BREAKING
November 11, 2025

သတင်း

ကျိုက်မရောတွင် စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံသောင်းနှင့်ချီ ထွက်ပြေးနေရ

Dawei Watch

December 1, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း စစ်ရေးဆက်လက်ပြင်းထန်နေပြီး ဒေသခံနှစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသူများထံမှ သိရသည်။ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ကျိုက်မရောမြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်များ တည်ရှိရာနေရာသို့ ဒရုန်းဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ “ချောင်းနှစ်ခွမှာ တိုက်ပွဲဖြစ်ပွားပြီးကတည်းက နေ့တိုင်းလိုလိုပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ဒီရက်ပိုင်းဆို ပိုဆိုးလာတယ်။ လက်နက်ကြီးတွေက လူနေအိမ်ကြားမှာ ကျနေတော့ […]

လောင်းလုံး ကဒက်ငယ်ဆိပ်ရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီး

Dawei Watch

December 1, 2023

လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ကျေးရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၃၀ ရက် ည ၉ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဓနိမိုး၊ ထရံကာ နေအိမ်နှစ်ဆောင်၊ သစ်သားအိမ်တစ်ဆောင်၊ နှစ်ထပ်အိမ်တစ်ဆောင် မီးလောက်ပျက်စီးသွားကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သူ လူငယ်တစ်ဦးက ဆိုသည်။ “ဘယ်ကနေ စလောင်တယ်ဆိုတာတော့ သေချာမသိဘူးဗျ။ လူမနေတဲ့အိမ်ကနေ စလောင်တယ်ဆိုတာပဲ သိတယ်” ဟု ၎င်းလူငယ်က ပြောသည်။ မီးလောင်သည့် နေအိမ်တို့မှာ တစ်အိမ်နှင့် တစ်အိမ် နီးနီးကပ်ကပ်ရှိနေကြသဖြင့် မီးကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ရွာအနီးရှိ ရေသယ်ကားတစ်စီးအကူအညီဖြင့် ရွာသားများပူးပေါင်းပြီး ငြှိမ်းသတ်နိုင်ခဲ့သောကြောင့် မီးဆက်လက် ကူးစက် လောင်ကျွမ်းမှု မရှိခဲ့ခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့ကဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်ညကလည်း ကဒက်ငယ်ဆိပ်ကျေးရွာနှင့် တစ်ရွာကျော်အကွာရှိ ဂေါ့အင်းရွာတွင် နေအိမ်တစ်ဆောင် […]

ထားဝယ်တွင် CDM ရဲတစ်ဦး၏ မိသားစုကို လက်နက်ကိုင်လေးဦးက ခြိမ်းခြောက်ငွေညှစ်

Dawei Watch

November 30, 2023

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာက CDM ရဲတပ်သားတစ်ဦး၏ မိသားစုကို လက်နက်ကိုင်ထားသည့် လူလေးဦး လာရောက်ခြိမ်းခြောက်ပြီး ကျပ်သိန်းလေးဆယ် တောင်းကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၂၉ရက် ည ၇နာရီခန့်တွင် လက်နက်ကိုင်ထားသည့် လူလေးဦးက ဟိန္ဒားရွာထဲက ရွာသားတစ်ဆယ်ခန့်အား ခေါ်ယူကာ CDM ရဲတပ်သား ကိုသီဟ (ခေါ်) ကိုမျိုးသီဟကျော် မည်သည့်နေရာတွင် ရှိနေသည်ကို မေးမြန်းစစ်ဆေးခဲ့ကြောင်း ရဲတပ်သား၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယင်းနောက် ကိုမျိုးသီဟကျော် မိဘများ၏ နေအိမ်ကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့မှာ ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ကော်သူးလေတပ်မတော်ကဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ကိုမျိုးသီဟကျော် မရှိသဖြင့် ဖခင်ဖြစ်သူကို ပြောဆိုဆွေးနွေးရန် ရှိသည်ဟုဆိုကာ အိမ်အနီးက တံတားအနီးသို့ ည ၇ […]

ရေဖြူ ညင်းထွေးရွာတွင် နေအိမ်ငါးလုံးဖောက်ထွင်းခံရ

Dawei Watch

November 30, 2023

ရေဖြူမြို့နယ် ၊ ညင်းထွေးရွာတွင် နှစ်ရက်အတွင်း နေအိမ်ငါးလုံး ဖောက်ထွင်းခံရပြီး ရွှေနှင့် ငွေသားများ ခိုးယူခံရကြောင်း ရွာသားများက ပြောသည်။ နံနက် ၃ နာရီနှင့် ၄နာရီကြားဝန်းကျင်တွင် နေအိမ်များဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဖောက်ထွင်းခံရသည့် နေအိမ် ငါးအိမ်စလုံးသည်  နီးကပ်သည့် အိမ်များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ နိုဝင်ဘာလ ၂၆ရက်တွင် တစ်အိမ်ဖောက်ထွင်းခံရပြီး နိုဝင်ဘာလ ၂၈ရက်တွင် လေးအိမ်ဆက်တိုက် ထပ်မံဖောက်ထွင်းခံရကြောင်း ညင်းထွေးရွာသားတစ်ဦးက ပြောဆိုသည်။ “မိသားစုဝင်နည်းတဲ့အိမ်တွေကို ရွေးပြီးဖောက်သွားတယ် ။ အခုလောလောဆယ်ကတော့ ညဘက်တွေဆိုရင် ရပ်ရွာက လူငယ်တွေတစ်ယောက်နဲ့တစ်ယောက် ဖုန်းနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ကိုယ့်အိမ်ပေါ်ကနေ စောင့်ကြည့်နေတယ်။ (ညမထွက်အမိန့်ကြောင့်) အပြင်မှာလည်း ထွက်စောင့်နေလို့လည်း မရဘူးလေ” ဟု ၎င်းက ပြောသည်။ ဖောက်ထွင်းခံရသည့် နေအိမ်ငါးလုံးတွင် စုစုပေါင်း ရွှေတစ်မတ်သားနှင့် ငွေကျပ် ကိုးသိန်းနီးပါး ခိုးယူခံခဲ့ရကြောင်း ဖောက်ထွင်းခံရသည့် ကာယကံရှင်မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။  အိမ်ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးသော်လည်း ခိုးယူသူများကို ဖမ်းမိပါက […]

ချွန်ဘူရီတွင် မြန်မာလုပ်သား ၁၈ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်နေ

Dawei Watch

November 30, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၈ ဦးသည် လုပ်အားခ မရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသော WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ ချွန်ဘူရီခရိုင် နောင်းလွန်ဒေသရှိ ဖိုးလက်မောင်း (ဆောက်လုပ်ရေး) ဆိုဒ်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ၃ လနီးပါးကြာသည်အထိ လုပ်အားခ ထုတ်ပေးခြင်းမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အလုပ်သမားတစ်ဦးလျှင် လစာငွေ ဘတ် ၃၀၀၀၀ ကျော် ရရန်ရှိနေပြီး အလုပ်သမားအားလုံး စုစုပေါင်း ဘတ် ၅ သိန်းကျော် အထိရမည်ဖြစ်သည်။  လုပ်ငန်းခွင်တွင် လုပ်အားခလည်းမှန်မှန်မပေးသလို အချိန်ပိုကြေးများကိုလည်း စာရွက်စာတမ်းကြေးဟုဆိုကာ အလုပ်သမားခေါင်းဆောင်က ဖြတ်တောက်ထားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အလုပ်သမားခေါင်းဆောင်က လုပ်အားခထုတ်ပေးရမည့်အစား ချေးငွေများကို အတိုးယူ၍ ထုတ်ပေးထားသဖြင့် အလုပ်သမားများ လုပ်အားခမရရှိဘဲ […]

မောင်းမကန်ရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်

Dawei Watch

November 30, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စုရှိ ရေစင်နှင့်ကဗွီး နှစ်ပင်ရွာကို ယနေ့(နိုဝင်ဘာ ၃၀) မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။ မြေတင်ကား နှစ်စီး၊ ကားငယ် တစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီအင်အား ခုနှစ်ဆယ်ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် မောင်းမကန်နယ်‌မြေ ရဲစခန်းကို ကနဦး ရောက်ရှိလာသည်ဟုဆိုသည်။  မောင်းကန်ရဲစခန်းမှ တစ်ဆင့် ယနေ့ မနက် ၅ နာရီဝန်းကျင်ခန့်တွင် ရဲစခန်း၏ အနောက် မြောက်ဘက် ကဗွီး နှစ်ပင်ရွာကို စစ်ကြောင်းဝင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဆိုင်တွေကိုလည်းစစ်တယ်။ ကားတွေလည်းစစ်တယ်။ ဆိုင်ကယ်တွေကိုလည်း နေအိမ်ထဲထိ ဝင်စစ်တယ်။ သေနတ်ပစ်ဖောက်တာမျိုးမရှိဘူး ” ဟု၎င်းဒေသခံကပြောသည်။ ထိုနောက်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ယင်းသို့ ဝင်ရောက်စစ်ဆေးပြီးနောက် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် စားသောက်ဆိုင်များထံမှ ငွေကျပ်ခြောက်သိန်းကျော်ခန့် […]

ကော့သောင်းမှ ဝင်လာသော မြန်မာလုပ်သားခုနစ်ဦး ရနောင်းတွင် ဖမ်းဆီးခံရ

Dawei Watch

November 30, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ စုန့်စမ်ရမ်ဒေသ နာ့ခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားဖြင့် တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် စစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက ရှာဖွေဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများသည် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border pass) ဖြင့် ဝင်ရောက်လာခဲ့ကြပြီး ဖူးခက်မြို့သို့ သွားရောက်လုပ်ကိုင်ကြမည်ကြောင်း ဖော်ပြသည်။  ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို နာ့ခါးရွာရှိ လှေဆိပ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးရန် မြန်မာပွဲစားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။ ပို့ဆောင်ခ တစ်ဦးစီအတွက် ဘတ် ၁၀၀၀ ရရှိခဲ့ပြီး အားလုံးကို ဖန်ငခရိုင် တကို့ပါဒေသသို့ တစ်ဆင့်ခံ […]

ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီဟု ကိုးကန့်တပ်ကြေညာ

Dawei Watch

November 30, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ယန္တရား ထူထောင်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ကြေညာသည်။ မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ ပန်ဆိုင်းမြို့တွင် နိုင်ဝင်ဘာလ ၂၈ရက်က အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ကြေညာထားသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရာထူးခန့်အပ်ခြင်း၊ တာဝန်များ ခွဲဝေပေးခဲ့ပြီး ပြည်သူများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရန်၊ ထုတ်လုပ်မှုများ ၊ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းလည်းဆိုသည်။ ၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်လုံးတွင် MNDAA၊ TNLA၊ AAတို့ ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန် (သိန္နီ) နှင့် ကွတ်ခိုင်တို့တွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်။   ယင်းသို့ စစ်ဆင်ရေးလုပ်ဆောင်နေချိန် ပန်ဆိုင်း နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၁၉ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး ပန်ဆိုင်းမြို့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း MNDAA ထံမှ သိရသည်။ ပန်ဆိုင်းနယ်စပ်ဂိတ်သည် MNDAA က သိမ်းယူခဲ့သည့် တတိမြောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်လည်း ဖြစ်သည်။