ထားဝယ် ပကာရီရွာတွင် ပစ်ခတ်မှုဖြစ်၊ လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံလေးဦးဒဏ်ရာရ
Dawei Watch
September 5, 2024ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖုန်းဆိုင်တွင် ကျရောက်ပေါက်ကွဲကာ ဒေသခံလေးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပကာရီရွာထိပ်မှနေ၍ စစ်ကောင်စီ တပ်၏ ပကာရီရဲကင်းစခန်းကို လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်လုံးမှာ ရွာထဲရှိ ဖုန်းဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ပကာရီရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်စ ထိမှန်သူလေးဦးအနက် အသက် ၂၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းဆိုင်ပြိုသွားတယ်။ လက်နက်ကြီးအစ စင်တဲ့ ကောင်လေးကတော့ ဒဏ်ရာပြင်းထန်တယ်။ ဆေးရုံကို ပို့ထားတယ် […]


