တိုက်ပွဲများကြောင့် မြိတ်တွင် အိမ်ခြံမြေအရောင်းသွက်
Dawei Watch
December 11, 2024အာဏာသိမ်းပြီးနောက်ပိုင်း နယ်ဒေသများတွင် တိုက်ပွဲများကြောင့် မြိတ်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ် သိသိသာသာမြင့်တက်လာကြောင်း မြိတ်မြို့ခံများနှင့် အိမ်ခြံမြေရောင်းဝယ်နေသူအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစတင်ကာ တစ်နှစ်ထက်တစ်နှစ် အရောင်းအဝယ်ပိုများလာကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်နေသူအချို့က ဆိုသည်။ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်နေသူများသည် မြိတ်မြို့တွင် အိမ်ခြံမြေဝယ်ယူကာ ပြောင်းရွှေ့နေထိုင်ကြသည့်အတွက် အရောင်းအဝယ်သွက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောပြောသည်။ အဆိုပါဒေသအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်ထိန်ချုပ်နိုင်ရန် တောက်လျှောက်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုအခြေအနေများကြောင့် ၂၀၂၃ ခုနှစ်နှင့် ယနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ပိုမိုမြင့်တက်ခဲ့ကြောင်း မြို့ခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ သိရသည်။ “အရောင်းအဝယ်က အတော်ဖြစ်နေတာ။ တချို့ဆို တစ်နှစ်ကို (အိမ်ခြံမြေ) တစ်ဆယ်ကျော်အထိ အလုပ် (အရောင်းအဝယ်) ဖြစ်နေတယ်” […]


