ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ဆေးမှုပိုတင်းကျပ်လာ၍ ဒေသခံကုန်ကားသမားများ အခက်တွေ့

Dawei Watch

November 10, 2025

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာသဖြင့် ဒေသခံကုန်ကားများ ကုန်စည်တင်ဆောင်ရာတွင် အခက်တွေ့နေကြောင်း ဘုတ်ပြင်းမြို့နယ်နေ ‌ကားသမားအချို့ထံမှ သိရသည်။ အဆိုပါလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စောင့်နေသည့် စစ်အာဏာရှင်တပ်သားများက ဒေသခံကုန်ကားများ ကုန်ပစ္စည်းတင်ဆောင်လာပါက ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် သိမ်းယူခြင်းများ ပိုမိုလုပ်ဆောင်လာပြီး ငွေကြေးတောင်းခံမှုလည်း ပိုများလာကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ယာဉ်မောင်းတစ်ဦးက ဆိုသည်။ “ဆန်အိတ်တွေဆို တင်ဆောင်ရတာ တအားပင်ပန်းတယ်။ ဘုတ်ပြင်းဘက်က ကုန်ပစ္စည်းတွေက ကျွန်တော်တို့ပဲ အဓိက ကားနဲ့သယ်ရတယ်လေ။ စားသောက်ကုန်တွေဆို ခဏခဏ သိမ်းထားခဲ့တာမျိုး(သိမ်းတာမျိုး)လုပ်တယ်။ ပစ္စည်းမှာသမားတွေမှာလည်း အခက်တွေ့သလို ကျွန်တော်တို့လည်း ခဏခဏအဲလိုဖြစ်တော့ ကြားထဲက စိတ်ညစ်ရတယ်”ဟု ၎င်းက ပြောသည်။ မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်အရေအတွက် နှစ်ဆယ်ဝန်းကျင်ရှိနေရာမှ ယခုနှစ်အတွင်း ပျမ်းမျှအားဖြင့် ၅ ဂိတ်နီးပါးတိုးလာသလို ဂိတ်တစ်ခုလျှင် ငွေကျပ်သောင်းဂဏန်းအထိ ကောက်ခံနေကြကြောင်း […]

လာတွေ့ရန်ခေါ်သည်ကို ဆိုင်ရှင်ကမလာ၍ စစ်အာဏာရှင်တပ်က လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့်ဗုံးချ

Dawei Watch

November 10, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်ကို စစ်အာဏာရှင်တပ်က လာရောက်တွေ့ဆုံရန် လူလွှတ်ခေါ်သော်လည်း မသွားသဖြင့်ဟုဆိုကာ လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့် ဗုံးသီးချခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ အရှေ့မော်တုန်း‌ရွာရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်လင်မယားနှစ်ယောက်ကို မော်တုန်းကျေးရွာ အခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းသို့ လာရောက်တွေ့ဆုံရန် နိုဝင်ဘာလ ၇ ရက်နေ့က ရွာသားများအား နှစ်ကြိမ်လွှတ်၍ ခေါ်ခိုင်းကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။ ထိုသို့လာခေါ်သော်လည်း အသက် ၅၅ ဝန်းကျင် ဆိုင်ရှင်လင်မယားက မသွားသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့်ဗုံးသီးနှစ်လုံးချခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ “တပ်ရှေ့ကနေ ဖြတ်သွားတဲ့ ရွာသားတွေကို ဆိုင်ကိုလွှတ်ပြီး တပ်ရင်းကို ခဏလာဦးဆိုပြီး နှစ်ကြိမ်လာ ခေါ်ခိုင်းလိုက်တယ်။ လင်မယားက […]

လောင်းလုံး ညင်းမော်ရွာဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

November 10, 2025

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် ညင်းမော်ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှစပြီး လောင်းလုံးမြို့ပေါ်မှတစ်ဆင့် ညင်းမော် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး နေ့လယ်ပိုင်းတွင် ညင်းမော်ကျေးရွာထဲ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ “ရွာသားတွေကတော့ မနက်ကတည်းက ကြိုပြီးရှောင်နေကြတယ်။ (ညင်းမော်ရွာ) ရွာထဲကို စစ်ကြောင်းရောက်နေပြီလို့ သတင်းရတာကတော့ (မွန်းလွဲ) ၁ နာရီလောက်မှာပါ” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ထိုကဲ့သို့ စစ်ကြောင်းထိုးလာသဖြင့် ညင်းမော်၊ စစ်ပြဲ ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခန့်တွင်မူ ညင်းမော်ရွာထဲက လက်နက်ကြီးပစ်ခတ်သံ နှစ်ချက်ကြားရကြောင်းလည်း […]

တနင်္သာရီ ကျေးရွာအချို့တွင် ဆန်စျေးပြန်ကျ

Dawei Watch

November 10, 2025

စစ်အုပ်စု၏ ရွေးကောက်ပွဲနီးလာချိန်တွင် တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူခွင့် ပိုမိုခွင့်ပြုလာသဖြင့် ဆန်ဈေး ပြန်ကျလာကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆန်သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရာမှ နိုဝင်ဘာလဆန်းမှစတင်ကာ စျေးဝယ်ယူခွင့် စာအုပ်လုပ်ရလွယ်ကူလာပြီး အိမ်ထောာင်စုတစ်ခု တစ်ပတ်လျှင် ဆန်တစ်အိတ် ဝယ်ယူသယ်ဆောင်ခွင့်ရလာကြောင်း ကျေးလက်နေဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လများတွင် စစ်အာဏာရှင်တပ်က ကျေးရွာများသို့သယ်မည့် ဆန်များကို အိမ်ထောင်စုတစ်စုအတွက် ၁၅ ရက်လျှင် ဆန်တစ်အိတ်သာ သယ်ယူခွင့် ပြုထားသည်။ ထို့အပြင် ကုန်စုံဆိုင် ဈေးဝယ်ခွင့်လက်မှတ်ကိုင်ထားသူများလည်း ဆန်အိတ်အရေအတွက် ပိုတိုးပြီးသယ်ခွင့်ရနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် ကျေးရွာနေပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာများကို တနင်္သာရီမြို့ပေါ်တွင် သွားရောက်ဝယ်ယူလိုပါက စစ်အာဏာရှင်တပ်တွင် ဈေးဝယ်ခွင့်လက်မှတ် လုပ်ဆောင်ရသည်။ ထိုဈေးဝယ်ခွင့်လက်မှတ်က လုပ်ဆောင်ရခက်ခဲသလို ဆန်နှင့် အခြားပစ္စည်းများသယ်ဆောင်ပါက တင်းတင်း […]

ကျွန်းစု ပင်လယ်ရွာအချို့တွင် ဇီဝဇိုးငှက်မွေးသည့်အိမ် ပိုဆောက်လာ

Dawei Watch

November 10, 2025

ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများဖြစ်သည့် ကော်ဇယာအုပ်စုနှင့် မဲတောအုပ်စုရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ် ပိုမိုဆောက်လုပ်လာကြကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်မတိုင်မီက ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ရွာလျှင် ပျမ်းမျှအားဖြင့် ဇီဝဇိုးငှက် မွေးမြူသည့်အိမ် တစ်အိမ် နှစ်အိမ်ခန့်သာရှိရာက လက်ရှိတွင် အိမ်ဆယ်နှင့်ချီ ရှိလာကြောင်း ဒေသခံအချို့က ပြောသည်။ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြရာ မိုးရာသီတွင် လှိုင်းလေကြီးပြီး ပယ်လယ်ထွက်ရခက်ပြီး အလုပ်အကိုင် ရှားပါးခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ရွာမှာဆို ကျွန်တော်ငှက်အိမ်က ရွာမှာပထမဆုံးပဲ။ ပင်လယ်ဘက်ဆိုတော့ မိုးရာသီဆို အလုပ်ရှားတယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ယခင်က ဇီဝဇိုးငှက်မွေးမြူသည့် အိမ်များကို မြိတ်မြို့နယ်တွင်သာ အများဆုံးတွေ့ရပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ […]

မော်လမြိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

November 10, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး နိုဝင်ဘာလ ၉ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးသည် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ်ကွင် ၉ လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၀ ကျော်အရွယ် တင်ကိုကိုဦး၊ မာမက်အာယွန်း (ခ) မနီနှင့် ဇွဲဝေယံထက်တို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ကိုကိုဦးနှင့် မာမက်အာယွန်း (ခ) မနီတို့ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဇွဲဝေယံထက်မှာမူ သေနတ်ဒဏ်ရာရရှိကြောင်း မြို့ခံများက ဆိုသည်။ အဆိုပါ LGBT သုံးဦးသည် ဆိုင်ကယ်ဖြင့် […]

ထားဝယ်မြို့တော်ခန်းမဟောင်း မင်္ဂလာညစာစားပွဲများအတွက် စတင်အသုံးပြု

Dawei Watch

November 10, 2025

ထားဝယ်မြို့၊ မြို့တော်ခန်းမဟောင်းကို မင်္ဂလာညစာစားပွဲကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခမ်းအနားများအတွက် စတင်အသုံးပြုနေကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက်တွင် မြို့တော်ခန်းမဟောင်း၌ မင်္ဂလာညစာစားပွဲ တစ်ခုကျင်းပခဲ့သလို ဂေါက်ကလပ်၏ ညစာစားပွဲ ကိုလည်း နိုဝင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း ယင်းပွဲများ၏ မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ “မြို့တော်ခန်းမမှာ ညစာစားပွဲလုပ်တာက ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်မင်္ဂလာပွဲမို့၊ နောက်ပိုင်းပွဲတွေ ခွင့်ပြု မပြုတော့ ပြောမတတ်သေးဘူး။ ဂေါက်ကလပ် ညစာစားပွဲလည်း မြို့တော်ခန်းမမှာပဲ လုပ်သွားတယ်” ဟု အဆိုပါပွဲများကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ မြို့တော်ခန်းမတွင် ယခင်က အစိုးရအခမ်းအနား၊ တွေ့ဆုံပွဲ၊ အများနှင့် သက်ဆိုင်သော ပွဲအခမ်းအနားများသာ ဆောင်ရွက် ခဲ့ပြီး အရပ်သားအစိုးရခေတ်တွင်မူ လွတ်လပ်ရေးနေ့၊ ခရစ္စမတ်နေ့ ညစာစားပွဲများကို […]

ထိုင်းက မြန်မာ ၉၀ ဦးကို နေရပ်ထပ်ပို့၊ ယခုလဆန်း ၁၀ ရက်အတွင်း ၁၄၀ နီးပါး မြန်မာနိုင်ငံပြန်ပို့ထား

Dawei Watch

November 10, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က မြန်မာနိုင်ငံသား ၄၇ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံနေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနိုဝင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၁၃၇ ဦး ရှိပြီဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ […]