ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်ဝမ်အရေး နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု ဖြေလျှော့ရန် ဂျပန်သံတမန် တရုတ်သွားမည်

Dawei Watch

November 17, 2025

ထိုင်ဝမ်အရေးကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေမှု ပြေလည်စေရန် ဂျပန်အဆင့်မြင့်သံတမန်တစ်ဦး တရုတ်နိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၁၇) သွားရောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိ၏ ထိုင်ဝမ်အရေး မကြာသေးမီက ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံတမန်ဆက်ဆံရေးမြင့်တက်လာလျက် ရှိသည်။ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခြင်းက ဂျပန်၏ ရှင်သန်ရပ်တည်ရေးကို ခြမ်းခြောက်မှုဖြစ်ပြီး ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုဖြစ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးအစိုးရက ၎င်းတို့ ပိုင်နက်အဖြစ် ကြေညာထားသည်။ တရုတ်ပြည်မကြီးအစိုးရအပေါ် ရန်စမိမည်ကို စိုးရိမ်သဖြင့် ဂျပန်အစိုးရအရာရှိများသည် ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိကဲ့သို့ လူသိရှင်ကြား ပြောဆိုမှုမျိုးကို အချိန်ကြာမြင့်စွာ ရှောင်ရှားလာခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှနှင့် သမုဒ္ဒရာဒေသဆိုင်ရာဗျူရို […]

စစ်အာဏာရှင်တပ်က ညင်းမော်ရွာခံနှစ်ဦးကို ပစ်သတ်

Dawei Watch

November 17, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ စိတ်ကျန်းမာရေးချို့ယွင်းသည့် ဦးဝင်းနိုင်ဆိုသူဖြစ်ပြီး နောက်တစ်ဦးမှာ ညင်းမော်ရွာတွင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် ဗမာလူမျိုးတစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ညင်းမော်ရွာထဲမှ စစ်အာဏာရှင်တပ် ယာယီဆုတ်ခွာသွားချိန် ဒေသခံများရွာထဲ ခေတ္တဝင်ရောက်သည့်အချိန် သတ်ဖြတ်ပြီး မြေမြှုပ်ထားသည့်အဆိုပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ရွာထဲဝင်ကြည့်တော့ အပုပ်နံ့တွေရလို့ လိုက်ရှာကြည့်တာ မြေမြှုပ်ပြီး အလောင်းစွန့်ပစ်ထားတာကို တွေ့ရတာ” ဟု အလောင်းတူးဖော်သည်ကိုကိုယ်တိုင်မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ ဗမာအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၃ ရက်တွင် တွေ့ရှိပြီး နောက်တစ်ဦး၏ အလောင်းကိုမူ နိုဝင်ဘာလ ၁၆ ရက်တွင် တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ စစ်အာဏာရှင်တပ်သည် […]

မောတောင်လမ်းတွင် ရဟတ်ယာဉ်ဖြင့်စစ်ကူလာသည့် စစ်အာဏာရှင်တပ်သားအချို့ ထပ်မံလက်နက်ချ

Dawei Watch

November 16, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်‌ရေးတပ်များ သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က Mi-17 ရဟတ်ယာဥ်များဖြင့် အကြိမ်ကြိမ်စစ်ကူလာသည့် စစ်အာဏာရှင်တပ်သားများအနက် အချို့ လက်နက်ချကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။ တနင်္သာရီမြို့နယ် သဲဖြူရွာကို ရဟတ်ယာဉ်နှင့် လေယာဉ်ဖြင့်လာရောက်ပို့ဆောင်ခဲ့သည့် စစ်အာဏာရှင်တပ်သား ၁၀၀ ကျော်အနက် အချို့မှာ နိုဝင်ဘာလ ၁၆ရက် နံနက်တွင် တော်လှန်ရေးတပ်များထံ လက်နက်ချကြောင်း တော်လှန်‌ရေးတပ်များနှင့် နီးစပ်သူအချို့က ပြောသည်။ မောတောင်မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကလည်း စစ်အာဏာရှင်ဘက်တော်သား လေးဆယ်ကျော် လက်နက်ချခဲ့သလို ဘက်ပြောင်းခိုလှုံလာသူလည်း ဆယ်ချီရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် နိုဝင်ဘာလ ၁၅ ရက်က လေကြောင်းဖြင့် စစ်အင်အားဖြည့်ပြီးနောက် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “(နိုဝင်ဘာ ၁၅ရက်) […]

မောတောင်မြို့ သွားသည့်လမ်းပိုင်းတွင်တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ်က ဆက်တိုက်ဗုံးကြဲပြီး လေကြောင်းဖြင့် စစ်အင်အားဖြည့်

Dawei Watch

November 15, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေရာ စစ်အာဏာရှင်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ပြီး လေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) တွင် တနင်္သာရီ- ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်နှင့် သဲဖြူရွာဝန်းကျင်တွင် ယနေ့ တစ်ရက်လုံးတိုက်ပွဲ ပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ သိန်ခွန်းရွာနှင့် သဲဖြူရွာက ၁၁ မိုင်ခန့်ကွာဝေးပြီး တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့သွားရာ လမ်းပေါ်တွင်တည်ရှိသည်။ တိုက်ပွဲပြင်းထန်နေချိန် နံနက် ၉ နာရီခွဲခန့်တွင် မြိတ်လေတပ်စခန်းမှ ပျံတက်လာသည့် Y12 လေယာဉ်နှစ်စီးနှင့် Mi-17 ရဟတ်ယာဥ် သုံးစီးဖြင့် သဲဖြူရွာဝန်းကျင်နှင့် သိန်ခွန်းရွာဝန်းကျင်ကို ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် […]

ထိုင်းတောင်ပိုင်းတွင် မြန်မာနှစ်ဦး ဓါတုကန်သန့်ရှင်းရေးလုပ်စဉ် အဆိပ်ငွေ့ရှူမိပြီး သေဆုံး

Dawei Watch

November 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီခရိုင်၊ ပလိုင်ဖရာယာဒေသ ကုမ္ပဏီတစ်ခုတွင် မြန်မာအလုပ်သမားသုံးဦး ဓါတုကန်သန့်ရှင်းရေး အလုပ်လုပ်နေစဉ် အဆိပ်ငွေ့ရှူမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၄ ရက်က မြန်မာအလုပ်သမားသုံးဦး ဓါတုကန်ပိုက်အရှည်ထဲတွင် သန့်ရှင်းရေးလုပ်နေစဉ် ပြင်းထန်သော အဆိပ်ငွေ့ကို ရှူရှိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမား သုံးဦးအနက် အသက် ၂၂ နှစ်အရွယ် ကိုပိုင်ကို ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ပလိုင်ဖရာယာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကျန်နှစ်ဦးမှာ အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသွားခဲ့ကြောင်း ရေးသားထားသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းလင်းအောင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း ဆိုသည်။ ကြက်ဥပုပ်အနံ့ဟု လူသိများသော လူကိုသေစေနိုင်သည့် ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်ငွေ့ပါဝင်သည့်ကန်ထဲသို့ […]

BBC ကို ဒေါ်လာ ၅ ဘီလီယံအထိ တရားစွဲမည်ဟု ထရမ့်ပြော

Dawei Watch

November 15, 2025

အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံအကြားအထိ နစ်နာကြေးပေးဆောင်ရန် BBC အား တရားစွဲဆိုမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၄ ရက်က ပြောကြားသည်။ ထရမ့်၏ မိန့်ခွန်းကို မှားယွင်းစွာ တည်းဖြတ်ခဲ့မှုအတွက် ၎င်းတို့အနေဖြင့် တောင်းပန်သော်လည်း နစ်နာကြေးပေးဆောင်မည်မဟုတ်ဟု BBC ဘက်က ပြောဆိုခဲ့ပြီးနောက်တွင် သမ္မတထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ သူတို့ (BBC) ကို ဒေါ်လာ ဘီလီယံ ၁ ဘီလီယံနဲ့ ၅ ဘီလီယံအကြားအထိ တရားစွဲမှာပါ။ နောက်အပတ်လောက်မှာ တရားစွဲမှာပါ။ ဒါကို လုပ်မှရမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ လိမ်လည်ခဲ့တယ်ဆိုတာကိုတောင် သူတို့ ဝန်ခံထားပြီးသားပါ” ဟု သမ္မတထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ BBC ဘက်က […]

ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်ကြောင့် ဂျပန်သံအမတ်ကို တရုတ်ဆင့်ခေါ်

Dawei Watch

November 14, 2025

ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း တရုတ်အစိုးရဘက်က ပြောကြားသည်။ ထိုင်ဝမ်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများပေါ်ပေါက်လာပါက စုပေါင်းကာကွယ်ရေးအနေဖြင့် ထိုင်ဝမ်ကို ဂျပန်တပ်ဖွဲ့များ စေလွှတ်ရန် ခွင့်ပြုသွားနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိသည် ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်လွှတ်တော်တွင် ပြောကြားသည်။ “ထိုင်ဝမ်မှာ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်လာပြီး စစ်သင်္ဘောတွေနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေ ပါဝင်လာရင် ဘယ်လိုပဲစဥ်းစားစဥ်းစား အဲဒါက ဂျပန်နိုင်ငံရဲ့ ရပ်တည်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်” ဟု သူမက ပြောသည်။ နောက်ပိုင်းတွင် အဆိုပါမှတ်ချက်များမှာ စိတ်ကူးသက်သက် မှန်းဆပြောဆိုခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ လွှတ်တော်တွင် အလားတူမှတ်ချက်မျိုး ထပ်မံပြောဆိုခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။ သို့သော် အတိုက်အခံအမတ်တစ်ဦးကမူ သူမ၏ ပြောဆိုမှုကို […]

မြန်မာလုပ်သားများ၏ ဘဏ်အကောင့်များအား လောင်းကစားလုပ်သူများထံရောင်းသော ထိုင်းအေဂျင်စီကို ဝင်ဖမ်း

Dawei Watch

November 14, 2025

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဏ်အကောင့်များကို အလွဲသုံးစားပြုလုပ်ပြီး အွန်လိုင်းလောင်းကစား ပြုလုပ်သူများထံ ရောင်းချနေသော အေဂျင်စီတစ်ခုကို ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CIB က ယနေ့ ထုတ်ပြန်သည်။ အဆိုပါအေဂျင်စီသည် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာတိုးပေး သူများအဖြစ် ဟန်ဆောင်ပြီး ဘဏ်အကောင့်များကို အလွဲသုံးစားလုပ်ကြောင်း ဖော်ပြသည်။ နိုဝင်ဘာလ ၁၁ ရက်က နခွန်ပထုံခရိုင် ဘန်လမ်ဒေသရှိ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးချိန် သံသယရှိသူ အဖွဲ့ဝင် ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ အဆိုပါအဖွဲ့၏ ဘဏ်အကောင့်များတွင် ဘတ် သန်း ၅၀ ကျော် ငွေဝင်ငွေထွက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ယင်းအေဂျင်စီထံမှ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများစွာ ငွေကြေးလိမ်လည်ခံကြရသဖြင့် နိုင်ငံခြားသား အလုပ်သမားများက ရဲတပ်ဖွဲ့ထံ တိုင်ကြားရာမှ ယခုနှစ် ဩဂုတ်လက […]