ထားဝယ် ရှင်သာလျောင်းဘုရားကြီးတွင် တန်ဆောင်တိုင် စတုဒီသာပွဲ ပထမအကြိမ်ကျင်းပမည်
Dawei Watch
November 14, 2024ထားဝယ်မြို့နယ်၊ ကနိုင်းဒါရွာတွင် တည်ရှိသည့် လောကသရဖူလျောင်းတော်မူ ရှင်သာလျောင်းဘုရားကြီးတွင် မနက်ဖြန် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၁၅ ရက်တွင် စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း အလှူရှင်များထံမှ သိရသည်။ တန်ဆောင်တိုင် စတုဒီသာကျွေးမွေးခြင်းကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စတုဒီသာလှူဒါန်းခြင်းကို ရှင်သာလျောင်ဘုရားကြီး ပတ်ဝန်းကျင်ရှိ ကူးတို့ ၊ ကနိုင်းဒါ၊ ကဒင်ဝ နှင့် အလယ်ကုန်း ရွာလေးရွာက အလှူရှင်များ စုပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည် ။ ထားဝယ်မုန့်လက်သုပ်၊ မာလာရှမ်းကော၊ အသုပ်၊ အအေး စသဖြင့် မုန့်အမျိုးအစား တစ်ဆယ်ကျော်ကို ဘုရားဖူးလာ ပရိသတ်များအား ဘုရားရင်ပြင်တွင် ကျွေးမွေးဧည့်ခံနိုင်ရန် စီစဥ်ထားကြောင်း အလှူရှင်တစ်ဦးက ပြောသည်။ “အခုလောလောဆယ်ကတော့ မုန့်အမျိုးအစား ဆယ်မျိုး စာရင်းရထားပြီးပြီ။ နောက်ထပ်လာလှူမယ့် သူတွေလည်း ရှိသေးတယ်။ ဘုရားဖူးလာရင်း စတုဒီသာ […]


