ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းက မြန်မာ ၅၀ နီးပါးကို ကော့သောင်းထပ်ပို့

Dawei Watch

November 5, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၇ ဦးကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများထံမှ သိရသည်။ အောက်တိုဘာလ ၉ ရက်က မြန်မာနိုင်ငံသား ၉၀ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများကို ထပ်မံပို့ဆောင်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၇ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

လူငယ်များ သေကြောင်းကြံရန် တွန်းအားပေးမှုဖြင့် Tik Tok ကို ပြင်သစ်အာဏာပိုင်များ စစ်ဆေး

Dawei Watch

November 5, 2025

သုံးစွဲသူ လူငယ်များအား မိမိကိုယ်မိမိ အဆုံးစီရင်ရန် တွန်းပို့နေသည့် အန္တရာယ်များနှင့် ဆက်စပ်၍ Tik Tok ကုမ္ပဏီနှင့် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းအယ်လ်ဂိုရစ်သမ်များကို ပြင်သစ်တရားရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်သည်။ သုံးစွဲသူလူငယ်များ၏ အသက်အန္တရာယ်ထိခိုက်စေမှုနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီတွင် တာဝန်ကင်းမကင်းဆိုသည့်အပေါ် ပြင်သစ်ပါလီမန်ကော်မတီ၏ တောင်းဆိုချက်အရ ယင်းသို့ စုံစမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း ပါရီအစိုးရရှေ့နေချုပ်က ဆိုသည်။ Tik Tok ၏ အကြောင်းအရာ စိစစ်ထိန်းချုပ်မှုမလုံလောက်ခြင်း ၊ အရွယ်မရောက်သေးသူများကပါ အလွယ်တကူ ဝင်ရောက်သုံးစွဲနိုင်ခြင်း ၊ မိမိကိုယ်ကို အဆုံးစီရင်ရန် တွန်းအားပေးနိုင်သည့် ရှုပ်ထွေးသည့် အယ်လ်ဂိုရစ်သမ်တို့ကို ပြင်သစ်ပါလီမန်ကော်မတီ၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီဘက်က တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးကြောင်း […]

ယူကေတွင် ဆေးလိပ်ထက် Vape သုံးစွဲသူ ပိုများလာ

Dawei Watch

November 5, 2025

နိုင်ငံအတွင်း အသက် ၁၆ နှစ်အထက် အရွယ်ရောက်ပြီးသူများအကြား ဆေးလိပ်သောက်သူအရေအတွက်ထက် အီးစီးကရက် ခေါ် Vape သုံးစွဲသူ အရေအတွက်က ပိုများလာကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်သည်။ ယင်းမှာ ယူကေတွင် ဆေးလိပ်သောက်သူ အရေအတွက်ထက် vape သုံးစွဲသူအရေအတွက်က ပထမဆုံးအကြိမ် ကျော်တက်လာခြင်း ဖြစ်သည်။ စစ်တမ်းအရ ၂၀၂၄ ခုနှစ်အတွင်း ယူကေတွင် အရွယ်ရောက်ပြီးသူ ၅ ဒသမ ၄ သန်းခန့်သည် Vape သုံးစွဲမှုကို နေ့စဉ် သို့မဟုတ ရံဖန်ရံခါ ပြုလုပ်လျက်ရှိပြီး အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သူအရေအတွက်မှာ ၄ ဒသမ ၉ သန်းသာ ရှိကြောင်း သိရသည်။ Vape နေ့စဉ်သုံးစွဲမှုကို အသက် ၂၅ နှစ်မှ ၄၉ နှစ်အကြား အရွယ်အပိုင်းအခြား၌ အများဆုံး […]

ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ မစတင်နိုင်သေး

Dawei Watch

November 4, 2025

ပွင့်လင်းရာသီ စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ လုပ်ငန်းမစတင်နိုင်သေးကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။ နှစ်စဉ် သီတင်းကျွတ်လတွင် ဆားကွင်းပြင်ခြင်း၊ ရေငန်တားတမံ မြေဖို့ခြင်းများ လုပ်ကိုင်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် လုပ်ငန်းများ နှောင့်နှေးနေကြောင်း ဆားလုပ်တောင်သူအချို့က ဆိုသည်။ “မိုးနဲ့ဆိုတော့ အလုပ်မဖြစ်ဘူး။ သုံးလေးရက်လောက်ပဲ လုပ်ရသေးတယ်။ ပြန်နားနေကြရတယ်” ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်တောင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA)အရှိန်နှင့် အရှေ့အရပ်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်များကြောင့် တိုင်းနှင့် ပြည်နယ်အားလုံးတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား […]

ညောင်ဇင်နှင့် ကံပေါက်က နှစ်ကျိပ်ရှစ်ဆူဘုရားများ နေ့ဘက်လှည့်

Dawei Watch

November 4, 2025

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပပြီး နောက်တစ်ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ညောင်ဇင်ရွာနှင့် ကံပေါက်ရွာ ဘုရားလှည့်ပွဲများကို ယခုနှစ်တွင်လည်း နေ့ဘက်လှည့်လည်ကျင်းပ အပူဇော်ခံခဲ့သည်။ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင် ၈၁ ကြိမ်မြောက် ဘုရားလှည့်ပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်ပိုင်းတွင် ကျေးရွာအတွင်း ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်နားခဲ့ကာ ၂၀၂၃ ခုနှစ်ကစ၍ နှစ်ကျိပ်ရှစ်ဆူဘုရားများထဲမှ တစ်နှစ်လျှင် ပွင့်စဥ်အလိုက် လေးဆူစီရွေးချယ်၍ ရှင်ဥပဂုတ္တ၊ အလောင်းတော် နတ်သားရုပ်ပွားတော်များ ခြံရံလှည့်လည်ခဲ့ကြသည် ။ လာမည့်နှစ်တွင်ကျရောက်မည့် ညောင်ဇင်ရွာ၏ ၈၂ကြိမ်မြောက် ဘုရားလှည့်ပွဲတွင်မူ ဘုရားလေးဆူစီရွေးချယ်ကာ မလှည့်လည်တော့ဘဲ နှစ်ကျိပ်ရှစ်ဆူစလုံး အပူဇော်ခံ လှည့်လည်နိုင်ရန် လျာထားကြောင်း ပွဲစီစဉ်သူ များထံမှသိရသည် ။ ရေဖြူမြို့နယ်၊ ကံပေါက်ရွာက ၇၆ ကြိမ်မြောက် […]

မောင်းမကန်၊ ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းခြင်းမပြုရန် စစ်အာဏာရှင်တပ် တားမြစ်

Dawei Watch

November 4, 2025

လောင်လုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သော မောင်းမကန်ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် စစ်အာဏာရှင်တပ်က တားမြစ်ထားကြောင်း ဒေသခံများထံမှသိရသည်။ မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ၆ ရက်အကြာဖြစ်သည့် ‌နိုဝင်ဘာလ ၁ ရက်နေ့ တွင် အိုးဝေ(သုံးဘီး) အငှားယာဉ်တစ်စီးသည် ထားဝယ်မြို့ဘက်မှ ပန်းတင်အင်း ကျေးရွာဘက်သို့ ယင်းလမ်းပိုင်းကို ဖြတ်သန်း၍ လာစဉ် စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း၊ ယာဉ်မောင်းကိုရပ်တန့်စစ်ဆေးပြီးနောက် ယင်းလမ်းပိုင်းကို ဖြတ်သန်းအသုံးမပြုကြရန် ပြောဆိုလိုက်ကြောင်း သုံးဘီးမော်တော်ယာဉ်မောင်းသူနှင့် နီးစပ်သည့် ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။ ယင်းလမ်းပိုင်းမှာ မောင်းမကန်ရေပူစန်းမှ မောင်းမကန်းကျေးရွာရှိ ဆေးရုံအနီးသို့ ဖောက်လုပ်ထားပြီး မောင်းမကန်ရဲစခန်း၏ အနောက်ဘက်တွင်ရှိသည့် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သည်။ မောင်းမကန်ရဲစခန်းကို ရှောင်ကွင်းသွားလာလိုသည့် ခရီးသွားများမှာ ယင်းလမ်းပိုင်းကို အများဆုံး အသုံးပြုကြကြောင်း ဒေသခံများထံမှသိရသည်။ “အခုက အဲဒီလမ်းပိုင်းကို လုံးဝပေးမသွားဘူး။ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းသွားလာသူတွေကိုလည်း […]

တနင်္သာရီဘက်တွင် ကထိန်သွားလုပ်ပြီး ထိုင်းပြန်လာသော မြန်မာ ၄၀ ခန့်နှင့် ထိုင်းရွာသူကြီး အဖမ်းခံရ

Dawei Watch

November 4, 2025

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်တွင် နယ်စပ်တနင်္သာရီဘက်သို့ ထွက်၍ ကထိန်ပြုလုပ်ပြီး ပြန်လာသော မြန်မာနိုင်ငံသား ၄၀ ခန့်နှင့် ထိုင်းရွာသူကြီးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက နိုင်စုန်ထွန်းအမည်ရှိ ထိုင်းရွာသူကြီးသည် အခြားထိုင်းနှစ်ဦးနှင့်အတူ ထိုင်း-မြန်မာနယ်စပ် ချွန်ဖော်ခရိုင် ထာ့ဆဲဒေသ ရပ်ရောရွာရှိ နယ်စပ်စစ်ဆေးရေးဂိတ်သို့ ပစ်ကပ်ကားတစ်စီးဖြင့် ရောက်ရှိလာကြောင်း သတင်းတွင်ပါရှိသည်။ ချွန်ဖော်ခရိုင် ထာ့ဆဲဒေသ ရပ်ရောရွာ၏ တစ်ဖက်တွင် ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များ တည်ရှိသည်။ ရွာသူကြီးက မြန်မာပြည်ဘက်သို့ ကထိန်လှူရန် သွားစရာရှိသဖြင့် နယ်စပ်မှ ထွက်ခွင့်ပြုရန် အာဏာပိုင်များကို တောင်းခံစဉ် အာဏာပိုင်များက ထွက်ခွင့်မပြုခဲ့ကြောင်း သိရသည်။ ယင်းအချိန် ရွာသူကြီးနှင့် နယ်စပ်စစ်တပ်က အာဏာပိုင်များကြား စကားများကြပြီးနောက် ရွာသူကြီးက နယ်စပ်ခြားထားသော […]

တနင်္သာရီ လေးမိုင်ရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်

Dawei Watch

November 4, 2025

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်များနှင့် ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၄ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လေးမိုင်ရွာဝန်းကျင် (ဒေသအခေါ် ကျောက်သင်္ဘောအနီး) တွင် စစ်အာဏာရှင်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “တိုက်ပွဲက စစ်ကြောင်းထိုးလာလို့ အပြန်အလှန်ပစ်ခတ်မှု ခဏငယ် (အချိန်အနည်းငယ်ကြာ) ဖြစ်ပြီး စစ်အာဏာရှင်တပ်သားတွေဘက်က ပြန်ဆုတ်သွားလို့ တိုက်ပွဲနားသွားတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လေးမိုင်ရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် အောက်တိုဘာလနှောင်းပိုင်းမှစကာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်နေပြီး […]