ကလိန်အောင်တွင် ရဲကားပစ်ခတ်ခံရပြီး အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံး
Dawei Watch
December 12, 2023ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးတွင် ယနေ့(ဒီဇင်ဘာ ၁၂) မနက်ပိုင်းက ရဲများလိုက်ပါလာသည့် ဟွန်ဒါဖစ်အနက်ရောင်ကားတစ်စီး ပစ်ခတ်ခံရကြောင်း ကလိန်အောင်ဒေသခံများထံကသိရသည်။ ရေဖြူမြို့နယ် ၊ ရေး- ထားဝယ်ကားလမ်းပိုင်း ၊ ကလိန်အောင်မြို့နယ် ၊ မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာအကြားရှိ မိုင်တိုင် ၆၂ အနီးတွင်ပစ်ခတ်ခံရခြင်းဖြစ်သည်။ “ကားမှာ ပစ်ခံထားရတာက အရှေ့မှန်ရော၊ အနောက်မှန်တွေရော အကုန်ကွဲနေတယ်။ တာယာလည်းပေါက်နေတယ်။ အရှေ့ခန်းမှာကတစ်ယောက်၊ အနောက်ခန်းမှာက နှစ်ယောက် သွေးတွေနဲ့ မှတ်တောင်မမှတ်မိဘူး “ ဟု ပစ်ခတ်ခံရသည့်ကားကို မျက်မြင်တွေ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ မလွှဲတောင်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရီးသွားကားသမားများမှ ပစ်ခတ်ခံရသည့်ကားကို မြင်တွေ့ရ၍ ကလိန်အောင်မြို့သို့ အကြောင်းကြားခဲ့ရကြောင်း ကားသမားများကဆိုသည်။ ပစ်ခတ်ခံရသည့်ကားပေါ်တွင် လိုက်ပါလာသူများသည် ကလိန်အောင်နယ်မြေရဲစခန်းမှ ရဲအရာရှိ […]


