ရေဖြူမြို့နယ်ရှိ ရော်ဘာခြံတစ်ခြံတွင် မိုင်းကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ
Dawei Watch
December 17, 2024ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ပယရွာနှင့် ဇာဒီကျေးရွာအုပ်စု အကြားရှိ ရော်ဘာခြံတစ်ခြံတွင် ဒီဇင်ဘာလ ၁၄ ရက်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ရွာသားများထံကသိရသည် ။ အဆိုပါပေါက်ကွဲမှုကြောင့် ဥယျာဥ်ခြံအတွင်းသွားလာနေသည့် အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး ၏ ပေါင်တွင် ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည် ။ “မိုင်းကွဲတာနဲ့ လူနဲ့လှမ်းတော့ အစစင်သလိုပဲ ထိသွားတယ်။ ပေါင်မှာ အသားကိုပဲထိတာ အရိုးနဲ့အကြောတွေကိုမထိဘူး ။ ရွာမှာပဲ ဆေးကုနေတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောပြသည် ။ ပေါက်ကွဲသည့် မိုင်းပုံစံမှာ ကားလမ်းမ နံဘေးနှင့် ရော်ဘာခြံအစပ်တွင် ကြိုးဖြင့် ထောင်ထားသည့် မိုင်းပုံစံဖြစ်ပြီး မိုင်းပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံးသွားလာ လှုပ်ရှားနေကြသဖြင့် မည်သည့်ဘက်ကထောင်သည့် […]


