BREAKING
November 13, 2025

သတင်း

ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်းတစ်ခု AA သိမ်းယူ၊ နယ်ခြားစောင့် ၆၀နီးပါး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေး

Dawei Watch

February 5, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီး ယင်းစခန်းက နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း AA က ထုတ်ပြန်သည်။ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်းနှစ်ခုကို AA က ဇန်နဝါရီလ ၄ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည့်အပြင် AA ဘက်ကလည်း တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးကြောင်း AA က ဆိုသည်။ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည် ထုတ်ပြန်ချက်တွင် […]

နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်

Dawei Watch

February 4, 2024

၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။ ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည် ဗရော်နီကာကို မည်သို့မျှယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ ပထမပွဲချီ စတင်ပြီးနောက် စက္ကန့်အနည်းမျှသာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့ကာ ယင်းနောက်တွင်မူ အောက်စည်းသက်သက်ဖြင့်သာ ထိုးသတ်သွားခဲ့ရသည်။ အသာစီးအနေအထားကို ပိုင်ဆိုင်လိုက်ပြီးသည့် ဗရော်နီကာက ဖိအားပေးကာ လက်သီးချက်များ၊ ခြေကန်ချက်များ ဆက်တိုက်ပစ်လွှတ် ထိုးသတ်လိုက်သည့်အတွက် နွမ်ဗျူးသည် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး ကြိုးဝိုင်ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်တွင် ဆက်လက်ထိုးသတ်ရန် အသင့်အနေအထားဖြင့် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ဆက်လက်ထိုးသတ်ရန် ခွင့်ပြုလိုက်သေးသည်။ သို့သော် ပွဲပြန်လည်ထိုးသတ်ချိန် စက္ကန့်ပိုင်းအတွင်း၌ပင် ဗရော်နီကာ၏လက်သီးချက်များကို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 3, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာပြည်သူ ၁၆သိန်းကျော် စစ်ဘေးရှောင်နေရပြီး ၁၈သန်း အကူအညီလိုအပ် မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူ ၁ဒသမ၆သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသလို ပြည်သူ ၁၈ သန်းဟာ လည်း အကူအညီလိုအပ်နေတယ်လို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတချို့က ပူးတွဲထုတ်ပြန်ပါတယ်။ ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေဖို့ တွန်းအားပေးလျက်ရှိတယ်လို့လည်း ဆိုပါ တယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ပူးတွဲ ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီက လူထောင်ပေါင်းများစွာကို ထောင်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာစတဲ့ အရပ်သားပြည်သူတွေ […]

မြန်မာတစ်ဦး ပိုင်ဆိုင်သောနေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်စီး

Dawei Watch

February 3, 2024

ထိုင်းနိုင်ငံသား ခံယူထားသော မြန်မာတစ်ဦး ပိုင်ဆိုင်သည့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ရနောင်းမြို့များရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နှစ်လုံးထီရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသောလုပ်ငန်းများတွင် ငွေကြေးခဝါချသည်ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ၎င်းနှင့် သက်ဆိုင်သူ ၁၈ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံသားခံယူထားသော အဆိုပါသံသယရှိသူမြန်မာမှာ ရနောင်းတွင် နေထိုင်နေသူဖြစ်ကာ ဘန်ကောက်နှင့် ရနောင်းတွင်အခြေစိုက်၍ အွန်လိုင်းလောင်ကစားဖြင့် စီးပွားရေးလုပ်ကိုင်နေသူဟုဆိုသည်။ လက်ရှိအချိန်တွင် သူသည် မြန်မာနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်နေသည်ဟု ထင်မှတ်ရကြောင်း အထူးစုံစမ်းရေးအဖွဲ့က ခန့်မှန်းထားသည်။ နေ့လယ် ၁၂ နာရီအချိန်ခန့်က […]

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သထုံတွင် ကျောင်းသားနှစ်ဦးဒဏ်ရာရ

Dawei Watch

February 3, 2024

သထုံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)၏ အုပ်ချုပ်နယ်မြေ ဖလံတောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၃၀ ရက်နေ့က KNU သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ယင်းတိုက်ပွဲပြီးနောက် စစ်ကောင်စီက ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်နက်ကြီးကျည် နှစ်လုံးမှာ ဖလံတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် စောအောင်သပြေဟိန်းနှင့် အသက် ၁၆ နှစ်အရွယ် စောနေမျိုးဦတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “ကျောင်းသားတွေက သူတို့ဆရာမ အိမ်ဘေးက ဘောလုံးကွင်းကို လာကြတာ၊ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပါလက်စတိုင်းကူညီရေးရန်ပုံငွေ ပြန်ထည့်ပေးဖို့ ကုလတောင်းဆို ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်ကူညီရေးဌာန (UNRWA) အတွက် ရန်ပုံငွေကို ပြန်လည်ထည့်ပေးကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဇန်နဝါရီလ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ အစ္စရေးကို တိုက်ခိုက်ခဲ့တုန်းက ကုလဒုက္ခသည်ကူညီရေးဌာနက ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေဆဲပါ။ သတင်းကြောင့် အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က အကူအညီတွေ ဖြတ်တောက်ထားပါတယ်။ ပါလက်စတိုင်း ဒုက္ခသည် ကူညီရေးဌာနရဲ့ နှစ်စဥ် ဘတ်ဂျက်က […]

ထားဝယ်အမျိုးသမီးသမဂ္ဂက မနှင်းအိထွေးကို စစ်ကောင်စီက ထောင် ၁၀နှစ်ချ

Dawei Watch

February 2, 2024

ထားဝယ်အမျိုးသမီးသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မနှင်းအိထွေး (ခေါ်) မဌေးဌေးဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ကြောင်း နီးစပ်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃ ရက်က ဆိုင်ကယ်တိုက်မိသဖြင့် ထားဝယ်ဆေးရုံတွင် တက်ရောက် ကုသနေသည့် တူနှစ်ဦးကို လူနာပြုစုစောင့်ရှောက်နေစဉ် မနှင်းအိထွေးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများက မေးမြန်းလိုသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုဆိုကာ မနှင်းအိထွေးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့ကြောင်း မနှင်းအိထွေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းနောက် မနှင်းအိထွေးကို ဇန်နဝါရီလ ၃၁ ရက်တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “တရားရုံးထုတ်တုန်းကတော့ လူချင်းတွေ့ရတယ်။ ကျန်းမာရေးကောင်းပါတယ်။ အမိန့်ချတာနဲ့ပက်သက်ပြီး […]

တနင်္သာရီမြို့နယ် ဘန်လောအရှေ့ရွာတိုက်ပွဲတွင် စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

Dawei Watch

February 2, 2024

တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ရွာ တိုက်ပွဲ‌ သုံးရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိတ်မြို့ဘက်မှလာသည့် Mi – 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဘန်လောအရှေ့ရွာတွင် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး အပြန်တွင် ကျွန်းစုမြို့နယ် မင်းဂုတ်ရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောသည်။ “ဘန်လောမှာ ၉ လုံး ၊ မင်းဂုတ်မှာ ၆ လုံး၊ ဗုံးက ဥယျာဉ်တွေထဲကျတယ်။ အထိအခိုက်မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ ဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက တိမ်းရှောင်နေကြပြီး ဗုံးလာကြဲမှုကြောင့် […]