ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် တောင်းရမ်းသူများကို ဖမ်းဆီးရာ မြန်မာအပါအဝင် ၁၂ ဦးဖမ်းခံရ

Dawei Watch

December 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းမများပေါ်တွင် ငွေတောင်းရမ်းနေသော မြန်မာအပါအဝင် ၁၂ ဦးကို ယမန်နေ့ (ဒီဇင်ဘာလ ၁၂) ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်၏ နာမည်ကြီးဒေသများဖြစ်သော အစုတ်လမ်းဆုံမှတစ်ဆင့် နာနားနယ်မြေအထိ စူကူဗစ်လမ်းမကြီးအတိုင်း နယ်မြေရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် တောင်းရမ်းနေသူများ ပိုများလာနေသဖြင့် ခရီးသွားပုံရိပ်ကို ထိခိုက်နေကြောင်း သတင်းပေးတိုင်ကြားမှုများလာ၍ ကွင်းဆင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ စစ်ဆေးစဉ် လမ်းတစ်လျှောက် ငွေတောင်းခံနေသော ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ လာအို ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် ထိုင်းအမျိုးသမီးတစ်ဦးထံတွင် ငွေသား ဘတ် ၃ သိန်းကျော်ကို တွေ့ရှိခဲ့ပြီး […]

ထိုင်းတွင် ဘတ်အသစ် စာရင်းတင်ခွင့် ဒီဇင်ဘာ ၁၆ မှ ၃၀ ရက်အထိသာ ခွင့်ပြုမည်

Dawei Watch

December 13, 2024

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ဘတ်အသစ်အတွက် အမည်စာရင်း တင်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသည့် သတင်းအချက်အလက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်က ထပ်ဆင့်အသိပေးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုင်းတွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ယင်းကတ်ကို ဘတ်ဟုခေါ်ကြသလို ပန်းရောက်ကတ်ဟုလည်း ခေါ်ကြသည်။ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၊ ဘတ် သက်တမ်းကုန်ဆုံးသူများ၊ တရားဝင် ဝင်ရောက်ခဲ့ပြီးနောက် အလုပ်တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းအစိုးရက အမည်စာရင်းတင်ခွင့်ပြုခြင်း ဖြစ်သည်။ ပထမအဆင့်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ […]

ကေပေါ့ပ်သီချင်းတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်ခဲ့တဲ့ တောင်ကိုးရီးယားဆန္ဒပြပွဲ

Dawei Watch

December 13, 2024

တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်သွားတဲ့ သမ္မတနုတ်ထွက်ရေး လူထုဆန္ဒပြပွဲတွေမှာ အရင်ကနဲ့ မတူဘဲ ကေပေါ့ပ်သီချင်းသံတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ သမ္မတကို ဖြုတ်ချနိုင်ဖို့ အော်ဟစ်တောင်းဆိုတဲ့ ဆန္ဒပြသူတွေက လူကြိုက်များနေတဲ့ သီချင်းတွေနဲ့အတူ ရောင်စုံမီးစတစ်တွေကိုပါ ဝှေ့ယမ်းခဲ့တာပါ။ ယခင်ဆန္ဒပြပွဲပုံစံတွေက အကြမ်းဖက်နည်းဆန်ပြီး ကြောက်ဖို့ကောင်းနေတာကို ရောင်စုံမီးတွေနဲ့ သီချင်းတွေက လူတွေရဲ့ ကြောက်စိတ်တွေကို လျှော့ချပေးတာကို တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ဆန္ဒပြပွဲတွေကို လူစိတ်ဝင်စားလာအောင် ပွဲလမ်းပုံစံ ပြုလုပ်တဲ့အတွက် လူတွေ ပိုပြီး ပါဝင်လာနိုင်စေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ တောင်ကိုးရီးယားသမ္မတရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နောက်မှာတော့ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သမ္မတကို သရော်ထားတဲ့ အလံတွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့အတူ ပြည်သူတွေက ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးတဲ့ ရာသီဥတုကို […]

တနင်္သာရီတိုင်းတွင် မိုးရွာနိုင်ဟု မိုးဇလထုတ်ပြန်

Dawei Watch

December 13, 2024

တနင်္သာရီတိုင်းအတွင်း ဒီဇင်ဘာလ ၁၅ရက်အထိ မိုးရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁၃ရက်တွင် ထုတ်ပြန်သည်။ ယနေ့ နံနက် ၇ နာရီတွင် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ဖော်ပြသည်။ ထို့ကြောင့် တနင်္သာရီတိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၁၃ရက်တွင် နေရာစိပ်စိပ်မိုးရွာနိုင်ပြီး ရွာရန် ရာခိုင်နှုန်းမှာ ၈၀ ဖြစ်ကြောင်း ဆိုသည်။ ယင်းအပြင် တနင်္သာရီတိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်ရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းစသည်တို့ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ “ဒီနေ့မနက်ကတည်းက မိုးရိပ်တက်နေတယ်။ ပစ္စည်း (ကွမ်းသီး) တွေတောင် အကုန်မလှန်းရဲဘူး။ စိုတဲ့ပစ္စည်း (ကွမ်းသီး) လောက်ပဲ့ မိုးအခြေအနေကြည့်ပြီး လှန်းထားတယ်” […]

လောင်းလုံး အင်းဇောက်ရွာစျေးသို့ နွားနို့သွားပို့သည့် အမျိုးသမီးကို စစ်ကောင်စီတပ်ပစ်သတ်

Dawei Watch

December 13, 2024

လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့်တွေ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကြောင်းက ပစ်သတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၅နာရီခန့်တွင် အင်းဇောက်ရွာသူ အဆိုပါအမျိုးသမီးသည် အင်းဇောက်ရွာဈေးသို့ နွားနို့ပို့ရန်အသွား ရွာထဲတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဖြစ်ဖြစ်ချင်း ဆေးရုံသွားဖို့ ကားငှားတာ လိုက်မယ့်သူမရှိတော့ သွေးလွန်ပြီးဆုံးသွားတာ။ အလောင်းကတော့ သူ့အိမ် ပြန်သယ်သွားလိုက်ကြပြီ” ဟု ပစ်သတ်ခံရသည့်အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ အင်အားတစ်ရာကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ရက်ကစပြီး လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ယင်းနေ့တွင်ပင် မင်းရပ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က လမ်းတွင်တွေ့သည့် အရပ်သားများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ […]

သံဖြူဇရပ်တွင် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

December 13, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံတွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ဆိုသူသည် ရော်ဘာခြစ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံသို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် မောင်သက်အောင်ကို မိသားစုဝင်တို့က လိုက်လံရှာဖွေရာမှ ရော်ဘာခြံတွင် မိုင်းထိထားသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူက ပျောက်နေတာ တစ်ပတ်လောက်ရှိတာပေါ့ လိုက်ရှာကြပေမယ့် မတွေ့ဘူး။ နောက်ဆုံးတော့ ရော်ဘာခြံမှာ အလောင်းပြန်တွေ့တယ်။ မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ မောင်သက်အောင် မိုင်းနင်းမိသည့်နေရာသည် […]

ကရင်ပြည်နယ်၊ ဘုရားသုံးဆူတွင် ကလေးပျောက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

December 13, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အသက် ၁၀ နှစ်အောက် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ခံများကလည်း စိုးရိမ်နေကြသည်။ ဘုရားသုံးဆူမြို့ပေါ်တွင် ယခင်က ကလေးပျောက်ဆုံးသည့်ဖြစ်စဉ် ရှိခဲ့သော်လည်း တစ်နှစ်နေမှ တစ်ခါသာ ကြားရလေ့ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလခန့်ကစပြီး ကလေးပျောက်ဆုံးမှု ဆက်တိုက်ကြားလာရကြောင်း မြို့ခံတို့က ပြောသည်။ မြို့ပေါ် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာလအတွင်းမှာပင် ၇ ဦးထက်မနည်း ကလေးပျောက်ဆုံးမှုရှိနေကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ကလေးပျောက်တဲ့ကိစ္စက အခုဆိုရင် မြို့ပေါ်မှာ ရတတ်မအေး ဖြစ်နေရတဲ့ကိစ္စပါ။ အခု ရက်ပိုင်းမှာတောင် ကလေး ၇ ယောက်လောက်ပျောက်နေတယ်။ အများစုက ပြန်မတွေ့သေးဘူးလို့ ပြောတယ်။ သိသလောက်က ပျောက်တဲ့ကလေးတွေအများစုက အသက် ၁၀ နှစ်အောက်တွေ […]

လုံခြုံရေး စိုးရိမ်ရသဖြင့် ရေဖြူ၊ ဇာဒီအုပ်စုမှ ရော်ဘာခြံများ ပစ်ထားရ

Dawei Watch

December 12, 2024

ယခုနှစ်ပွင့်လင်းရာသီ ရော်ဘာလုပ်ငန်းစချိန်တွင် လုံခြုံရေးစိုးရိမ်ရ၍ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် ဇာဒီကျေးရွာအုပ်စုရှိ ရော်ဘာခြံအများစုကို မလုပ်ဘဲ ပစ်ထားရကြောင်း ရော်ဘာခြံရှင်များထံက သိရသည် ။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ပယရွာ ရှားကုန်းနှင့် ဇာဒီရွာအကြားရှိ ရော်ဘာခြံများကို လုံခြုံရေးစိတ်မချသဖြင့် မလုပ်ကိုင်ရဲကြကြောင်း ဇာဒီရွာက ရော်ဘာတောင်သူတစ်ဦးကပြောသည် ။ “ဇာဒီရွာမှာ ရှိတဲ့ ခြံတွေရဲ့ သုံးပုံနှစ်ပုံ ဧက ၅၀ ကျော် လောက်ပစ်ထားရတယ်။ ကျန်တဲ့ရွာ အနောက်ကုန်းဘက်မှာ နည်းနည်းပါးပါး ပြန်လုပ်တဲ့သူတော့ရှိတယ်။ ခြံအကြီးတွေအကုန် ပစ်ထားရတယ်” ဟု ၎င်းကပြောသည်။ ယင်းရော်ဘာခြံနေရာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်ပစ်ခတ်မှု ဖြစ်လေ့ရှိပြီး စစ်ကောင်စီတပ်သားများကလည်း မကြာခဏ လာရောက်ကင်းလှည့်နေသဖြင့် လုံခြုံရေး စိတ်မချရဟု ရော်ဘာတောင်သူများကဆိုသည် ။ ယင်းအပြင် ဇာဒီရွာမှ ကံပေါက်ရွာဘက်သို့ တက်လျှင် […]