ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဘတ်ခြောက်သန်း ကံထူး

Dawei Watch

March 3, 2026

ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၈၂၀၈၆၆ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော မြန်မာအလုပ်သမားက ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် မတ်လ ၂ ရက်တွင် ဆုငွေထုတ်ယူပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ “နေ့ချင်းပြီး ထုတ်ပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။ ထီပေါက်သော မြန်မာအလုပ်သမားသည် နေပြည်တော်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၆ လခန့်သာ ရှိသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော […]

ဘန်လောရွာတွင် ပစ်ခတ်မှုဖြစ်

Dawei Watch

March 2, 2026

တနင်္သာရီမြို့နယ်၊ ဘန်လောရွာသို့ စစ်အာဏာရှင်တပ်သားများ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီတွင် ကျောက်ပုံတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ဘန်လောရွာလမ်းဆုံသို့ ခြေလျင်ဝင်ရောက်လာချိန်တွင် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့ လမ်းဆုံကို ရောက်လာလို့ ပစ်ခတ်မှုဖြစ်သွားတယ်။ ပစ်ခတ်မှု ခဏပဲ ဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ ဒီနေ့ (ည ၆ နာရီ) အထိတော့ ထူးခြားမှုမရှိသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဘန်လောရွာတွင် ဒေသခံများသည် တိုက်ပွဲဖြစ်ပွားပါက ပြောင်းရွှေ့နေထိုင်ကြပြီး အခြေအနေအေးဆေးပါက ရွာထဲတွင် ပြန်လည်နေထိုင်ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပြန်လာနေတာ ကြာပြီ။ သုံးလေးလလောက်တော့ […]

မောတောင်လမ်း သဲဖြူရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် တိုက်ပွဲများပြင်းထန်

Dawei Watch

March 2, 2026

တနင်္သာရီမြို့မှ ထိုင်းနယ်စပ် မောတောင်မြို့သို့ သွားသည့် လမ်းရှိ သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၈ရက်တွင် မြိတ်မှ စစ်အာဏာရှင်တပ် ကားခုနစ်စီးသည် သဲဖြူရွာသို့ စစ်ကူဖြည့်တင်းပြီးနောက် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အင်အားဖြည့်ပြီး တိုက်ပွဲက ပိုကြမ်းလာတယ်။ တနေ့လုံးဖြစ်နေတယ်။လက်နက်ကြီးနဲ့ ဒရုန်းက မိုးရွာနေသလို ဖြစ်နေတယ်။ ရှယ်ကြမ်းတယ် ရက်တိုင်းပဲ” ဟု တိုက်ပွဲတွင် ပါဝင်နေသည့် အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းကာ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ဖေ‌ဖော်ဝါရီလ ၁၈ရက်မှ မတ်လ ၂ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။ “နှစ်ဖက်စလုံး ထိခိုက်မှုများတယ်။ ဒီဘက်ကလည်း ထိတယ်။ ရန်သူဘက်ကလည်း ထိတယ်” […]

ထားဝယ်တွင် စက်သုံးဆီ ဈေးတက်၊ ဆိုင်ကြီးများ အရောင်းရပ်

Dawei Watch

March 2, 2026

ထားဝယ်မြို့အပါအဝင် ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်သွားပြီး မြို့ထဲရှိ စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်လိုက်ပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့တွင်းရှိ စက်သုံးဆီဆိုင်ကြီးများ၊ ကမ်းနားလမ်းရှိ ဆီဘောများတွင် ယနေ့ နေ့လယ်ပိုင်းမှစပြီး စက်သုံးဆီ တိုးဝှေ့ဝယ်ယူနေကြပြီးနောက် ယင်းသို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “ဆီဆိုင်တွေပိတ်လိုက်ပြီ။ ကမ်းနားလမ်းမှာ သွားတိုးနေတဲ့သူတွေလည်း မရလို့ ပြန်လှည့်လာကြတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြောဆိုသည်။ နယ်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စက်သုံးဆီရောင်းချနေသူတစ်ဦးကလည်း ကမ်းနားလမ်းရှိ စက်သုံးဆီဘောတွင် ဝယ်ယူမရတော့ကြောင်း ပြောဆိုသည်။ နယ်ကျေးရွာတို့တွင်မူ စက်သုံးဆီတစ်လီတာကို ကျပ် ၃၂၀၀ မှ ၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး လိုသလောက် ဝယ်ယူမရတော့ကြောင်း ဒေသခံများက ပြောဆိုသည်။ “မနက် ၁၀ နာရီလောက်တုန်းက […]

ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

Dawei Watch

March 2, 2026

စစ်အုပ်စု၏ လွတ်ငြိမ်းဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသူ တစ်ရာရှစ်ဦးခန့် ယနေ့ (မတ် ၂) လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုများထံမှ သိရသည်။ “နိုင်ငံရေးအမှုများတယ်။ အမျိုးသမီး နှစ်ဆယ့်ခြောက်ယောက်မှာ နှစ်ယောက်ပဲ အခြားအမှုပါတယ်။ ကျန်တာအကုန် နိုင်ငံရေးအမှုတွေချည်းပဲ” ဟု လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ နံနက် ဆယ့်တစ်နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ငါးနာရီဝန်းကျင်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ လွှတ်ပေးခြင်းဖြစ်သည်။ ထောင်မှလွှတ်ပေးပြီးနောက် ကားများဖြင့် ထားဝယ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခံဝန်ထိုးခိုင်းပြီးမှ သွားခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်အုပ်စုက ကြေညာသည်။ ယင်းတို့အနက် အကြမ်းဖက်မှု […]

မော်လမြိုင်တွင် နေအိမ်မီးလောင်ပြီး အဘိုးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 2, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းရာ အဘိုးအဘွားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ နံနက် ၂ နာရီခွဲခန့်တွင် ဈေးကြိုနယ်မြေ၊ ဒေါင်းဇရပ် အဟာရ မူကထဆိုင်ဘေးရှိ နှစ်ထပ်တိုက်အိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ နေအိမ် မီးလောင်ကျွမ်းမှုကို မီးသတ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူတို့၏ ဝိုင်းဝန်းငြှိမ်းသတ်မှုဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ နေအိမ်မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၇၀ ကျော် အဘိုးတစ်ဦး၊ အဘွားတစ်ဦး သေဆုံးသွားခဲ့ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ […]

အီရန်ကို တိုက်ရန် ဗြိတိန်စစ်စခန်းများကို အမေရိကန် အသုံးပြုခွင့်ရ

Dawei Watch

March 2, 2026

အီရန်၏ ဒုံးကျည်စခန်းများကို တိုက်ခိုက်ရာတွင် ဗြိတိန်စစ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကို ၎င်းတို့ သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် လက်ရှိအချိန်အထိ ဗြတိန်က ပါဝင်ပတ်သက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ သို့ရာတွင် လက်ရှိပဋိပက္ခတွင် အီရန်၏ လုပ်ရပ်က သွေးရူးသွေးတန်းဆန်ပြီး ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေကြောင်း ၎င်းက ဆိုသည်။ ယင်းကြောင့် ဗြိတိန်၏ စစ်စခန်းနှစ်ခုကို အမေရိကန်အား အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်၏ အက်ခရိုတီရီ လေတပ်စခန်းကို ဒရုန်းဟုသံသယရှိသည့် အရာတစ်ခုဖြင့် တိုက်ခိုက်မှုခံခဲ့ရကြောင်း The […]

ရေနက်ဆိပ်ကမ်းဧရိယာထဲက နဘုလယ်ခြေတော်ရာဘုရားပွဲ

Dawei Watch

March 2, 2026

ယနေ့(မတ်၂) တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင် ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်း တည်ရှိရာ ရေဖြူမြို့နယ် နဘုလယ်ဒေသက ခြေတော်ရာဘုရားတွင် ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ပဌာန်းပွဲနှင့် ဆွမ်းခြောက်လောင်းပွဲကို ကျင်းပခဲ့သည်။ နဘုလယ်ဒေသတွင်းက ဘုရားဖူးများ လာရောက်ဘုရားဖူးကြပြီး စျေးသည်အချို့ စျေးလာရောင်းနေကြသည်ကိုလည်း တွေ့ရသည်။ ကိုဗစ်မတိုင်မီ ၂၀၂၀ ခုနှစ် မတ်လ(တပေါင်းလ) တွင် နဘုလယ် ခြေတော်ရာဘုရားပွဲကို ၉၆ ကြိမ်မြောက်အဖြစ် ဇာတ်ပွဲများထည့်သွင်းကာ နောက်ဆုံးကျင်းပခဲ့သည်။ ယခုနှစ်တွင်မူ နဘုလယ်ခြေတော်ရာဘုရားပွဲသည် သက်တမ်းရာကျော်ပြီဖြစ်ပြီး နယ်မြေအခြေအနေများအရ ပွဲလမ်းသဘင်များဖြင့် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးသလို ဘုရားပွဲကာလ အတွင်း ရပ်ဝေးဘုရားဖူးများလည်း လာရောက်ဖူးမြော်နိုင်ခြင်းမရှိကြပေ။ နဘုလယ်ခြေတော်ရာဘုရားပွဲတော်သည် ထားဝယ်ဒေသတွင်း နာမည်ကျော်သည့် တပေါင်းဘုရားပွဲတော်တစ်ခုဖြစ်ပြီး ရပ်နီးရပ်ဝေးဘုရားဖူးများဖြင့် အထူးစည်ကားလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင်မူ နဘုလယ်ဒေသသည် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးခြင်းကို မကြာခဏခံရသလို နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ကြုံတွေ့နေရဆဲဖြစ်သည့် […]