ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင် ယနေ့ပြန်လွတ်
Dawei Watch
December 19, 2024ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေသည် လွတ်ရက်စေ့သဖြင့် ယနေ့ ထားဝယ်အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုထံမှ သိရသည်။ အသက် ၆၆ နှစ်အရွယ် ဦးအောင်ဖေသည် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပြီး မိသားစုက သွားရောက်ကြိုဆိုခဲ့ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ “အိမ်ပြန်ရောက်နေပြီ။ ကျန်းမာရေးကတော့ အရင်ကတည်းက အဖေက လူကြီးဆိုတော့ ရောဂါအခံတွေရှိတယ်။ ထောင်ထဲမှာက အနေအစားဆင်းရဲပြီးနေခဲ့ရတော့ ခဏအနားယူပြီးရင် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးဖို့ လုပ်ထားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည် ။ ဦးအောင်ဖေကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် လောင်းလုံးမြို့နယ် ပြင်းထိန်ရွာရှိ နေအိမ်၌ […]


