNDO တပ်ခွဲ (၅)တာဝန်ရှိသူ ကိုဗဟုက ပြောသည်။ ဦးကုလားနီးမှာ လက်နက်ကိုင် ပျူစောထီးလည်းဖြစ်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် တော်လှန်ရေးနှင့် ဆက်နွယ်သူများကို ဖမ်းဆီးထောင်ချခြင်း၊ နေအိမ်များကိုချိပ်ပိတ်ခြင်း၊ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ […]

အရေးပေါ်ကာလ ၆လ ထပ်တိုးရန် စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်

Dawei Watch

July 31, 2024

အရေးပေါ်ကာလကို ခြောက်ကြိမ်မြောက်အဖြစ် ထပ်မံခြောက်လသက်တမ်း တိုးလိုက်ကြောင်း နိုင်ငံ၏ထိပ်ပိုင်းရာထူးများကို တစ်ဦးတည်း ရယူထားသည့် စစ်ခေါင်းဆောင်က ကြေညာလိုက်သည်။ ကာလုံဟုခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပကာ သက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရသည့် ကာလုံအစည်းအဝေးကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် တင်မြှောက်ခဲ့သည့် သမ္မတ၊ ဒုသမ္မတ သုံးဦးစလုံး မပါဝင်ဘဲ ကျင်းပခြင်း ဖြစ်သည်။ ယင်းအပြင် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကြောင့် တာဝန်လွှဲပြောင်းသည်ဆိုကာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူပြီးနောက် ပထမဆုံးအကြိမ် ကာလုံအစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ […]

လစာကို ဘဏ်စနစ်ဖြင့်လွှဲသည့် MoU မြန်မာလုပ်သားများကိုသာ သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီအကျပ်ကိုင်

Dawei Watch

July 31, 2024

ထိုင်းတွင် MoU စနစ်ဖြင့် တရားဝင်လုပ်ကိုင်ပြီး လေးနှစ်သက်တမ်းပြည့်သူများ မြန်မာနိုင်ငံသို့ပြန်ပြီး သက်တမ်းတိုးရာတွင် လစာငွေ ၂၅ ရာခိုင်နှုန်းကို ဘဏ်စနစ်ဖြင့် လွှဲထားသူများကိုသာ သက်တိုးခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၃၀ရက်တွင် ထုတ်ပြန်သည်။ ထိုင်းသို့ MoU စနစ်ဟုခေါ်သည့် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာအရစေလွှတ်သည့် အလုပ်သမားများသည် လေးနှစ် ပြည့်လျှင် မြန်မာနယ်စပ် ကော့သောင်းနှင့် မြဝတီမြို့များရှိ MoU U-turn စခန်းများတွင် (နေရပ်ပြန်သက်တမ်းတိုးခြင်း) U-turn လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးပြီး ထိုင်းသို့ ပြန်ဝင်ရသည်။ ယင်းသို့ သက်တမ်းတိုး လိုသူများမှာ အခြေခံလစာ သုံးလစာ၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ဘတ် ၆၀၀၀ ကို မြန်မာ ပြည်တွင်းရှိ ဘဏ်များသို့ ငွေလွှဲထားကြောင်း အထောက်အထား ပြသရမည်ဖြစ်ကြောင်း […]

တနင်္သာရီ ရေကြီးမှုတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး၊ တစ်ဦးပျောက်ဆုံး

Dawei Watch

July 31, 2024

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ ပြည့်အေးရွာတွင် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရေကြီးရေလျှံမှုအတွင်း အသက် ၃ဝ ဝန်းကျင် အမျိုးသားနှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၉ ရက်က ရေနစ်ပျောက်ဆုံးနေသည့် ပြည့်အေးရွာသား ကိုဇော်ထွေး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်တွင် ပြန်ဆယ်ယူရရှိပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။ “တစ်ယောက်ပဲ ပြန်တွေ့သေးတယ်။ မနေ့ (၃ဝရက်) က နစ်တဲ့တစ်ယောက်ကတော့ ပြန်မတွေ့ရသေးဘူး။ ပျောက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြစ်ရေတက်မှုကြောင့် တကူတိုက်နယ်ရှိ ရပ်ကွက် ၁၄ ခုစလုံး ရေကြီးရေလျှံနေပြီး ရေအဝင်များသည့် ရပ်ကွက်များတွင် နေထိုင်သူများသည် ကုန်းအမြင့်ပိုင်းရှိ စာသင်ကျောင်းနှင့် ရေလွတ်ရာ ရပ်ကွက်များရှိ ဆွေမျိုးနီးစပ်သူများထံ […]

ဒေသခံများသွားသည့် လမ်းပေါ် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထား

Dawei Watch

July 31, 2024

တနင်္သာရီမြို့နယ်တွင် ဒေသခံများသွားလာနေသည့် ကျေးရွာလမ်းများ၌ စစ်ကောင်စီတပ်က မိုင်းများထောင်ထားကြောင်း ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော တနင်္သာရီလွတ်မြောက်ရေး အင်အားစု (TLF) ကပြောဆိုလိုက်သည်။ ပြည်သူများ အန္တရာယ်ရှိနေသဖြင့် စစ်ကောင်စီတပ်က လမ်းပေါ်တွင် ထောင်ထားသည့်မိုင်းများ ပြန်ရှင်းလင်းပေးရန် ယင်းအဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက် ခြင်းဖြစ်သည်။ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်က အနီးကျေးရွာများရှိ ဒေသခံများ၏ ဥယျာဉ်ခြံများ၊ ကုန်ထုတ်လမ်းများပေါ်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိကြောင်း TLF အဖွဲ့တာဝန်ခံ ဆှန်ဝါးက ပြောဆိုသည်။ ဇဝဲကျေးရွာအုပ်စု ရေခမ်းချောင်းကျေးရွာတွင် ဒေသခံများသွားသည့်လမ်းပေါ်‌ စစ်ကောင်စီတပ်ထောင်ထားသည့် GYAT-၆၄ အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံးကိုလည်း ၎င်းတို့တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်ကပင် ရှင်းလင်းပေးခဲ့ရကြောင်း ပြောသည်။ ယင်းသို့ပင် မတ်လ ၃၀ […]

စစ်ရေးတင်းမာနေသည့် တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

July 30, 2024

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၃လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်က လယ်သစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် လူထိခိုက်မှုမရှိဟု ကနဦးကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လယ်သစ်ရွာမှာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေတာဆိုတော့ အသေးစိတ်မသိရသေးပေမယ့် ဒေသခံတွေအနေနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကနဦးသိထားရပါတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်ခြင်းမလုပ်မီ ဂျက်တိုက်လေယာဉ်တစ်စီးလာဝဲခဲ့သေးကြောင်း ၎င်းက ဆိုသည်။ ဇူလိုင် ၁၈ရက်ကစပြီး ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှ လယ်သစ်ရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် […]