ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ ဇာဒီရွာကို စစ်အာဏာရှင်တပ် လျှပ်စစ်မီးပြန်ဖြတ်၊ ဖမ်းဆီးခံ ဇနီးမောင်နှံနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

November 10, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်အာဏာရှင်တပ်က တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာလ ၄ ရက်ကစပြီး လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်ခဲ့ပြီး ဒေသခံဇနီးမောင်နှံနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ရွာသားများထံမှ သိရသည်။ တစ်နှစ်နီးပါးကြာ လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် လျှပ်စစ်မီး ပြန်လည်တပ်ဆင်ခဲ့သော်လည်း ၁၀ ရက်အကြာတွင် ပြန်လည်ဖြတ်တောက်ခြင်း ဖြစ်သည်။ လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် အင်တာနက်လိုင်းလည်း ပြတ်တောက်သွားကြောင်း ၎င်းတို့က ဆိုသည်။ “လပြည့်ညက ရွာထဲဝင်လာပြီး သေနတ်ဖောက်တယ်။ သင်္ဘောဘက်ကနေလည်း လက်နက်ကြီးပစ်တယ်။ အဲဒီလို ပစ်ပြီးတာနဲ့ မီးပြန်ဖြတ်ပစ်လိုက်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ညတွင် ဇာဒီရွာအုပ်စု […]

ဒူတာတေး၏ မဟာမိတ်အား အိုင်စီစီ ဖမ်းဝရမ်း ထုတ်ထားဟုဆို

Dawei Watch

November 10, 2025

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏ မဟာမိတ်ဖြစ်သူ ဆီးနိတ်အမတ်တစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြောဆိုသည်။ ဆီးနိတ်အမတ် Ronald Dela Rosa အား အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဖိလစ်ပိုင်တွင် အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် ခန့်အပ်ထားသည့် အရာရှိ Jesus Crispin Remulla က ဆိုသည်။ အဆိုပါ သတင်းအချက်အလက်ကို ၎င်းထံ ဖိလစ်ပိုင်တရားရေးဌာနက လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Remulla က ဆိုသည်။ ဖိလစ်ပိုင်တရားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Polo Martinez ကမူ ယင်းသို့ ဖမ်းဝရမ်းထုတ်လိုက်သည့် သတင်းကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း ဆိုသည်။ “အဲဒီ ဖမ်းဝရမ်းမိတ္တူကို ကျွန်တော်တို့ လက်ခံရရှိထားတာ မရှိပါဘူး။ အဲဒါ ရလာရင် […]

မိုးနှောင်း မိုးကောင်းနေသဖြင့် လယ်သမားများ စပါးရိတ်သိမ်းရန်အခက်ကြုံ

Dawei Watch

November 8, 2025

မိုးနှောင်းကာလတွင် မုန်တိုင်းများကြောင့် မိုးဆက်တိုက်ရွာနေသဖြင့် ထားဝယ်ခရိုင်အတွင်းက လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း လယ်သမားများထံမှ သိရသည်။ တန်ဆောင်မုန်းလပြည့်ကျော်လျှင် စပါးရိတ်သိမ်းနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးရွာနေသဖြင့် လယ်အများစု မရိတ်သိမ်း ရသေးသလို ရိတ်ပြီးသည့် စပါးအချို့လည်း မိုးရေထိ၍ အပင်ပြန်ပေါက်ကာ ဆုံးရှုံးမှု ရှိနေကြောင်း ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။ “မိုးက ဘုရားပွဲ(တန်ဆောင်တိုင်) မတိုင်ခင်မှာ မရွာတော့ဘူးဆိုတော့ ရိတ်တဲ့သူတွေ ရိတ်ကြတယ်။ အဲဒီစပါးတွေအကုန် ရေထိပြီး အပင်ပြန်ပေါက်နေတာပေါ့။ ကျန်တဲ့လယ်တွေလည်း အကုန်ရေဝင်နေတယ်” ဟု ၎င်းက ဆိုသည်။ စပါးရိတ်သိမ်းပြီးလျှင် လယ်မြေ၌ပင် အခြားသီးနှံများ ပြန်စိုက်လေ့ရှိပြီး ယခုနှစ်တွင်မှု အစားထိုးသီးနှံ စိုက်ပျိုးခြင်း နောက်ကျနိုင်ကြောင်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာမှ လယ်သူမတစ်ဦးက ပြောဆိုသည်။ “အခုပုံစံနဲ့ဆို စပါးက နတ်တော်လလောက်မှ […]

မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက် လမ်းထပ်ပိတ်

Dawei Watch

November 8, 2025

မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် လမ်းပိတ်ဆို့မှုများဖြစ်နေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံအချို့က ပြောသည်။ အဆိုပါကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရန် အင်အားရာချီသုံးကာ စစ်ကြောင်းများ ထိုးနေပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။ ယင်းသို့ စစ်ရေးတင်းမာပြီးနောက် ပလ၊ ပုလော၊ ပလောက်၊ သရက်ချောင်းစသည့် လမ်းပိုင်းတစ်လျှောက် ကားလမ်းများ နိုဝင်ဘာလ ၇ရက်တွင် ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်နေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။ “မနေ့ကတည်းက ကားတွေ ပုလော သဲပုံရွာမှာ ပိတ်တယ်။ ပလောက်မှာလည်း ပိတ်မိနေတယ်။ ဘယ်ချိန် ဘယ်လို ပြန်ဖွင့်မလဲ အတိအကျ မပြောနိုင်ဘူး” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၇ ရက်တွင် မြိတ်မြို့မှ ထားဝယ်၊ ရန်ကုန်သို့ […]

ထိုင်းတွင် ကလေးမီးဖွားခွင့် ရက် ၁၂၀ ပေးမည့် ဥပဒေထုတ်ပြန်

Dawei Watch

November 8, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပေးမည့်ဥပဒေကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာသည်။ အကယ်၍ မွေးဖွားလာသောကလေးသည် နာမကျန်း သို့မဟုတ် မသန်စွမ်းဖြစ်နေပါက နောက်ထပ် ၁၅ ရက် ထပ်တိုး ရယူနိုင်ကြောင်း ဖော်ပြထားသည်။ ကလေးပြုစုစောင့်ရှောက်ရန်အတွက် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ အမျိုးသမီးမွေးဖွားချိန် ကူညီရန်အတွက် ခွင့်ရက် ၁၅ ရက် ယူထားသော ဖခင်ဖြစ်သူကို အလုပ်ရှင်ဘက်က လစာအပြည့် ပေးချေရမည်ဖြစ်ကြောင်း ဥပဒေအသစ်တွင် ဖော်ပြသည်။ မီးဖွားခွင့်ရက်ကို ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေရာမှ ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ […]

ထားဝယ် ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က ဓာတ်ပုံရိုက်ပြီး လူစာရင်းကောက်

Dawei Watch

November 8, 2025

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က လူဦးရေစာရင်းကောက်ယူပြီး မိသားစုဝင်များကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်တွင် ရွာသို့ စစ်အာဏာရှင်တပ်သားများ မြေတင်ကားဖြင့် ရောက်ရှိလာကာ ဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ကျေးရွာအတွင်း တပ်ဖြန့်ခဲ့ပြီး တစ်ရွာလုံးကို စာရင်းကောက်ခြင်းမဟုတ်ဘဲ ရှင်မုတ္ထီး ရွာလယ်လမ်းအတွင်းရှိ နေအိမ်များကိုသာ စာရင်းကောက်ကြောင်း ၎င်းတို့က ဆိုသည်။ “ရွာလယ်လမ်း တစ်လမ်းတည်း စာရင်းယူသွားတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို ဓာတ်ပုံ ရိုက်သွားတယ်။ ဘာအတွက်လဲ မပြောသွားဘူး။ ကိုယ့်ဓာတ်ပုံတွေ ဘယ်နေရာမှာ သုံးမယ်မှန်းမသိတော့ စိတ်ပူနေရတယ်” ဟု ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်သားများက ကင်းယူ၍ အရပ်ဝတ် ဝတ်ထားသူအချို့က ယင်းသို့ စာရင်းကောက်ခဲ့ကြောင်း ၎င်းက […]

လောင်းလုံး ကြံ့ခိုင်ရေးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်

Dawei Watch

November 8, 2025

လောင်းလုံးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် ယနေ့ နိုဝင်ဘာလ ၈ရက် နံနက် ၆နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ခဏနေတော့ မီးခိုလုံးကြီးထွက်လာတယ်။ (ဒီနေ့ မနက်) ၇နာရီလောက်ထိ မီးလောင်နေတုန်းပဲဆိုတော့ ဘာမှ မကျန်တော့ဘူး။ ပြာဖြစ်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမကြောင်းလည်း မြို့ခံအချို့က ဆိုသည်။ မြို့ခံအချို့က ဖောက်ခွဲခံရခြင်းဖြစ်သည်ဟု ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေ။ ပေါက်ကွဲပြီး တစ်နာရီခန့်အကြာ မနက် ၇ နာရီခန့်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပေါက်ကွဲမှုဖြစ်ပွားနေရာသို့ ရောက်လာခြင်း မရှိကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့် ကြံ့ခိုင်ရေးပါတီရုံးသည် လောင်းလုံးမြို့မ ရဲစခန်းနှင့် မီတာ ၆၀၀ […]

မွန်တွင် စက်သုံးဆီ ဝယ်ယူရခက်

Dawei Watch

November 7, 2025

မွန်ပြည်နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများနှင့် စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁ရက်ကစပြီး စက်သုံးဆီအရောင်းဆိုင်အများစုတွင် စက်သုံးဆီ ပြတ်လပ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယခင်က မွန်ပြည်နယ်သို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်မှတစ်ဆင့် လာရောက်ဖြန့်ဖြူး သော်လည်း ယခု နိုဝင်ဘာလတွင် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းစက်သုံးဆီ သိုလှောင်ကန်မှတစ်ဆင့် ဖြန့်ဖြူးကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ ယင်းသို့ ဖြန့်ဖြူးရာတွင် စနစ်တကျ မရှိသည့်အတွက် ဆီဘောက်ဆာကား တင်သည့်အချိန် ကြန့်ကြာပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်ခြင်းဖြစ်ကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ “ရာဇာမင်းဆီကန်မှာက ဆီဖြည့်ရတာ ကြာတယ်။ ဆီဖြည့်ဖို့ စောင့်နေတဲ့ကားတွေလည်း အများကြီးပဲ။ အဲဒီမှာ ကြာနေတော့ ဆီမဖြန့်နိုင် ဖြစ်သွားတယ်။ […]