BREAKING
November 13, 2025

သတင်း

လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦး ခံဝန်ဖြင့်ပြန်လွတ်

Dawei Watch

February 19, 2024

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားသည့် စာရင်းစစ်ရုံးက Non-CDM ဝန်ထမ်းနှစ်ဦး ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ လောင်းလုံးမြို့မရဲစခန်း၊ စရဖရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက နေရာပေါင်းစုံမှ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း မြို့နယ်စာရင်းစစ်ရုံးက ဦးစီးအရာရှိ ဒေါ်ဌေးဌေးညွန့်နှင့် ဒုစာရင်းစစ်မှူး ဒေါ်မေနွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါ Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောသည်။ အဆိုပါ ဝန်ထမ်းနှစ်ဦးကို မြို့နယ် ပအဖ၏ မှုခင်းစစ်ဆေးရေးအဖွဲ့ခုံရုံးဖြင့် စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ထားဝယ်အရှေ့တောဒေသတွင် သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

February 19, 2024

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၄ နာရီခန့်က လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့် ကား ၁၇ စီးပါ စစ်ကာင်စီတပ် ယာဉ်တန်းနှင့် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သင်္ကန်းတုန်းရွာတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက် နံနက်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်သလို စနိုက်ဘာ၊ ဒရုန်းတို့အသုံးပြုကာလည်း တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ […]

မန္တလေး ပတ်စ်ပို့ရုံးတွင် လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး

Dawei Watch

February 19, 2024

မန္တလေးမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက်တွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ရန် တန်းစီတိုးဝှေ့ရာမှ လူအုပ်ပိပြီး အသက်ရှူကြပ်သတိလစ်ကာ အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ နံနက် ၂နာရီခွဲဝန်းကျင်တွင် တန်းစီတိုးဝှေ့ရာမှ လူအုပ်ပိခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ သုံးဦးစလုံးမှာ မန္တလေးတွင် နေထိုင်သူများဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအနက် အသက် ၅၂နှစ်အရွယ် ဒေါ်ခင်မျိုးအေး၊ အသက် ၃၉နှစ်အရွယ် ဒေါ်ခိုင်ဝေတို့ သေဆုံးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အသက် ၅၃နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းဆိုသူတွင်လည်း ခြေထောက်ကျိုးဒဏ်ရာရကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ မန္တလေး ပတ်စ်ပို့ရုံးတွင် နေ့စဉ် လူနှစ်ရာဝန်းကျင်ကိုသာ ပတ်စ်ပို့ပြုလုပ်ပေးသော်လည်း တန်းစီစောင့်ဆိုင်းသူ လူထောင်ချီရှိနေကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရသိရသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းဖြင့်ပြန်လွတ်

Dawei Watch

February 18, 2024

ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၆ လ အချုပ်ခံရပြီးနောက် ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီဖြစ်သည်။ သူသည် အချုပ်ထောင်ထဲတွင် တစ်ညတောင်မှမနေရဘဲ ပြန်လွတ်လာသူဖြစ်ပြီး မိသားစုနေအိမ်တွင် နေထိုင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းအကျဉ်းထောင်ထဲရှိ အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူ ၉၃၀ ဦးကို ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့တဲ့နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့သည်။ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း သူ့ထောင်ဒဏ်ကို တနှစ်သာ ကျခံရန် ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။ သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ Ref: […]

ကံပေါက်တွင် CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 18, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။ လှည်းကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ ညီအစ်မနှစ်ဦးကို ဖေဖော်ဝါရီလ ၁၇ ရက်ညတွင်မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ည ၁၁ နာရီခွဲလောက်ပဲ အိမ်တံခါးခေါက်ပြီး လာခေါ်သွားတယ်။ အိမ်မှာတော့ ဘာမှလုပ်မသွားဘူး” ဟု လှည်းကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဒေါ်ချိုချို နှင့် ဒေါ်ညိုညို အဖမ်းခံရသည့် အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မင်းသားရွာက CDM ဆရာမ ဒေါ်ကေဂျာဦးကို ကံပေါက်-မင်းသား လမ်းပိုင်းရှိ ‌ဆင်ကူးရွာတောင်ကုန်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံက […]

ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

February 18, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာ တံတားအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ရွာသားများက ပြောသည်။ ဦးခေါင်းတွင်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ပစ်သတ်ခံရသူ၏ ရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ကံပေါက်ရွာက ဘေးတွဲတက္ကစီသမားတစ်ဦးက ဆိုသည်။ “လမ်းမအလယ်တည့်တည့်ကြီး၊ သွေးအိုင်ထဲမှာ လဲနေတာ။ ဘယ်သူမှာမထိရဲဘူး ၊ ဒဏ်ရာက မြင်ခဲ့ရသလောက် ခေါင်းကနေ သွေးထွက်နေတယ်” ဟု ၎င်းက ပြောသည်။ ‌ပစ်သတ်ခံရသူသည် ဇာဒီရွာသားမဟုတ်ဘဲ နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ဇာဒီရွာတွင် လာရောက်နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဂန် ဆိုသူဖြစ်ကြောင်း ဇာဒီရွာသားများထံမှ သိရသည်။ “သူ့မိန်းမက ခရီးလွန်နေတယ်။ ခရီးကပြန်ရောက်မှ အလောင်းကောက်ရတယ်။ ညနေ ၅ နာရီလောက် ဖြစ်သွားပြီ။ လူနာတင်ယာဉ်နဲ့ […]

တနင်္သာရီ မြို့ဟောင်းရွာတွင် လူငယ်တစ်ဦး မိုင်းနင်မိပြီးသေဆုံး

Dawei Watch

February 17, 2024

တနင်္သာရီမြို့နယ်၊ မြို့ဟောင်းရွာတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇နာရီခန့်က လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ကော့မပြင်ကျေးရွာအုပ်စုမှ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ကိုနေဇော်ဦး ဆိုသူဖြစ်ပြီး မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံ အလည်လာစဉ် လမ်းပိုင်းတွင် မိုင်းနင်းမိခြင်းကြောင်း ဒေသခံတို့က ဆိုသည်။ ၃ဝ၆ အမြောက်တပ်၏ တောင်ဘက်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “အဒေါ်ဆီ လာလည်ဖို့ တပ်အရှေ့က မဖြတ်ချင် တောင်ကုန်းဖြတ်လမ်းကလာတာ မိုင်း အနင်းခံလိုက်ရ (နင်းမိ) တယ်” ဟု မြို့ဟောင်းရွာအနီးရှိ မော်တုန်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါလူငယ်တွင် ကိုယ်လက်အင်္ဂါပြတ်ထွက်သည့် ဒဏ်ရာမရှိဘဲ မိုင်းစ ဘယ်ဘက်ခြေထောက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်သည့် ဒဏ်ရာဖြင့်သေဆုံးကြောင်း မျက်မြင်တွေ့သူများက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 17, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ လူငယ်တွေကို စစ်ဘောင်ထဲသွတ်သွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ လူငယ်တွေကို စစ်ဘောင်ထဲသွတ်သွင်းဖို့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံကိုလည်း အကျပ်အတည်းမျိုးစုံ ဆိုက်လာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်တဲ့လူငယ်တွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဒီဥပဒေဟာ အရင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ကနေ အနားမယူခင် ၂၀၁၀ မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာတည်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာလိုက်တာပါ။ ဒီလိုအသက်သွင်းပြီးနောက်မှာတော့ စိုးရိမ်ပြီး လူငယ်တွေ ပြည်ပသို့ အလုံးအရင်းနဲ့ထွက်ခွာတာ၊ စစ်မှုထမ်းရမယ့်အတူတူ စစ်ကောင်စီလက်အောက်မှာ […]