ကင်းမွန်ဈေးကျဆင်းသဖြင့် မြိတ်က ငါးဖမ်းလှေအချို့ အခက်တွေ့
Dawei Watch
December 3, 2023မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ငါးဖမ်းလှေအချို့ အခက်တွေ့နေရကြောင်းကင်းမွန်ဈေးကွက်နှင့် ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူတို့မှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီအား နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် တစ်သိန်းကျပ်၊ နံပါတ် ၆ ဆိုဒ် ငါးသောင်းကျပ် ရှိခဲ့ကြောင်း ယင်းဈေးကွက်မှ သိရသည်။ နိုဝင်ဘာလကုန်ခန့်မှစပြီး နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းကိုးသောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် […]


