တရားမဝင် ဝင်လာသော မြန်မာများစီးလာသည့်ကား ထိုင်းရဲကားကိုဝင်တိုက်၊ ရဲတစ်ဦးသေဆုံး
Dawei Watch
December 18, 2024ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာသော ကားတစ်စီး သည် ထိုင်းရဲတပ်ဖွဲ့ကားကို ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၇ ရက်ညက မြန်မာနိုင်ငံသားများ စီးနင်းလာသော ပစ်ကပ်ကားသုံးစီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်ပြေး လာပြီးနောက် တစ်စီးက ထိုင်းရဲတပ်ဖွဲ့ဝင်ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများ တရားမဝင် ဝင်လာကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ဂိတ်ချ စစ်ဆေးနေခြင်းဖြစ်သည်။ ည ၁၁ နာရီအချိန်ခန့်တွင် ကားသုံးစီးသည် အမြန်လမ်းအတိုင်း လာနေစဉ် စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ရန် အချက်ပြသော်လည်း အရှိန်မလျှော့ဘဲ ဖြတ်မောင်းသွားခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။ ဂိတ်တွင် ကားတာယာဖောက်ရန် ခင်းထားသော အပြားကိုလည်း ချထားသဖြင့် ကားတစ်စီးသည် ထိုအပြားကို […]


