ကျိုက်ထိုတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်
Dawei Watch
February 20, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရိသည်။ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်က ရွာအနီး တောစပ်တွင် တံမြက်စည်းလုပ်သည့် နတ်မြှားပင် သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုရန်နိုင်စိုး၏ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ပိုင်း ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်နှင့်ခန္ဓာကိုယ်အနှံတွင်လည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “သူက တံမြက်စည်းလုပ်ဖို့ တောထဲမှာ နတ်မြှားတံသွားရှာရင်း မိုင်းထိသွားတယ်။ ခြေထောက်တစ်ဖက်ကတော့ ပြတ်ထွက်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည့် ကိုရန်နိုင်စိုးကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏အကူအညီဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံမှတစ်ဆင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ […]


