ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လမိုင်းမြို့က ယုဇနရွှေဆိုင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ

Dawei Watch

September 3, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့စျေးတွင် ဖွင့်လှစ်ထားသည့် ယုဇနအာမခံစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း ကျပ်သိန်းထောင်ချီ ပါသွားသည်ဟု နီးစပ်သူနှင့် မြို့ခံတို့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၃) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လမိုင်းမြို့ဈေးရှိ ယုဇနအာမခံစိန် ရွှေရတနာဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းရန် ပြင်ဆင်နေချိန် အမျိုးသားလေးဦးက ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။ “ဆိုင်ရှင်က ဆိုင်ကိုရောက်တဲ့အချိန်မှာ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ ဝင်လာတယ်။ အဲမှာ ရွှေတွေကို ပုံးလိုက် ယူပြီး ထွက်သွားတယ်။ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ဆိုင်ကယ်က ရှေ့မှာပဲ ရပ်ထားတယ်။ သူတို့ ဘယ်ကတည်းက ရောက်နေလဲ မသိဘူး” ဟု နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။ လုယက်ခံရမှုကြောင့် […]

လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်က ဖြတ်သန်းခွင့်ပြန်ရ

Dawei Watch

September 3, 2024

စစ်မှုထမ်းအသက် အကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကော့သောင်းမြို့ခံများထံမှသိရသည်။ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား မနေ့က ပိတ်ထားရာမှ ယနေ့စက်တင်ဘာလ ၃ရက်တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း ၎င်းတို့က ဆိုသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို ၇ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက စက်တင်ဘာလ ၂ ရက် နံနက်မှ စတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ယင်းနောက် ယနေ့နံနက်မှစကာ စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိ အမျိုးသားများကို ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ပြန်ထုတ်ပေးနေပြီး သွားလာခွင့်ပြုလိုက်ကြောင်း TBP လက်မှတ်အား ယနေ့ သွားလုပ်ခဲ့သူ တစ်ဦးက […]

ထားဝယ်တွင် မျောက်ကျောက် သံသယလူနာတွေ့

Dawei Watch

September 3, 2024

ထားဝယ်တွင် မျောက်ကျောက်ရောဂါ သံသယလူနာတစ်ဦးတွေ့သဖြင့် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စောင့်ကြပ်ကုသနေကြောင်း ကျန်းမာရေးအသိုင်းဝိုင်း၊ မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။ သံသယဖြစ်ဖွယ်လူနာမှာ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိကြောင်း လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးမှာ ဩဂုတ်လ ၂၉ ရက်နေ့တွင် စဖျားပြီး လေးရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် မယ်ဒီလမ်းဆေးရုံတွင်ပြသရာ မျောက်ကျောက်ရောဂါသံသယ လက္ခဏာများတွေ့ရှိကြောင်း လူနာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထို့ကြောင့် မယ်ဒီလမ်းဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆို သည်။ “အခုက (ထားဝယ်) […]

ထိုင်းတွင် တနင်္သာရီဒေသခံ ကိုယ်ဝန်သည်နှင့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး အသတ်ခံရ

Dawei Watch

September 3, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကဲဒေသတွင် တနင်္သာရီတိုင်းသား ကိုယ်ဝန်ဆောင်နှင့် အသက် ၇ နှစ် အရွယ် သမီးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး အသတ်ခံရကြောင်း နီးစပ်သူများက ပြောသည်။ အသတ်ခံရသူများမှာ အသက် ၄၀ အရွယ် ဇနီးမောင်နှံနှစ်ဦးနှင့် အသက် ၇နှစ်အရွယ် သမီးဖြစ်သူများ ဖြစ်ကြသည်။ သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန် ရှစ်လ လွယ်ထားရကြောင်း နီးစပ်သူများက ဆိုသည်။ သေဆုံးသူအမျိုးသားသည် တနင်္သာရီမြို့နယ်၊ သမီးလှရွာ ဇာတိဖြစ်ပြီး ဇနီးသည်မှာ ကျွန်းစုမြို့နယ် သစ်ယာဝရွာ ဇာတိ ဖြစ်ကြသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၉ ရက်ခန့်က သေဆုံးသူမိသားစု၏ နေအိမ်အတွင်း စကားများရန်ဖြစ်သံများ ကျယ်လောင်စွာ ကြားရပြီးနောက် မိသားစုဝင် သုံးဦးစလုံး အသတ်ခံရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။ ရုပ်အလောင်းများကို […]

လောင်းလုံး ပြင်ကြီးရွာတွင် စစ်ကောင်စီတပ် အိမ်မီးရှို့ပြီး ဆိုင်ကယ်အစီးရေများစွာယူသွား

Dawei Watch

September 3, 2024

လောင်လုံးမြို့နယ်၊ ပြင်ကြီးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ပြီး ရွာသားများ ပိုင်ဆိုင်သည့်မော်တော်ဆိုင်ကယ် အစီးပေါင်းများစွာကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂ ရက် ယမန်နေ့ ညနေ ၆ နာရီခန့်က ပြင်ကြီးရွာတွင် နေအိမ်နှစ်ဆောင်ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ “အခုတော့ မိုးရွာလို့ ငြိမ်းသွားပြီ။ အခုနားကဆို မီးလုံးကြီးတွေ တက်နေတာမြင်ရတယ်” ဟု စက်တင်ဘာလ ၂ ရက် မနေ့ ညနေက မီးရှို့ထားသည်အခြေနေကို မြင်ရသည့် ဒေသခံတစ်ဦးက ယင်းနေ့ ည ၇နာရီဝန်းကျင်တွင် Dawei Watch သို့ ပြောသည်။ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ပြင်ကြီးရွာပင်လယ်ကမ်းခြေဘက်တွင် နေအိမ်တစ်ဆောင်ကို မီးရှို့ခဲ့သေးသည့်အပြင် စစ်ဘေးရှောင်ရွာသားများ၏ နေအိမ်များစွာကို […]

ဖူးခက်က နာမည်ကျော် Big Buddha ဘုရားကြီး ဝင်ခွင့်ပိတ်

Dawei Watch

September 3, 2024

ထားဝယ်ဒေသခံများအပါအဝင် လူ ၁၃ ဦးအထိ သေဆုံးခဲ့သော ဖူးခက်မြေပြိုမှုဖြစ်ပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၂) မှစ၍ Big Buddha ဘုရားကြီးဝင်ရောက်ဖူးမျှော်ခွင့်ကို ပိတ်ထားရန် ညွှန်ကြားထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ Big Buddha ဘုရားကြီးအနောက်ဘက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်မြေပြိုမှုများ ထပ်ဖြစ်မလာစေရေးအတွက် ဘုရားကြီးကို ပိတ်ထားရန် ဖူးခက်တော်ဝင်သစ်တောဌာနက ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။ မြေပြိုမှုနှင့် ပတ်သက်၍ Big Buddha ဘုရားကြီးဝန်းကို ကွင်းဆင်းစစ်ဆေးစဉ် ဘုရားကြီးခြံဝန်းကို ဧရိယာ ၂ ဒသမ ၄ ဟက်တာ (၆ ဧကခန့်) ပေါ်တွင် တည်ဆောက်ခွင့်ပြုထားသော်လည်း သတ်မှတ်နယ်မြေပမာဏထက် ကျော်လွန်နေပြီး ဧရိယာ ၃ ဒသမ ၂ ဟက်တာ (၈ ဧကခန့်) အထိရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း […]

သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

Dawei Watch

September 2, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ညက ခရီးသည်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီခွဲခန့်က ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ငယ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင်ယာဉ်ငယ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည်အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရတာက အမျိုးသမီးလေးဦး၊ အဲဒီအထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ […]

စစ်ကောင်စီတပ်က ဖမ်းသွားသည့် ဆင်ထိုးကြီးရွာသား ထွက်ပြေးလွတ်မြောက်

Dawei Watch

September 2, 2024

ပုလောမြို့နယ်၊ ပလောက်မြို့အနီး မြိတ်-ထားဝယ်ကားလမ်းဘေး ဆင်ထိုးကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် ဖမ်းဆီးခံလိုက်ရသည့် ကိုသန်းထိုက်မှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၁၂ ရက်နေ့က ပလောက်မြို့မှ ဆင်ထိုးကြီးရွာဘက်ကို တစ်ကျော့ပြန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့အကြား ဩဂုတ်လ ၁၆ ရက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကိုသန်းထိုက်မှာ ဆင်ထိုးကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီး နေထိုင်ပြီး အိမ်တွင် တစ်ယောက်တည်း ကျန်နေချိန် စစ်ကောင်စီတပ်ကတွေ့ပြီး ဩဂုတ်လ ၁၄ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကိုသန်းထိုက်နှင့် အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။ “စစ်တပ်က ဘုန်းကြီးကျောင်းနားမှာ မိုင်းနင်းမိတယ်။ အဲ့နားက အိမ်တွေကိုရှာတော့ သူ့ကိုတွေ့ပြီး၊ တစ်ရွာလုံးစစ်ပြေးရှောင်ချိန် သူတစ်ယောက်တည်း ကျန်နေတယ်ဆိုတော့ သူ့ကို မိုင်းထောင်တဲ့သူဆိုပြီး ဖမ်းထားတာတဲ့၊ အဲ့မှာသူ့ကို […]