တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချမှုကြောင့် အရပ်သားခြောက်ဦးဒဏ်ရာရ
Dawei Watch
September 9, 2024စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုအတွင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ လေးရက်တာကာလအတွင်း အမျိုးသမီးများ အပါအဝင် အရပ်သား ခြောက်ဦးဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၇ရက် ညနေ ၅နာရီခွဲခန့်တွင် ဘန်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ၄၄နှစ်အရွယ် ကိုသားပု ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ ဘန်လင်ကျေးရွာသည် ဘန်လောကျေးရွာအုပ်စုတွင်ပါဝင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ဘန်လောကျေးရွာနှင့် တစ်ဆက်တည်း တည်ရှိသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာလ ၄ရက်နေ့ကစပြီး စက်တင်ဘာ ၉ရက်နေ့အထိ တနင်္သာရီမြိုနယ် ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေသည်။ စက်တင်ဘာ […]


